Saturday, July 28, 2012

ပြည်ချစ်သား စဉ်းစားစေချင်သည် (၂)

 from - http://dr-myochit.blogspot.com 

 ( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)

 ပြည်ချစ်သား စဉ်းစားစေချင်သည် (၂)

၂-၂-၂ဝဝ၁၂ ရက်နေ မှာလဲတာ လောကြီးက ကလေး ၁၂  ယောက်ကို ဖမ်းသွားပြီး မိန်းကလေး ၄  ယောက်ကို  အဓမ္မပြုကာပြန်လွှတ် လိုက်တယ်ဆိုတဲ့ သတင်းကို အင်တာနက်မှာ ၁၃-၂-၂ဝ၁၂ နေ့က ဖတ်လိုက် ရပြန်တယ်။ 



ဆက်ကာ ဆက်ကာနဲ့ ဖားကန့်မှာ မိုင်းခွဲလို့ လူသေ တာတွေ၊ တာပိန် က ပြန် လာတဲ့ကားကို ပစ်လို့ လူ ၇ ယောက်သေပြီး၊ ၁ ယောက် ဒဏ်ရာ ရ တာတွေ ၊မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စုကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်လို့ ၁ ယောက် သေပြီး၊ ၆ ယောက် ဒဏ်ရာ ရတာတွေ၊ အင်တာနက် မှာရော၊ သတင်း စာမှာရော မကြာခဏ တွေ့ေ တွ့ နေရတယ်။

