Saturday, July 28, 2012

ပြည်ချစ်သား စဉ်းစားစေချင်သည် (၃)

 from - http://dr-myochit.blogspot.com 

 ( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)


၂၃-၆-၂ဝ၁၂ ရက်နေ့ကမြဝတီ သတင်းစာ မှာမြစ်ကြီး နားမှာ ရှိတဲ့ ဒုက္ခ သည်စခန်းကို ဒုက္ခ သည် ယောင် ဆောင်ပြီး လာနေတဲ့ KIA က တပ်ကြပ်အဆင့် လထော် ဘရန်ရှောင် သတင်းကို ပြည်ချစ်သား ဖတ်ရလား။ မြစ်ကြီးနား မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၂ဝ လောက်ရှိတယ်။ အဲဒီမှာ တိုက်ပွဲတွေ ဖြစ်လို့ တကယ် ဒုက္ခရောက်ပြီး ရောက်လာကြတဲ့ ရွာသားတွေ ရှိသလို KIA ရဲ့မိသားစုတွေ လည်းရှိကြ တယ်ဗျ။ ဇွန်လကုန် လောက်ကမြစ်ကြီးနား တိုင်းမှူးက အဲဒီနေရာ တွေကို သွားကြည့်ပြီး ထောက်ပံ့ တာတွေ ဘာတွေ လုပ်ပေးတယ်။ ပြီးတော့ တောင်ယာ စပါးစိုက်ချိန် ဆိုတော့ ကိုယ့်ရွာကိုယ် ပြန်နေကြ၊ လိုတာ အကူ အညီ ပေးမယ် ဆိုပြီး ပြောတယ်လို့ သိရတယ်။ အောက်ခြေမှာ ကျတော့ KIA က မပြန်ခိုင်းဘူးပြန်ရင် ဘာဖြစ် မယ် ညာဖြစ်မယ်နဲ့၊ KIA စစ်သား လုပ်ခိုင်းမယ်၊ သတ်ပစ်မယ် လို့ဖြစ်နေတော့ ဘယ်သူက ပြန်ရဲမှာ လည်းဗျာ။ ကျုပ်တို့ မြစ်ကြီးနား မြို့ပေါ်က လူတွေ ဒုက္ခသည် စခန်းဆိုတဲ့ နေရာတွေကို မသွားရဲဘူး၊ Inline  ဖြစ်ရင် ကိစ္စ မရှိဘူး၊ မဟုတ်ရင်  မိသားစု အသက်ဘေးက စိုးရိမ်ရတယ် ဆိုတာ ကျုပ်တို့ဘဲ သိတယ်။
 
      ၁၈-၄-၂ဝ၁၂ ရက်နေ့  http: //  www.rfa.org သတင်းမှာ''တာလောကြီးကှုဗ  တပ်ဖွဲ့ ဝင်  ၄ဝ ကျော် အစိုးရထံမှာ လက်နက်ချ အလင်းဝင်''ဆိုတဲ့ သတင်းက KIA ခေါင်းဆောင် တွေရဲ့ သဘောထား တင်းမာမှု ကြောင့်လို့ပါတယ်။ KIA  ဗိုလ်ချုပ်တွေထဲမှာ အက်စ်ဂွမ်မော် ဆိုတာ နာမည်ကြီးတယ် လို့ကြား ဖူးတယ်၊ သူကရော ငြိမ်းချမ်းရေးကို တကယ်မလို ချင်လို့ တိုက်ပွဲတွေ ဝင်နေတာ များလား၊ ဒါလည်း စဉ်းစားစ ရာဘဲ။ 

