Tuesday, July 24, 2012
ကုန်သည်လုပ်ငန်းရှင်အချို့၏စိုးရိမ်ပူပန်မှုများ နှင့် ဒေသတွင်း နိုင်ငံနှင့် ပြည်သူတို့အတွက် ဖွံ့ဖြိုးမှု
From -http://www.commercejournal.com.mm/index.php?option=com_content%20&%20view=article%20&%20id=11647%20Artical%20num:
    ယခု တလော ကုန်သည်လုပ်ငန်းရှင်တွေ အသိုင်းအ၀ိုင်းမှာ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ(AFTA)ကို စိုးရိမ် ပူပန်မှုတွေ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)ကြောင့် မိမိ တို့လုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်ပူပန်မှုတွေ၊ တရားမ၀င် မှောင်ခို ကူးသန်းရောင်းဝယ်မှုတွေနဲ့ တရားဝင်တင်သွင်းမှုဖြစ်သော်လည်း ဈေး ကွက် ပေါက်ဈေးအမှန်ထက်လျှော့ပြတင်သွင်းမှုေ တွကြောင့် ကောင်း ရောင်းကောင်းဝယ် လုပ်ကိုင်နေကြတဲ့ ကုန်သည်လုပ်ငန်းရှင်တွေအဖို့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ပူပန်မှု တွေကို ပြောဆိုနေတာ ကြားသိရပါတယ်။
    အချို့ကလည်း အကြီးအကဲများထံကို မိမိတို့ရှုထောင့်၊ အမြင် မျိုးစုံကိုတင်ပြနေကြကြောင်း ကြားသိရပါတယ်။ ဒီအခြေအနေ ကို သိလိုတဲ့အတွက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်အသင်းသို့ မေးမြန်း စုံစမ်းကြည့်တဲ့အခါ ယင်းအသင်းအနေနဲ့ ပုဂ္ဂလိက စက်မှုကဏ္ဍ အလိုက် အာဆီယံစီးပွားရေး အသိုက်အ၀န်းရဲ့ လွတ်လပ်သော ကုန် သွယ်မှု သဘောတူညီချက်အရ မိမိတို့လုပ်ငန်းတွေအပေါ် ဘယ်လို သက်ရောက်နိုင်မလဲဆိုတာကို ၂၀၁၂ ခုနှစ် နှစ်စပိုင်းက စစ်တမ်း ကောက်ယူ သုတေသနပြုခဲ့တယ်လို့ သိရပါတယ်။ လုပ်ငန်းအမျိုး အစား ၁၇ မျိုး၊ လုပ်ငန်းပေါင်း ၁၆၇ ခု ကို စစ်တမ်းကောက်ယူခဲ့တဲ့ အခါ အာဆီယံနိုင်ငံတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတာက ၁၂ ဒသမ ၃ ရာခိုင်နှုန်း၊ အာဆီယံနိုင်ငံတွေမှာ ရုံးခွဲဖွင့်လှစ်ထားတာက ၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဖက်စပ်လုပ်ငန်းတွေဆောင်ရွက်နေတာ က ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ပြည်တွင်းကုမ္ပဏီတွေကတစ်ဆင့် အာဆီယံနိုင်ငံတွေကို တင်ပို့ရောင်းချနေတာက ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ပြည်ပ ကုမ္ပဏီ တွေကတစ်ဆင့် အာဆီယံနိုင်ငံတွေကို တင်ပို့ရောင်းချနေတာက ၅ ဒသမ ၄ ရာခိုင်နှုန်း၊ အာဆီယံနိုင်ငံတွေနဲ့ ချိတ်ဆက်ေ ရာင်းဝယ်မှု မရှိတဲ့လုပ်ငန်းတွေက ၄၈ ဒသမ ၃ ရာခိုင်နှုန်း၊ အခြားက ၉ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိတာကို တွေ့ရပါတယ်။
    AFTA  ဖြစ်လာတဲ့အခါ မိမိကုန်ပစ္စည်းတွေရဲ့ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်အပေါ် ယုံကြည်မှုကို မေးခွန်းထုတ်ကြည့်တဲ့အခါ မှာတော့ အောက်ပါအတိုင်း တွေ့ရတယ်လို့ ဆိုပါတယ်-
