Friday, July 20, 2012

စစ်ဘေးဒုက္ခသည်များအား အမေရိကန်မှ ခြောက်လစာ ဆန်ထောက်ပံ့မည်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်သူများအား စားနပ်ရိက္ခာထောက်ပံ့သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၃ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ဇူလိုင်လ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။
ဤအကူအညီကို ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှတဆင့် ကူညီနိုင်ဖွယ် ရှိပါသည်။ UNHCR သည် ကချင် ဒုက္ခသည်များအတွက် ထိရောက်သော အကူအညီပေးနိုင်ရန် လိုအပ်ပါက တရုတ်အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းဖွယ်ရာ ရှိပါသည်။



အမေရိကန် အနေဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုများ တိုးတက်လုပ်ဆောင်သည်နှင့်အမျှ ဖွံဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို တိုးမြှင့်ပေးအပ်သွားမည်ဟု အမေရိကန်သံအမတ် Mr. Derek J.Mitchell ကယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
" ကျွန်တော်တို့ အနေနဲ့ ယုံကြည်တာက ဒီတာဝန်သိတတ်မှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေဟာ ကာလရှည်ကြာစွာ စီးပွားရေး အကျိုးအမြတ်တွေကို နှစ်နိုင်ငံပြည်သူတွေအတွက် ဖြစ်စေမှာပါ"ဟု ၎င်းကဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နေရပ်ရှောင် စစ်ဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာသုံးသန်းတန်ဖိုးရှိသော စားနပ်ရိက္ခာများကိုUSAIDမှတဆင့် WFP၏အစီအစဉ်ဖြင့် အကူအညီပေးအပ်သွားမည်ဟု ပြောသည်။ ၃၄၀၀ မက်ထရစ်တန်ချိန်ရှိသော ဆန်တန်ချိန်များကို ၀ယ်ယူ၍ ၅၅၀၀၀ ရှိသော လူဦးရေအတွက် ၆လစာခန့်ရနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဖြစ်ရာ သမ္မတအိုဘားမားနှင့် တွေ့ ဆုံဖြစ်၊ မဖြစ်ကို ၎င်းအနေဖြင့်သေချာစွာ မပြောနိုင်ဟု အမေရိကန်သံအမတ် Mr. Derek J.Mitchellက ပြောသည်။
" ကျွန်တော်အနေနဲ့ သမ္မတအိုဘားမားရဲ့ schedule ကို သေချာမသိတဲ့အတွက် မပြောနိုင်ပါဘူး"ဟု ပြောသည်။သို့သော်၎င်းအနေဖြင့် သေချာပြောနိုင်သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် နာမ်မည်ကျော် Hero တစ်ဦးဖြစ်သည့်အလျှောက် သူမအနေဖြင့်လိမ္မာပါးနပ်စွာဖြင့် ချိတ်ဆက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

No comments:

Post a Comment