Tuesday, January 26, 2016

ဘိန်းခင်းဖျက်သည့်အဖွဲ့နှင့် ဘိန်းခင်းပိုင်ရှင်များ တင်းမာမှုဖြစ်ပွားပြီးနောက် ဘိန်းခင်းဖျက်ရန်သဘောတူ

ဘိန်းခင်းဖျက်ဆီးရန် သွားရောက်သည့် အဖွဲ့များနှင့် ဘိန်းခင်းပိုင်ရှင်များ တင်းမာမှု ဖြစ်ပွားသောကြောင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဦး ဆောင်ညှိနှိုင်းဖြေရှင်းခဲ့ပြီး ဘိန်း ခင်းဖျက်ဆီးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ကချင်ပြည်နယ် အထူးဒေသ(၁) တွင် ပါဝင်သော ဆဒုံးမြို့ နယ်နှင့် ချီဖွေမြို့နယ်ကြား ရှမ်း ကျူးကျေးရွာမှ ဘိန်းခင်းများအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လူထု အခြေပြု မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဖျက် ဆီးမည့် အစီအစဉ်ကို ဒေသခံ ဘိန်းခင်းပိုင်ရှင်များက တားဆီး ရာမှ တင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။‘‘ဘိန်းခင်းတွေ ဖျက်ဖို့ စီစဉ် တာမှာ တားဆီးမှုလုပ်တာတွေ ရှိလာတယ်။ ပြဿနာတစ်စုံတစ် ရာမဖြစ်အောင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဦဆောင်ပြီး သွားဖြေရှင်းပေးခဲ့တယ်။ ဘိန်းက ကောင်းကျိုးမပေးဘဲ ဒီလိုဖျက်ဆီးတာဟာ အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်တဲ့အကြောင်း သေ ချာရှင်းပြခဲ့တယ်’’ဟု ကချင်ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦး က ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန် က ရှမ်းကျူးကျေးရွာ၌ ဇန်န၀ါရီ၂၅ ရက်တွင် ဘိန်းခင်းပိုင်ရှင်များ ကို တွေ့ဆုံညှိနှိုင်းခဲ့ပြီး ဘိန်းခင်းများကို ဇန်န၀ါရီ ၂၆ ရက်တွင် ဖျက်ဆီးမည်ဖြစ်ကြောင်း ရဲမှူးကြီး ချစ်ဦးက ပြောသည်။

ရှမ်းကျူးရွာမှ ဘိန်းခင်းများ ကို ဇန်န၀ါရီ ၂၄ ရက်မှစတင် ဖျက်ဆီးရန် စီစဉ်ခဲ့သော်လည်း ဘိန်း ခင်းပိုင်ရှင်များနှင့် ပြည်သူ့စစ်အ ဖွဲ့များက ခြိမ်းခြောက်သောကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့ ကြောင်း ဆဒုံးမြို့နယ်မှ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက် ရေးအဖွဲ့ဝင်တစ်ဦး ကပြောသည်။လူထုအခြေပြုမူးယစ်ဆေး ၀ါးတိုက်ဖျက်ရေးအဖွဲ့ဝင် တစ် ထောင်ကျော်က ဦးဆောင်ဖျက် ဆီးမည်ဖြစ်ပြီး တပ်မတော်နှင့် ရဲ တပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပေး မည်ဖြစ်သည်။ ဘိန်းခင်းပိုင်ရှင် များက ဖျက်ဆီးခံရသော ဘိန်းသီးနှံတန်ဖိုးကို ပြန်လည်ရယူလို သည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment