Tuesday, March 15, 2016

ဘွဲ့လက်မှတ်အတုဖြင့် YTU တွင် လေးနှစ်ကျော်ကြာ ဧည့်ပါမောက္ခတာဝန် ထမ်းဆောင်ခဲ့သူကို အသင်းမှ ထုတ်ပယ်

ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) တွင် လေးနှစ်ကျော်ကြာ ဧည့် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူတစ်ဦး၏ ဘွဲ့လက်မှတ် အတုဖြစ်နေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက အ သင်းသားအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်မှာ ဦးတင် ထွန်းဖြစ်ပြီး ၁၉၉၁ RIT- BE Civil, M.Sc, Ph.D (Project Management) ဘွဲ့ရရှိထားသည် ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြထားသည်။ ၎င်းသည် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) တွင် ၂၀၁၂ မှစတင်၍ ဧည့်ပါမောက္ခအဖြစ် အင်ဂျင်နီ ယာနှင့် မဟာအင်ဂျင်နီယာတန်း ကျောင်းသူ၊ ကျောင်းသားများ အား Project Management အ ဖြစ် စာသင်ကြားပေးခဲ့ကြောင်း အင်ဂျင်နီယာအသိုင်းအ၀ိုင်းမှ စုံ စမ်းသိရှိရသည်။
ဒေါက်တာ တင်ထွန်းသည် မြန်မာအင်ဂျင်နီယာ ကောင်စီ (Myanmar Engineering Coucil) က ၂၀၁၄ ဧပြီလတွင် အသိ အမှတ်ပြု အင်ဂျင်နီယာလက်မှတ် (PE)နှင့် အာဆီယံအသိအမှတ်ပြု PE (ACPE) လက်မှတ်ရရှိထား သူဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီ ယာအသင်းနှင့် မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီ၌ အဖွဲ့ဝင်အ ဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
၎င်းသည် မြန်မာနိုင်ငံအင် ဂျင်နီယာ အသင်းတွင် ဗဟို ကောင်စီဝင်ဖြစ်ရန် ၂၀၁၅ ဇန်န ၀ါရီအတွင်း လျှောက်လွှာတင်ခဲ့ ရာမှ ဘွဲ့လက်မှတ်မူရင်း တင်ပြ နိုင်ခြင်း မရှိ၍ လေ့လာစုံစမ်းရာ စက်မှုတက္ကသိုလ်၌ ၁၉၈၁ တွင် ဘွဲ့ရရှိခဲ့သည်မှာ မဟုတ်မှန် ကြောင်းတွေ့ရှိခဲ့ရ၍ အသင်းမှ ထုတ်ပယ်ခဲ့ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ သတင်း ရရှိသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ အသင်းသား ဒေါက် တာ တင်ထွန်းသည် အသင်း၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်း မျဉ်း အခန်း(၄) အပိုဒ်ခွဲ (ဂ) (အသင်း၏ လုပ်ငန်းစဉ်နှင့် ရည် ရွယ်ချက်ကို ဆန့်ကျင်လျက် အ သင်း၏အကျိုးစီးပွားကို ထိခိုက် အောင်ပြုမူဆောင်ရွက်သောအ ခါ) လည်းကောင်း၊ (၁၂/၂၀၁၅) ဗဟိုကော်မတီအစည်းအဝေးဆုံး ဖြတ်ချက်အရ ၎င်းအားအသင်း သားအဖြစ်မှလည်းကောင်း ရပ်စဲ ခဲ့ကြောင်း ဇန်န၀ါရီအတွင်း ထုတ် ပယ်ခဲ့သည်။
‘‘အသင်းအနေနဲ့ သူ့ကိုအ သင်းသားတစ်ယောက်နဲ့ရှိရမယ့် ကျင့်ဝတ်နဲ့မညီလို့ ထုတ်ပယ် လိုက်တာပါ။ အင်ဂျင်နီယာတစ် ယောက်မှာရှိရမယ့် ကျင့်ဝတ်နဲ့ အသင်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ထုတ်ပယ်ထားတာပါ’’ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြော သည်။ ဒေါက်တာတင်ထွန်းသည် ၎င်းတင်ပြသည့် ၁၉၈၁ RIT-BE (Civil) ဘွဲ့လက်မှတ်သည် မ ဟုတ်မှန်ကြောင်း ပေါ်လွင်သော ကြောင့် ၂၀၁၅ ဒီဇင်ဘာ ၁ ရက် တွင် ကော်မတီအဖွဲ့ဝင် (MES- M/C) မှ အရန်အသင်းသား (AF) အဖြစ် ပြောင်းရွှေ့သတ်မှတ် ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်းက ၂၀၁၅ ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည်။
‘‘သတင်းကြားပြီး စိစစ်ရန် ဆက်သွယ်တဲ့အခါ ဦးတင်ထွန်း အား အဆက်အသွယ်မရခဲ့ပါ။ ၎င်းအား ၂၀၁၅ အောက်တိုဘာ တွင် ထုတ်ပယ်ပြီးဖြစ်ပြီး သတင်း စာတွင်ဖော်ပြရာတွင် မပါဝင်ပါ။ လက်ရှိ MEngC က ယခင်ဦးသန်း မြင့်ထုတ်ပေးထားတဲ့ PE လက် မှတ်ကို တစ်လအတွင်းပြန်အပ် ခိုင်းထားတယ်။ မအပ်လျှင်တရား စွဲအရေးယူသွားရန် ဆောင်ရွက် လျက်ရှိတယ်။ ရန်ကုန်မြို့တွင် လက်မှတ်အတု၊ နိုတြီအတုများ အစစ်နဲ့မခြားအောင် လုပ်ဆောင် နေသောဆိုင်များလည်းရှိနေ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။
ဒေါက်တာ တင်ထွန်းထံသို့ 7Day သတင်းစာက ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော် လည်း ပြန်လည်ဖြေကြားခြင်းမရှိ ခဲ့ပေ။
7 day

No comments:

Post a Comment