          ဒါနဲ့ဆက်စပ်ရင် ကျုပ်စရေးခဲ့တဲ့  KIA NDAK ပြဿနာနဲ့ ဆက်စပ်မလား မသိဘူး၊၂၈-၄-၂ဝ၁၂ ရက်နေ့ က www. tabarwamyay.com blog နဲ့ www. mgkyautkhae.com blog တို့မှာ အေပြီ ၂၇ ရက်နေ့ ပန်ဝါ၊ လုပီဘက်က NDAK  နယ်ခြား စောင့်တပ်ကို KIA က အင်အား ၂ဝဝ ကျော်နဲ့ ဝင်တိုက်လို့ စစ်တပ်နဲ့ နယ်ခြား စောင့်တွေပေါင်းပြီး ပြန်တိုက် ခဲ့ရတယ် လို့ပါတယ်။
          ကျုပ်မေးချင် တာက ဆောင်းပါးရှင် ပြောသလို ကာချုပ်က ငြိမ်းချမ်းရေးကို မလိုလား ဘူးဆိုရင် KIA ရဲ့ လိုင်ဇာကို တကယ်ဝင် တိုက်ခိုင်းမှာပေါ့၊ အခုတော့ KIA က ဘဲတိုက် နေတယ်၊ ရိက္ခာပို့တဲ့ ရဟတ်ယာဉ်ကို ပစ်ချတယ်၊ မိုင်းခွဲတယ်၊ ဖားကန့်ဘက်မှ လူတွေဆွဲတယ် လုပ်နေတာ ရပ်သိရွာသိ ကမ္ဘာသိပဲ ဖြစ်တယ်။ အရပ်သား တွေ ဒုက္ခရောက် နေကြပြီဆိုတာ ပြည်ချစ်သား တွေးကြည့်ရင် သိနိုင်ပါတယ်။ ဒါဆိုရင် သ တ္တုချကြည့်၊ KIA ဘက်က လွန်နေပြီ လို့ထင်တယ်။ ဒါအထင်လို့ပြောတာ နော်။ ဒါဆိုရင် ဒီလုပ်ရပ် တွေကို ဘယ် သူတွေ ကလုပ်နေတာလဲ၊ ဘယ်သူ့ကြောင့် ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး မရတာလဲ၊ တရားခံအစစ် က ဘယ်သူလဲဆိုတာ ပြည်ချစ်သား စဉ်းစားစေချင် တယ်ဗျာ။
          ဘာပဲပြောပြော ဒီဖြစ်စဉ်တွေ ကိုစဉ်းစားရင်းနဲ့ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်ရင် လုံးဝ အပစ်ရပ် ဖို့ပဲ လိုတယ်လို့ ကျုပ်သိလိုက် ရတယ်။ စစ်တပ်ကတော့ သူ့ကို လာမပစ်ရင် ပြန်ပစ်စရာ အကြောင်း မရှိပါဘူးKIA မှမဟုတ်ဘူး၊ ရှမ်းပြည်က ဝမ်ဟိုင်းအဖွဲ့တို့၊ ရွက်ဆစ်အဖွဲ့တို့ အားလုံးပေါ့နော်။
          ခင်ဗျား သတင်းစာတွေမှာပြန်ကြည့်၊ KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေး လုပ်တာ ၁၂-၁-၂ဝ၁၂ နေ့မှာ ပြည်နယ်အဆင့်၊ ၆-၄-၂ဝ၁၂ နေ့မှာ ပြည်ထောင်စုအဆင့် သဘောတူညီချက် တွေကို လက်မှတ်ရေးထိုး ကြတယ်။ ကရင်ပြည်နယ်မှာ ဒီနေ့အထိ တိုက်ပွဲဖြစ်တယ် ဆိုတာကြားရလား။  ကြတယ်။ ကရင်ပြည်နယ်မှာ ဒီနေ့အထိ တိုက်ပွဲဖြစ်တယ်ဆိုတာ ကြားရလား။ 
          အဓိကက ငြိမ်းချမ်းရေး ဆိုတာ ကြားပွဲစားမလိုဘူးလို့ ကျုပ်နားလည် သဘောပေါက်တယ်။ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတွေ ဖွဲ့စည်းထား တယ်ဆိုတာ သတင်းစာတွေမှာ ခင်ဗျားတွေ့မှာပါ။ အဲဒီကော်မတီနဲ့ တိုက်ရိုက် ဆောင်ရွက်ရင်ရ မယ်လို့ထင်တယ်၊ ကြားပွဲစားတွေ မလိုဘူးထင်တယ်၊ ကြားပွဲစားပါရင် မအောင်မြင်ဘူးဗျာ၊ ပွဲစားကတော့ ပွဲစားအလုပ်ပဲ လုပ်မှာဘဲ၊ မလိုရင် ဖျက်တတ်တာ ကြားပွဲစားရဲ့ သဘာဝပဲ မဟုတ်လား၊ အဲဒီကြား ပွဲစားတွေက အမှန်တွေကို ဘယ်လောက် သိမှာမို့လို့လဲ။