-    ယုံကြည်မှုအလွန်မြင့်မား                   -၁ ဒသမ ၁ ရာခိုင်နှုန်း
-    ယုံကြည်မှုမြင့်မား                           - ၁၇ ရာခိုင်နှုန်း
-    ယုံကြည်မှုအထိုက်အလျောက်ရှိ         - ၆၂ ဒသမ ၉ ရာခိုင်နှုန်း
-    ယုံကြည်မှုနည်း                              - ၈ ရာခိုင်နှုန်း
-    ယုံကြည်မှုအလွန်နည်း                     - ၃ ဒသမ ၄ ရာခိုင်နှုန်း
-    အခြား(မသိ)                                 - ၇ ဒသမ ၆ ရာခိုင်နှုန်း
    AFTA ဖြစ်ပေါ်လာတဲ့အခါမှာ မိမိလုပ်ငန်းအတွက် ဘယ်လို အကျိုးကျေးဇူးတွေရမယ်လို့ ယူဆပါသလဲဆိုတဲ့ မေးခွန်းကို ဖြေကြ တာကတော့-
-    အာဆီယံဈေးကွက်ကို                - ၃၂ ဒသမ ၁၆ ရာခိုင်နှုန်း
    ပိုမိုတင်ပို့နိုင်မယ်လို့ ယူဆသူ        
-    အာဆီယံဈေးကွက်က                - ၉ ဒသမ ၁၉ ရာခိုင်နှုန်း
    ကုန်စည်တွေကို ပိုမို
    တင်သွင်းနိုင်မယ်လို့ ယူဆသူ
-    နည်းပညာတွေ ပိုမိုရရှိမယ်လို့       - ၂၁ ဒသမ ၉၂ ရာခိုင်နှုန်း
    ယူဆသူ
-    အာဆီယံနိုင်ငံတွေနဲ့                   - ၁၄ ဒသမ ၁၃ ရာခိုင်နှုန်း
    ဖက်စပ်လုပ်ကိုင်နိုင်မယ်လို့ ယူဆသူ
-    စက်ရုံငှားရမ်းနိုင်မယ် ယူဆသူ       - ၁ ဒသမ ၇၇ ရာခိုင်နှုန်း
-    အခြား                                   - ၄ ဒသမ ၉၅ ရာခိုင်နှုန်း
    AFTA ကြောင့် ပြည်တွင်းလုပ်ငန်းတွေအပေါ် ထိခိုက်သက် ရောက်နိုင်မှုမေးခွန်းကိုတော့ အောက်ပါအတိုင်း ဖြေထားကြတယ်လို့ သိရပါတယ်-
-    ပြည်ပပြိုင်ဘက်များရဲ့ ပြိုင်ဆိုင်မှု၊ ဖိအားပေးမှုတွေ ပိုများ လာနိုင်တယ်၊
-    ပြည်ပက တင်သွင်းရောင်းချသူတွေနဲ့ ပြည်တွင်းက ထုတ်လုပ်သူ တွေကြား ပြိုင်ဆိုင်မှုပိုများလာနိုင်တယ်၊
-    ထုတ်လုပ်တဲ့ ပစ္စည်းအရည်အသွေးပိုင်းမှာ မယှဉ်ပြိုင်နိုင်တာ တွေ ဖြစ်လာမယ်၊
-    ငွေကြေး အင်အားပိုင်းမှာ မယှဉ်ပြိုင်နိုင်တာတွေ ဖြစ်လာမယ်၊
-    စီမံအုပ်ချုပ် ထုတ်လုပ်မှုစွမ်းရည်ပိုင်းမှာ မယှဉ်ပြိုင်နိုင်ခြင်း၊
-    နည်းပညာပိုင်းမှာ မယှဉ်ပြိုင်နိုင်တာတွေဖြစ်လာမယ်၊
-    ဈေးကွက်နှင့် ဈေးနှုန်း မယှဉ်ပြိုင်နိုင်တာတွေ ဖြစ်လာမယ်၊
-    ခေတ်မီကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်တွေ လိုအပ်လာမယ်
    AFTA အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က ကြိုတင် ပြင်ဆင်ထားတာတွေကို စစ်တမ်း ကောက်ကြည့်ထားတဲ့ အဖြေက တော့ အောက်ကအတိုင်းပါပဲ-
-    ပြင်ဆင်မှုတွေလုပ်ဖို့အတွက်         -၅၈ ဒသမ ၇ ရာခိုင်နှုန်း
    လေ့လာဆဲ    
-    ပြင်ဆင်မှုတွေ                           - ၈ ဒသမ သုညရာခိုင်နှုန်း
    စတင်ဆောင်ရွက်နေပြီ
-    ပြင်ဆင်မှုတွေထဲက                   - ၂ ဒသမ ၃ ရာခိုင်နှုန်း
    အချိန်မီပြီးနိုင်တာက
-    ပြင်ဆင်မှုတွေလုပ်ဖို့အတွက်        - သုညဒသမ ၈ ရာခိုင်နှုန်း
