Monday, January 25, 2016

အခွန်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

အခွန်မဆောင် ထားသော ကုန်စည်များ လက် ဝယ်ထားရှိမှုများကို သတင်းပေး သူအား ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ၊ရှာဖွေဖမ်းဆီးသည့်အဖွဲ့အား ဒဏ်ငွေ၏ ၂၀ ရာခိုင်နှုန်းချီးမြှင့်မည့် အခွန်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။အထက်ပါအချက်ကို ပြင် ဆင်ဖြည့်စွက်ထားသည့် ၂၀၁၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ဇန်နဝါရီ ၂၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အ တည်ပြုခဲ့ခြင်းဖြစ်သည်။
ဖော်ပြပါ ကိစ္စရပ်နှင့်ပတ် သက်၍ သတင်းပေးတိုင်ကြားသူ များ၏ အချက်အလက်များ၊ မည် သူမည်ဝါဖြစ်ကြောင်း ဆိုင်ရာ များကို အစိုးရကိစ္စမှတစ်ပါး လုံးဝ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက် ထားရန် အတည်ပြုခဲ့သည့် ဥပဒေကြမ်း၌ ထည့်သွင်းဖြည့်စွက်ထား သည်။ ထိုကဲ့သို့ ပြင်ဆင်အတည်ပြု ခဲ့သောအချက်ကြောင့် တရား မဝင်ကုန်စည်များ လျော့နည်းသွားနိုင်သော်လည်း အမှန်တကယ် အောက်ခြေတွင် ဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ တိကျစွာဆောင်ရွက်နိုင်မှသာ ထိရောက်နိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ ပြောသည်။

အတည်ပြုခဲ့သည့် အခွန်အ ကောက်ဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်တွင်းထုတ် စီးကရက်များကို တစ်ဘူးတန်ဖိုးချင်းအပေါ်မူတည်ကာ စီးကရက်တစ်လိပ်ချင်းအ လိုက် အခွန်စည်းကြပ်ထားပြီး ပြည်ပက တင်သွင်းသည့် စီးက ရက်များ အပြီးသတ် တန်ဖိုး၏ ၁၂၀ ရာခိုင်နှုန်းကောက်ခံရန် ထည့်သွင်းထားသည်။ ကျွန်းသစ် များ၊ သစ်မာသစ်ခွဲသားများကို တန်ဖိုး၏ ၂၅ ရာခိုင်နှုန်း၊ ကျောက် မျက်ရတနာအရိုင်းထည်များကို ၂၀ ရာခိုင်နှုန်း၊ ရေနံဆီ၊ ဓာတ်ဆီအစရှိသည့် စက်သုံးဆီများကို ၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၈ ရာခိုင်နှုန်း စသည့်အခွန်နှုန်းထားများဖြင့် ကောက်ခံမည်ဖြစ်သည်။ အဆိုပါအတည်ပြုသည့် ဥပဒေကြမ်းသည် လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ရေးဆွဲထားခြင်းဖြစ်ပြီး ၂၀၁၆ ဧပြီ ၁ ရက်မှစတင်ကာ အကျိုးသက်ရောက်မှုရှိ မည်ဖြစ်သည်။
7 day

No comments:

Post a Comment