          ကချင် ပြည်နယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ မီဒီယာတွေ အများကြီး လုပ်ကြတယ်၊ ဂျာနယ်ေ တွရော၊ Website တွေရော၊ လူ့အခွင့်အရေး သမားေ တွရောဘဲ။ ငြိမ်းချမ်းရေး ကိစ္စကို မစားရဝခမ န်းပြောေ န ရေးနေပြီး လုပ်စားနေကြတာ၊ သူတို့က ဘယ်ေ လာက် သိနေလို့လဲ။ ကျုပ်တို့ပြည်နယ် သားတွေ  လာက်   သိလို့လား။
          နောက်တစ်ခု ကျွန်တော် ပြောချင်တာက KIA ကရော ကချင်လူထုကို ကိုယ်စားပြု သလား၊ ပြည် ချစ်သား စဉ်းစားကြည့်။ တိုက်ပွဲတွေ ဖြစ်လို့ခံရတာက ကျုပ်တို့ ကချင်ပြည်နယ် သားတွေ၊ လမ်း/ တံတား တွေ မိုင်းခွဲလို့ ခံရတာက ကျုပ်တို့ ကချင်ပြည်နယ် သားတွေ၊ လူသစ် ဆွဲတာ/ဖမ်းတာ ခံရတာက ကျုပ်တို့ ကချင်ပြည်နယ် သားတွေ။ ကျုပ်သာKIA ဆိုရင်၊ ကချင်လူထုကို ကိုယ်စားပြုတယ် ဆိုရင် ကချင်ပြည်နယ် ကလူတွေ ဒုက္ခရောက်အောင် မလုပ်ဘူးဗျာ။ အခုခေတ်မှာ က ချင်ပြည်နယ် ကိုယ်စားပြုဖို့ ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့၊ ကချင်ပြည်နယ် အမျိုး သားလွှတ်တော်တို့ ရှိနေပြီ၊ အဲဒီမှာခေါင်းဆောင် တွေက ဘယ်သူတွေလဲ၊ ခင်ဗျားကြည့်လိုက်၊ ပြည်နယ် ဝန်ကြီးချုပ်ဆို ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ် လွှတ်တော် ဥက္ကဌဆို ဦးရာဝမ်ဂျုံး၊ သူတို့က ကချင်တွေပဲ မ ဟုတ်လား။ ကချင်ပြည်နယ်ကို ကချင် အမျိုးသားတွေပဲ ဦးဆောင်နေတယ် မဟုတ်လား၊ အခု လွှတ်တော်မှာလည်း ကိုယ့်ပြည်နယ်အတွက် အခွင့်အရေးတွေ တောင်းဆိုခွင့် ရနေပြီဘဲ။ ဒါကြောင့် ကြားပွဲ စားဆိုတာ မလိုဘူးလို့ ကျုပ်ကပြောချင် တာပါ။
          KIA က ငြိမ်းချမ်းရေးကို တကယ်ရချင်ရင် ကြားပွဲစားမသုံးနဲ့၊ ကြားပွဲစားတွေ ကလည်း စီးပွားရေး အတွက်တွက်ပြီး ဝင်မပါနဲ့ လို့ပြောချင်တယ်။ တကယ် လုပ်ရမှာက ငြိမ်းချမ်းရေး ကော်မတီ တွေနဲ့ တိုက်ရိုက် ဆက်သွယ်ပါ၊ ကချင်ပြည်နယ်နဲ့ ပြည်သူလူထု အတွက် တကယ် ငြိမ်းချမ်းစေချင်တဲ့ စေတနာအမှန်နဲ့ တကယ် လုပ်ဆောင်ပါလို့ ကျုပ်က အကြံပြုချင် တယ်ဗျာ။
          (နောင်လည်းပဲ KIA နဲ့ပတ်သက်တဲ့ ရသမျှ အထောက်အထား၊ ကြားသိရတာတွေကို ဖော်ပြ ပေးပါအုံးမယ်)

