Monday, January 11, 2016

သစ်တောပြုန်းတီးမှု ကာကွယ်ရန် စနစ်မကျသည့် သစ်ခုတ်လှဲစနစ် ဖျက်သိမ်းမည်

သစ်ထုတ်လုပ်ရာတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော ခုတ်လှဲပြီးသစ်ကိုသာ တံဆိပ်ရိုက် ရောင်းချသည့်စနစ် Modified Procedure ကို ယခုနှစ် သစ်ထုတ်ရာသီမှစ၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။
သစ်တောများမှ တိုင်းပြည် ၀င်ငွေရှာဖွေခဲ့သည့် နှစ်များအ တွင်း သစ်မထုတ်လုပ်မီ သတ် မှတ်ဧရိယာရှိ ကန့်သတ်လုံးပတ် ပြည့်မီသော သစ်ပင်များ ရွေးချယ် ၍ တံဆိပ်ကပ် ပင်ထောင်ရိုက် သည့်စနစ်ကို ပယ်ဖျက်ကာ ခုတ် လှဲပြီးသစ်ကိုသာ တံဆိပ်ရိုက် ရောင်းချသည့် Modified Procedure စနစ်ကို ကျင့်သုံးခဲ့ သည်။
‘‘အခုနှစ် သစ်ထုတ်ရာသီမှာ အဲဒီစနစ်ရပ်ဆိုင်းဖို့ အမိန့်ကျ လာတယ်’’ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိစနစ်ကို ရပ်ဆိုင်းပြီး မြန်မာ့ရွေးချယ်ခြင်းစနစ်ကိုအစိုးရက ပြင်ဆင်နေခြင်း ဖြစ်သည်။ သစ်တောပြုန်းတီးမှု မြန်ဆန်နေသော မြန်မာ နိုင်ငံ၏သစ်တောဖုံးလွှမ်းမှုကို ထိန်းသိမ်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

‘‘မြန်မာ့ရွေးချယ်ခြင်း စနစ်လို့ ခေါ်တယ်။ နှစ်စဉ်တော ထွက်ကို အခြေခံပြီး သစ်မထုတ်ခင် သတ်မှတ်ဧရိယာမှာ ကန့်သတ်လုံးပတ်ပြည့်မီတဲ့အပင်တွေကို သစ်တော ၀န်ထမ်းတွေက တံဆိပ်မှတ်မယ်။ ပင်ထောင်ရိုက်မယ်။ အဲဒီအတိုင်း ထုတ်ရမှာ။ အရင်တုန်းကတော့ အဲဒီလို မထုတ်ကြဘူး။ သူတို့ထုတ်ပြီးသား သစ်ကိုသစ်တောက တံဆိပ်ကပ်လိုက်တယ်။ အဲဒါဆို ရောင်းလို့ရပြီ။ အခုက အဲဒီလို လုပ်လို့မရတော့ဘူး’’ဟု သစ်တောဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ရွေးချယ်ခြင်း စနစ် သည် ဗြိတိသျှခေတ်က ကျင့်သုံး ခဲ့သည့် စနစ်ဖြစ်သော်လည်း မြန်မာ့သစ်များ ပြည်ပသို့ စီးပွား ဖြစ်ထုတ်လုပ်ရောင်းချခဲ့သည့် စစ်အစိုးရခေတ်၌ ယင်းစနစ်ကျင့်သုံးခြင်းမရှိတော့ကြောင်း သစ်တောဝန်ထမ်းများက ပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခဲ့သည့် ၂၀၁၄ ဧပြီ ၁ ရက်မတိုင်မီ လေးနှစ်က မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှု နှင့် နှိုင်းယှဉ်ပါက ငါးနှစ်အတွင်း သစ်ထုတ်လုပ်မှု ပမာဏများခဲ့ပြီး ဟက်တာ ၂၀ ဒသမ ၄ သန်း ထုတ်လုပ်ခဲ့သည်။

၂၀၁၀ တွင် မြန်မာ့သစ် တောကြီးများမှ သစ်ဟက်တာ ၁၉ ဒသမ ၆ သန်းထုတ်လုပ်ခဲ့ သော်လည်း ယင်းနှစ်မှစ၍ ၂၀၁၅ အထိ ငါးနှစ်အတွင်း သစ်ဟက် တာ ရှစ်သိန်းကျော်ပိုထုတ်ခဲ့ ကြောင်း ကုလသမဂ္ဂကမ္ဘာ့စား နပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က စက်တင်ဘာ ၈ ရက်တွင် ထုတ် ပြန်ခဲ့သည်။

၁၉၉၀ တွင် ထုတ်လုပ်ခဲ့ သော သစ်ထုတ်လုပ်မှု ပမာဏ နှင့် နှိုင်းယှဉ်ပါက ယခုငါးနှစ်အ တွင်း ၂၀၁၀-၂၀၁၅ သစ်ထုတ် လုပ်မှုသည် မြင့်မားနေဆဲဖြစ် သော်လည်း သစ်အများဆုံးထုတ် လုပ်ခဲ့သည့် ၂၀၀၀ နှင့် နှိုင်းယှဉ် ပါက တဖြည်းဖြည်းလျော့နည်း လာသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့က ဆိုသည်။
7 day

No comments:

Post a Comment