 တစ်ခါ လားရှိုး-နမ့်ခမ်း ဘက်မှာ တာဝါတိုင် တွေမိုင်းခွဲ ခံရလို့ လျှပ်စစ်မီးတွေ ပြတ်တောက် ကုန်ပြီ ဆိုပြီး သတင်းစာ ထဲမှာ ပါလာ ပြန်တယ်။ ဒါတွေ ဘာဖြစ်လို့  ဖြစ်နေရတာ လဲဆိုပြီး အရပ်သား တစ်ယောက် အနေနဲ့စိတ်ပူ လာတယ်။
ဒီမိုကရေစီ အစိုးရ လက်ထက်မှာ  သမ္မတကြီး ကရောဘာလုပ်နေ သလဲလို့  စဉ်းစားမိလာတယ်။            ၁၄-၁၂-၂ဝ၁၁ ရက်နေ့ မြန်မာ့အလင်း သတင်းစာမှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်ကို ဖတ်လိုက် ရတယ်။ '' ကချင်ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း ၊KAI တပ်စခန်းများအား ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြား ထားရှိကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် KIA ဘက်ကလည်း လိုက်နာရန် လိုအပ်ကြောင်း '' ဆိုပြီး ပါလာတယ်။ ဒါဆိုရင် သမ္မတကြီးက ငြိမ်းချမ်းရေး အတွက် ဆောင်းပါးရှင် ပြောသလို လုပ်သင့် လုပ်ထိုက် တာတွေ လုပ်နေတာ မှန်တယ်။ ကာချုပ်ကရော ဘာတွေလုပ်မလဲ၊ ဆက်ပြီး စဉ်းစားတယ်။ စစ်တပ်ကို အုပ်ချုပ်တာက ကာချုပ်၊ ဒီမိုကရေစီ ခေတ်မတိုင်ခင် စစ်တပ်အစိုးရ လက်ထက်က တစ်နိုင်ငံ လုံးမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တာပဲ။ အခုလည်း ငြိမ်းချမ်းရေး ရယူဖို့ လုပ်နေတာပဲ၊ ငြိမ်းချမ်းရေး ယူဖို့ ကမ်းလှမ်းထားတာ ၁၁ ဖွဲ့ရှိတယ်လို့ သိရတယ်။ အဲဒီထဲမှာ ၁ဝဖွဲ့နဲ့က စကားပြောပြီးပြီ၊ သဘော တူညီချက် အတိုင်း လက်မှတ် ထိုးပြီးပြီ။ အဲဒီ ၁ဝ ဖွဲ့နဲ့ သဘောတူညီ လက်မှတ်ထိုးတာ ကလည်း ကာချုပ်ရဲ့ သဘောထား မပါဘဲ ရပါ့မလား။ ဆောင်းပါးရှင် ပြောသလိုပေါ့ စစ်တပ်ဆိုတာ အမိန့်နာခံမှု အပြည့်အဝ ရှိတယ်လေ၊ ကာချုပ် သဘောတူလို့ စစ်တပ်က ငြိမ်းချမ်းရေးမူ တွေအရ လိုက်နာပြီး မပစ်မခတ်ဘဲ နေတာ မဟုတ်လား။ ကာချုပ် သဘောမတူလို့ရှိရင် စစ်တပ်က စစ်သားတွေက ပစ်နေ ခတ်နေမှာ ပဲပေါ့။ ငြိမ်းချမ်းရေး ယူထားတဲ့ အဲဒီ ၁ဝ ဖွဲ့နဲ့မပစ်ဘဲ ငြိမ်းချမ်းရေး မယူထားတဲ့ KIA တစ်ဖွဲ့တည်းနဲ့ ပစ်ခတ် နေတာဆိုရင် ကာချုပ်က ငြိမ်းချမ်းရေး မလိုချင်လို့ ပစ်ခတ်နေ တယ်ဆိုတာ ဟုတ်ပါ့မလား၊ စဉ်းစားကြည့်ယင် မစွပ်စွဲ သင့်ဘူးလို့ ပေါ်လွင်တယ်။
          စစ်တပ်ဘက် လိုက်ပြော တာတော့ မဟုတ်ဘူး၊ အမှန်တရား ကိုချစ်လို့ အဖြေရှာ ကြည့်တာပါ။ ၂၈-၃-၂ဝ၁၂ ရက်နေ့ ထုတ်တဲ့ ကြေးမုံ သတင်းစာမှာ ကာချုပ်က ၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း ပြောတာကို ကျွန်တော် ရှာဖတ်ခဲ့တယ် '' အသက်ခန္ဓာကို စွန့်လွှတ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် ကြရသော တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို လိုလားကြောင်း၊ဖြစ်နိုင်သမျှ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် စစ်မှန်သည့် ပြည်ထောင်စု စိတ် ဓာတ်ဖြင့် နိုင် ငံတော်နှင့်အတူ လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ပြီး ထိုမှ တစ်ဆင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို  