Monday, November 16, 2015

ဒီချုပ် ရွေးကောက်ပွဲနိုင်ခြင်း၏ကောင်းကျိုး ပြည်ပရောက်မြန်မာလုပ်သားများ စတင်ခံစားရ

ရွေးကောက်ပွဲတွင် ဒေါ် အောင်ဆန်းစုကြည်၏အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရရှိမှု ကြောင့် ဒေသတွင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သားများအပေါ် အလုပ်ရှင်များက ပြောဆိုဆက် ဆံမှုပြောင်းလဲလာပြီး လုပ်အားခ လစာ တိုးမြှင့်ပေးမှုများ ရှိနေ ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသား အများ စုသွားရောက်လုပ်ကိုင်နေသော ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ အလုပ်ရှင်များက ဒီချုပ်အနိုင်ရရှိသွားကြောင်း သိရှိ၍ မြန်မာ လုပ်သားများအပေါ် ဂုဏ်ပြုစကားများ ပြောကြားပြီး ဆက်ဆံမှုများလည်း ပြောင်းလဲလာခဲ့ကြောင်း ယင်းနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသောမြန်မာ လုပ်သားများက ပြောသည်။

‘‘အစ်မတို့ သူဌေးဆိုရင် ဂုဏ်ယူကြောင်း ခဏခဏ လာ ပြောတယ်။ အားလုံးကလည်း ဆက်ဆံရေး တစ်မျိုးပြောင်းလာ တယ်။ အရင်တုန်းက မြန်မာဆို ရင် မသိဘူး။ အခု အမေစုနိုင်မှ သိသွားကြတာ။ လစာတို့၊ အချိန် ပိုကြေးတို့ တိုးပေးကြတာတွေရှိ တယ်။ အစ်မတို့ ထင်တာတော့ အမေစုမျက်နှာကြောင့်လို့ ထင် တယ်။ နောက်ပြီးပြောကြတယ်။ မေးကြတယ်ပေါ့။ နင်တို့ ဒေါ် အောင်ဆန်းစုကြည်နိုင်သွားတော့ ပြန်ကြမှာပေါ့။ ပြန်မှာလားလို့မေး ကြတယ်။ ငါတို့ကလည်း အလုပ် သက်တမ်းကုန်ရင် ငါတို့နိုင်ငံပဲ ပြန်ကြမှာပေါ့။ ဒီမှာနေတယ်ဆို တာလည်း ခဏပဲနေတာပေါ့လို့ ပြောကြတယ်။ သူတို့ကလည်း ပြောကြတယ်။ နောက်ဆိုရင် နင် တို့နိုင်ငံကို ငါတို့အလုပ်လာလုပ်ရ မှာလို့ပြောတယ်’’ ဟု စင်ကာပူရှိ အိမ်တွင်းမှုသင်တန်းနှင့် အလှ အပဆိုင်ရာ ဖန်တီးမှုသင်တန်း ကျောင်း၌ အလုပ်လုပ်ကိုင်နေသူ မအိမ့်သဉ္ဇာထွန်းက ပြောကြားသည်။

‘‘စင်ကာပူသူဌေး အားလုံး နီးပါးက သူ့မြန်မာအလုပ်သမား အားလုံးက NLD ကို မဲပေးတာ သိကြတယ်လေ။ ကိုယ့်ကုမ္ပဏီ မဟုတ်တဲ့ တခြားကုမ္ပဏီအလုပ် ကိစ္စအစည်းအဝေးတွေမှာဆို သူ တို့ဆီက သူဌေး(ဒါမှမဟုတ်)မန် နေဂျာတွေက လက်ဆွဲနှုတ်ဆက် တာတွေ ခံရတယ်။ မြန်မာနိုင်ငံ အပေါ် ဂုဏ်ယူကြောင်း လာလာ ပြောကြတယ်’’ဟု စင်ကာပူနိုင်ငံ ရှိ စီမံကိန်းအင်ဂျင်နီယာ ကိုလင်း အောင်က ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ အ လုပ်ရှင်များကလည်း မြန်မာနိုင်ငံ ၏ပြောင်းလဲမှုအပေါ်စောင့်ကြည့် လျက်ရှိပြီး အချို့လုပ်ငန်းများ သည် မြန်မာလုပ်သားများအပေါ် ရက်မှန်ကြေးများ စတင်ပေးနေ ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန် ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြော ကြားသည်။

‘‘ပြောနေကြတာတော့ ရှိ တယ်။ သူဌေးတွေက စောင့်ကြည့် နေကြတယ်။ လစာတိုးပေးတာ တော့ မရှိသေးဘူး။ အခုဆို အ လုပ်ရှင်တွေက ရက်မှန်ကြေးတွေ စပေးနေပြီ။ ဒေါ်အောင်ဆန်းစု ကြည်နိုင်ပြီးမှဆိုတော့ တိုက်ဆိုင် တာလား၊ ဘာလားတော့မသိဘူး’’ ဟု ဦးစိန်ဌေးက ပြောသည်။

မလေးရှားနိုင်ငံရှိ အလုပ်ရှင် အချို့ကလည်း ၎င်းတို့၏မြန်မာ လုပ်သားများနှင့် တွေ့ဆုံပြီး ဂုဏ် ပြုပြောကြားမှုများရှိကြောင်း ကွာ လာလမ်ပူမြို့ရှိ ဖန်စက်ရုံတစ်ရုံ ၌ လုပ်ကိုင်နေသော ကိုမြင့်ဝင်းက ပြောသည်။ ‘‘အလုပ်သမားတွေ ကို အလုပ်ရှင်တွေက ပြောတာ ပေါ့။ ဒေါ်အောင်ဆန်းစုကြည် နိုင် တယ်။ ငါတို့အားကျတယ်။ ကျေ နပ်တယ်ပေါ့။ မင်းတို့ကိုလည်း ငါတို့ အားကျတယ်လို့ ပြောကြ တယ်။ အလုပ်ရှင်တွေကိုယ်တိုင် က ဂုဏ်ယူကြောင်း ပြောကြ တယ်။ နောက်ဆို မင်းတို့နိုင်ငံကို ငါတို့က လာပြီး အလုပ်လုပ်တော့ မှာလို့ ပြောတယ်’’ဟု ကိုမြင့်ဝင်း က ပြောသည်။
7 day

No comments:

Post a Comment