14 comments:

  1. တကယ့်တကယ့် ငြိမ်းချမ်းရေးမလိုလားတာက KIA ခေါင်းဆောင်တွေလို့ မြင်မိတယ်... ဟုတ်လောက်ပါတယ်... ဘာလို့လဲဆိုတော့ စစ်တပ်ကတော့ သူ့ကိုပစ်ရင်ပြန်ပစ်မှာပဲလေ... သူလဲ လက်နက်ရှိတာပဲ... ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရသစ်က ဘယ်လိုပဲအဖွဲ့ အစည်းတွေဖွဲ့ဖွဲ့ တကယ်တမ်းငြိမ်းချမ်းရေးကမ်းလှမ်းရော KIA ခေါင်းဆောင် တွေက နေ့ရွှေ့ ညရွှေ့နေတာအသိသားကြီးပါ...

    ReplyDelete
  2. လဖိုင်ဇော်ဘောက်July 28, 2012 at 5:15 PM

    KIA ခေါင်းဆောင်တွေရယ် ငြိမ်းချမ်းရေးမြန်မြန်ယူပါတော့.. စစ်တပ်ကတောင် ငြိမ်းချမ်းရေးကမ်းလှမ်းနေတာ... ကျွန်တော်တို့ ကချင်ပြည်နယ်ကြီး မြန်မြန်ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ချင်လှပါပီဗျာ....

    ReplyDelete
  3. မျိုးချစ်မြန်မာJuly 28, 2012 at 5:25 PM

    ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီး တည်ထောင်နေပီ... တိုင်းရင်းသားတွေ စည်းလုံးညီညွတ်စွာနေထိုင်နိုင်ကြဖို့အတွက် အစိုးရသစ်က အဖက်ဖက်ကနေ ၀ိုင်းဝန်းကြိုးပမ်းနေတဲ့အချိန်မှာ ဘာလို့ခွဲထွက်နေရတာလဲလို့မေးလိုက်ချင်တယ်...

    ReplyDelete
  4. စစ်အစိုးရရဲ့ အမြင်မမှန်တာကြောင့် အခုလိုငြိမ်းချမ်းရေးမရဖြစ်နေတာပေါ့

    ReplyDelete
  5. မင်းတို့ ဗမာလူမျိုးကြီးစစ်အုပ်စုကြောင့် ကေအိုင်အေဆိုတာဖြစ်လာတာကွ

    ReplyDelete
  6. မှန်လိုက်လေဗျာ မဖြစ်နိင်တာတောင်းရင်တော့ကြာနေမှာပေါ့

    ReplyDelete
  7. ဘုန်းကြီးသတ်တဲ့ ဗမာစစ်တပ်က ဗမာကို ကိုယ်စားပြုတာပေါ့နော်

    ReplyDelete
  8. ကချင်စစ်သား.... မင်းပြောတဲ့ဗမာ့လူမျိုးစစ်အုပ်စုထဲမှာ တိုင်းရင်းသားညီအကိုအားလုံးပါတယ်လေ... ဒါကိုမင်းဖင်ပိတ်ငြင်းနေမှာလား... မျက်စိစုံမှိတ်ပီးနင်းကန်အော်နေမှာလား... အားလုံးကညီအကိုတွေပါပဲ... တောင်တန်းပြည်မ မခွဲခြားဘဲတူတူ တစ်မြေထဲနေ တစ်ရေထဲ သောက်နေကြတာဆိုတာတော့ မမေ့ပါနဲ့ကွာ... စိတ်မကောင်းဖြစ်မိတယ်... မင်းတို့ရင်ထဲမှာ အဲလိုကြီးဖြစ်နေတာကို....

