ပြည်တွင်းစစ်
……………………………………..
ငါ့အိပ်မက်ကိုလည်းမက်ခွင့်ပြုပါ
မင်းအိပ်မက်ကိုလည်းခံစားခွင့်ပြုပါ
ရာသီတွေကမတည်ငြိမ်သေးဘူး
ကောင်းကင်ယံကကြယ်စင်တွေလည်းကြွေနေဆဲပေါ့။
လင်းကြက်တွန်သံတွေကခက်တိတ်တိတ်ပါပဲ
တည်ငြိမ်သလို မတည်ငြိမ်သလိုရေလှိုင်းကြားက
ဗေဒါပင်ငယ်လေးတွေကလက်လှုပ်လှုပ်
သံစဉ်လိုက်ဖို့စောင့်နေကြသူတွေကအများသား
ရေးလိုက်ခြစ်လိုက်ကြတဲ့ကျောင်းသားလေးတွေ
“ယုံလိုက် ယုံလိုက်”လို့ဆိုပြီးရေထဲဆင်းသွားကြတာ
ပြန်လာတော့ ငါးစာ တွေနဲ့ပေါ့..။
ချက်မယ် ပြုတ်မယ်ဆိုတုန်းအိုးဖွင့်လိုကတော့
ကြွက်မစုံတွဲကစိတ်ဆိုးသွားပြန်ပါလေရော
ခက်မိပါရဲ…………….
အပြင်ဘက်ကိုကြည့်မိတော့လည်း
နွားသိုးတစ်ရှည်းကမျက်စောင်းတွေထိုးလို့ပါလား
တငွေ့ငွေ့လောင်နေတဲ့စပါးကျီတိုက်ကြီးကို
မကြည့်မိဖို့လည်းအားတွေတင်ထားနေမိပြီ၊
သားသားဗိုက်ဆာပြီဖေဖေ
သမီးထမင်းစားချင်တယ်ဖေဖေ
သံစဉ်မညီ၊ကဗျာမပီတဲ့အသံဗလံတွေက
ငါ့နားထဲမှာပဲ့တင်ထပ်လို့ပေါ့…။
တဝုန်းဝုန်း တဒိုင်းဒိုင်းအသံတွေကြားမှာ
ကိုယ်ထည်တစ်ခုကိုဘေးမှာလွယ်ရင်း
ချောင်ကျကျနေရာလေးတစ်ခုမှာ
ဖျာစုတ်လေးတစ်ခုကိုခင်းရင်း
ဟောင်းနွမ်းတဲ့စောင်လေးခြုံကာ
အိပ်မက်တစ်ခုကိုမက်နေခဲ့မိပါရဲ့
အဲဒါ………………..
“ပြည်တွင်းစစ်တွေငြိမ်းချမ်းပါရစေ”တဲ့…
No comments:
Post a Comment