အလေး ထား ဆောင်ရွက် သွားမည်ဟု ပြောကြားလိုကြောင်း '' လို့ ပါရှိတယ်။ ကာချုပ်ရဲ့ သဘောထားကို တစ်ကမ္ဘာ လုံးကို ရှင်းလင်း တင်ပြထားတာလို့ ကျုပ်သဘော ပေါက်တယ်။ ဒါဆိုရင် ကာချုပ်က ငြိမ်းချမ်းရေး လိုလား သူ ဖြစ်တယ်လို့ လက်ခံရမှာဘဲ။ ကချင်ပြည်နယ်မှာ ကာလရှည်ကြာ တိုက်ခိုက်နေခြင်းမှာ ကာချုပ်ကြောင့် ပင်ဖြစ်တယ်လို့ သင်ရေးလို့ မရတော့ဘူး၊ ဒါဆို KIA ကြောင့်လို့ စဉ်းစားစရာဘဲ။
          ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ Process ၃ ရပ်ရှိတယ်တဲ့၊ ကျုပ် သီရိလင်္ကာ နိုင်ငံ ငြိမ်းချမ်းရေးကို တာဝန်ခံ ဆောင်ရွက်ခဲ့တဲ့  Mr. Thomas Stangeland ပြောခဲ့တဲ့ စကားတစ်ခုကို စာအုပ် တစ်အုပ်မှာ ဖတ်ဖူး ခဲ့တယ်ဗျ၊ သူက '' ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ Cease fire, Normalise area နဲ့Monitoring တွေကို အဆင့်လိုက် လုပ်ရတယ် '' လို့ မှတ်သား ခဲ့ဘူးတယ်။ အစိုးရ ငြိမ်းချမ်းရေး လုပ်တဲ့ သူတွေကလည်း ဒီ Process  အတိုင်း ပညာရှင် တွေနဲ့တွေ့ဆုံ ဆွေးနွေးပြီး ဆွေးနွေး ပြောဆိုခဲ့တဲ့ အတွက် အဖွဲ့ ၁ဝ ဖွဲ့နဲ့ သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ဖြစ်ပါတယ်တဲ့။ ခင်ဗျား ပြောသလို KIA  ဗိုလ်ချုပ်က အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်ဆိုရင် ဒီအဆင့် ၃ဆင့်အတိုင်း ဘာဖြစ်လို့ မဆွေးနွေး နိုင်ရတာလဲဗျာ။ ကျွန်တော် နားမလည်ဘူး၊ နားမလည် ချင်ဘူးလို့ဘဲ ပြောချင်တယ်။
          သူဖြစ်ဖြစ်၊ ကိုယ်ဖြစ်ဖြစ် ကိုယ့်ကို ရန်ရှာလာ ရင်တော့ လက်တုန့် ပြန်ကြမှာဘဲ။ ဘာပဲပြောပြော စစ်တပ်က ပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ရှိတယ် ဆိုတော့ ခုနက လိုမိုင်းတွေ ခွဲခံရရင်၊ လမ်း/တံတား၊ တာဝါတိုင်တွေ ချိုးခံရရင်၊ ရွာသားတွေ အသတ်ခံရရင် လိုက်ရှင်းရမှာဘဲ၊ ဒါသဘာဝ ကျတယ်။ စစ်တပ်က လိုက်ရှင်းလို့ တိုက်ပွဲ ဖြစ်တာမဆန်းဘူး။ ဆန်းတာက KIA ဘာဖြစ်လို့စစ်တပ်ကိုမတိုက်ဘဲ လမ်းတွေ ဖျက်တာ လဲ၊ လူတွေ သတ်တာလဲ၊ ဒါလဲ မေးစရာတစ်ခုလို့ ကျုပ်ထင်တယ်။ KIA  မလုပ်ဘူး ဆိုပြီး မပြောနဲ့နော်၊ ကျုပ် က မြစ်ကြီးနားမှာ နေတာ၊ တိုင်းရင်းသား တစ်ယောက်ပါဘဲ။ နာမည်ဖော် ပြောရင် ကျုပ်နဲ့ ကျုပ်မိသားစု အန္တရာယ်ရှိတယ် ဆိုတာကိုတော့ ဆောင်းပါးရှင် နားလည်ပေးပါ။      
          စစ်တိုက်တယ်ဆိုတာ အပြစ်မဲ့ အရပ်သားတွေကို မထိခိုက်ရဘူးဆိုတာ မှန်ပါတယ်၊ သင်ရေးထားတဲ့ အပြစ်မဲ့တဲ့အရပ်သားတွေ ထိခိုက်အောင် လုပ်နေတာတွေက စစ်တပ်ကဟုတ်ရဲ့လား၊ ကျုပ်ကြားဘူး သလောက် စစ်တပ်က ပြည်သူက စော်ကားရင် စော်ကားတဲ့ စစ်ဗိုလ်၊ စစ်သားတွေကို Open Court  နဲ့ ကာယ ကံ ရှင် ဆွေမျိုး အသိုင်းအဝိုင်း တွေရှေ့မှောက်မှာ စစ်ဆေး အပြစ်ပေး အရေးယူ လေ့ရှိတယ် လို့သိရတယ်။ ဗန်းမော်က ကျောက်စခန်းကိစ္စဆို လူသိရှင်ကြားဘဲ၊ ဆောင်းပါးရှင် လည်းကြားဘူး လိုက်မှာပါ။

No comments:

Post a Comment