    ReplyDelete
  9. ကိုလေးJuly 28, 2012 at 9:19 PM

    ပြည်စုံကောင်းမွန်တဲ့ လေ့လာသုံးသပ် တင်ပြချက်ပါပဲ။ ငြင်းလို့ မရလောက်တဲ့ အချက်အလက် တွေကိုပဲ တင်ပြထားတာပဲ။ အစိုးရက အင်အားထိန်းသိမ်းနေ တာကို အလိုလိုက်လို့ အမိုက်စော်ကား နေတာကိုတွေ့တော့ သိရိလင်္ကာလို လုပ်လိုက်ရင်ကောင်းမယ်လို့ ဂရုဏာဒေါသောနဲ့ တွေးမိပါတယ်။

    ReplyDelete
  10. KIAကကောင်တွေင်္တတားဖျက်မိုင်းခွဲလုပ်နေတာကောင်းတဲ့လုပ်ရပ်လားလူတိုင်းသိတယ်

    ReplyDelete
  11. နယ်ချဲ့မိစ္ဆဗမာစစ်တပ်လာတဲ့ လမ်းကြောင်းတွေကို ဖျက်စီးတာ လူတိုင်းသိတာ ဟုတ်တာပေါ့ကွာ KIA ကကိုယ့်ဒေသဆိ စစ်ဘီလူးတွေလာတာကို ပန်းခင်း လမ်းတွေလုပ်ပြီး ကြိုရမှာလား

    ReplyDelete
  12. ကချင်တွေ ပင်လုံစာချူပ်မချူပ်ခင် ကချင်ပြည်မှာ ဘယ် ဗမာစစ်သားမှ မရှီဘူး၊ မင်းတို့ ဗမာစစ်သားတွေ ရဲတွေ အစိုးရဝန်ထမ်းတွေ လာပီးနယ်ချဲ့ ကျူးကျော်မှပဲ ကချင်ပြည်လည်း စစ်မြေပြင်ဖြစ်ရတော့တယ်

    ReplyDelete
  13. အဲဒီKIAကဖျက်စီးလိုက်တဲ့တံတားတွေလမ်းတွေကဘယ်သူကဆောက်ပေးထားတာလဲကိုကချင်နဲ့မကချင်မရေ

    ReplyDelete
  14. လဖိုင်ဇော်ဘောက်July 30, 2012 at 10:12 AM

    အစိုးရက ကချင်ပြည်နယ်အတွင်းမှာ ဖွံ့ဖြိုးတိုးတက်အောင်လို့... လမ်းတံတားတွေဘယ်လိုပဲတည်ဆောက်တည်ဆောက်... KIA အဖွဲ့က ဖျက်ဆီးနေမှတော့ ပလိုင်းပေါက်နဲ့ဖားကောက်နေတာလိုပဲဖြစ်နေမှာပေါ့။။။ ဘာတွေပဲဖြစ်ဖြစ် ဘယ်သူပဲမကောင်းကောင်း နောက်ဆုံးတော့ ကျွန်တော်တို့ ကချင်ပြည်သူပြည်သားတွေပဲနစ်နာနေတာအမှန်ပဲ။။။ စစ်ပွဲတွေရပ်တန့်ပြီး မြန်မြန်ငြိမ်းချမ်းချင်လှပါပီ... တိုက်ပွဲအသံတွေလဲ မုန်းတီးနေမိပြီး.... ရပ်တန့်ကြပါတော့ဗျာ....

    ReplyDelete