Monday, November 16, 2015

ပြည်မြို့တစ်ဖက်ကမ်း ပရဟိတတောင်ကုန်းတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးကျောက်စာတိုင် စိုက်ထူ

ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ် ရွှေဘုံသာ ကျေးရွာအုပ်စုရှိ ပရဟိတတောင် ကုန်းပေါ်တွင် နိုဝင်ဘာ ၁၅ ရက်က ဘာသာပေါင်းစုံငြိမ်းချမ်းရေး ပရဟိတကျောက်စာတိုင် စိုက်ထူခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် ရည်ရွယ်ပြီး နာရေးကူညီမှုအသင်း ရန်ကုန်ဥက္ကဋ္ဌ ဦးကျော်သူတည် ထားကိုးကွယ်သည့် မဟာပဏ္ဍိတ ပရဟိတ အောင်တော်မူစေတီ တော်မြတ်ကြီး၏ တောင်ဘက်ရှိ အောင်မြေ၌ ဘာသာပေါင်းစုံနှင့် ပရဟိတအသင်းအဖွဲ့များတက် ရောက်ဖွင့်လှစ်စိုက်ထူခဲ့ခြင်း ဖြစ် သည်။

‘‘မြန်မာနိုင်ငံတင်မကပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေဟာ ဗြဟ္မစိုရ်တရားတွေ ကင်းမဲ့ကြ တယ်။ စစ်ပွဲတွေ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်ကြတယ်။ ဒါတွေ ငြိမ်းချမ်းဖို့အတွက် ကျောက်စာတိုင်လုပ်ဖို့ စဉ်းစားမိတယ်။ ဘုရားသခင်တိုင်းက ငြိမ်းချမ်းရေး ကို ချစ်တယ်။ လိုလားတယ်။ ဒါ ကြောင့် ဘာသာကြီးလေးမျိုးက ဘုရားသခင်တွေရဲ့ စကားကိုလိုက်နာပြီး ငြိမ်းချမ်းရေး ကျောက်စာတိုင်စိုက်ထူတာဖြစ်တယ်’’ဟု ဦးကျော်သူက ဆက်လက်ပြော ကြားသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေး ပရဟိတကျောက်စာတိုင် စိုက်ထူခြင်းအခမ်းအနားတွင် ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာ သာရေးခေါင်းဆောင်များက ငြိမ်း ချမ်းရေးစကားများအသီးသီးပြော ကြားခဲ့ကြသည်။

ဘာသာပေါင်းစုံငြိမ်းချမ်း ရေး ပရဟိတကျောက်စာတိုင် တွင် ဦးကျော်သူ၏ ငြိမ်းချမ်းရေး စာသားပရဟိတဥဒါန်းကျောက် စာများ ပါဝင်ပြီး ပင်မလက်သဏ္ဍာန်တစ်ခုအား ဘာသာကြီး လေးမျိုးကို ကိုယ်စားပြုသည့် လက် လေးချောင်းမှ ယှက်ဖြာဆက်နွှယ် ထားသည့် ပုံသဏ္ဍာန်ဖြင့် ပုံဖော် ထားသည်။
7 day

No comments:

Post a Comment