    စဉ်းစားဆဲ
-    ပြင်ဆင်မှုတွေမရှိ                     -၂၂ ဒသမ သုညရာခိုင်နှုန်း
-    အခြား(မသိ)                           - ၈ ဒသမ ၃ ရာခိုင်နှုန်း
    စစ်တမ်းတွေအရ ထူးခြားချက်ကတော့ အာဆီယံစီးပွားရေး အသိုက်အ၀န်းထူထောင်မှု  (ASEAN Economic Community-AEC)နဲ့ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ(AFTA) ဆိုတာကို လေ့လာသိရှိသူ တွေက ၄၂ ဒသမ ၁ ရာခိုင်နှုန်းပဲရှိပြီး မသိပါဟုဖြေတာက ၂၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အခြားသူတွေက ၃၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်နေခြင်းပါပဲ။
    သတင်းစာ၊ ဂျာနယ်၊ အင်တာနက်တွေမှာ နှစ်များစွာကတည်း က ဖော်ပြထားတာတွေကို ဖတ်ရှု လေ့လာမှု၊ အာဆီယံ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပွဲလုပ်တဲ့သတင်းတွေကို ရုပ်မြင်သံကြားမှာ ပြသ ထုတ်လွှင့်နေတာတွေ၊ RUMFCCI  နဲ့ အသင်းအဖွဲ့ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ အာဆီယံနိုင်ငံတွေကလာပြီး ရှင်းလင်းဟောပြော ဆွေးနွေးကြတာတွေ၊ အစိုးရဌာနတွေက RUMFCCI နဲ့ အသင်း အဖွဲ့တွေမှာ မကြာခဏဆွေးနွေးပြောဆိုကြတာတွေ၊ စီးပွားရေး ပညာရှင်တွေရဲ့ မကြာခင်က နေပြည်တော်  MICC မှာ ဟောပြောမှု တွေ စသဖြင့် အများကြီးရှိခဲ့တာကို တစ်ကြိမ်တစ်ခါမှ တက်ရောက် နားထောင်၊ ဆွေးနွေးေ မးမြန်း လေ့လာမှုမပြုခဲ့ကြသူများ ကျန်ရှိနေ တာကို အံ့သြဖွယ်တွေ့ရှိရပါတယ်။ ဒါ့ထက် အံ့သြစရာကောင်းတာ က စီးပွားရေးကုန်ထုတ်လုပ်ငန်းကို လုပ်ကိုင်နေသူတွေအနေနဲ့ ပြည် တွင်းဈေးကွက်၊ ပြည်ပဈေးကွက်တွေကို မျက်ခြည်မပြတ်လေ့လာ ချိတ်ဆက်မေးမြန်း တွက်ချက်နေကြရတာဖြစ်လို့ စီးပွားရေးပိတ်ဆို့ ခြင်းခံထားရတဲ့ အခြေအနေမှာ အာဆီယံနိုင်ငံတွေနဲ့ပဲ အများဆုံး ချိတ်ဆက်ရောင်းဝယ်နေရတာဖြစ်တဲ့အတွက် အာဆီယံဈေးကွက် ကိုတော့ မလေ့လာလို့ မရပါ။
    အစိုးရဌာနအသီးသီးကလည်း ကွင်းဆင်းဆွေးနွေး ပညာပေး ဖို့ပိုပြီး လိုအပ်လာပါတယ်။ ဒါကြောင့်လည်း ဒုတိယ၀န်ကြီးတွေ ဦးဆောင်တဲ့ ကော်မတီ (၁၅) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လုပ်ငန်းရှင်တွေနဲ့ စားသုံးသူပြည်သူတွေ မထိခိုက် အောင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို အရင်အစိုးရလက် ထက်က ကန့်သတ် ထားခဲ့တာတွေကို အခုအစိုးရလက်ထက် ကာလ မှာ ပို့ကုန်သွင်း ကုန်လုပ်ငန်းတွေကို ဖြေလျှော့ပေးခဲ့တော့-
-    သွင်းကုန်တွေ ပိုမိုစီးဝင်လာတဲ့အတွက် ပြည်တွင်းမှာ ဈေးကွက် ဝေစုရဖို့ ခက်ခဲလာတာတွေ
-    တရားမ၀င် မှောင်ခိုစီးဝင်လာတဲ့အခါ ဈေးကွက်မှာ မယှဉ်ပြိုင် နိုင်တော့တာတွေ
-    ထုတ်လုပ်မှုစရိတ်လျော့နည်းတဲ့ ပြည်ပက Mass Production ထုတ်လုပ်မှုတွေနဲ့ ဈေးနှုန်း မယှဉ်ပြိုင်နိုင်တာတွေ
    ဖြစ်လာကြတယ်လို့ ကုန်သည်လုပ်ငန်းရှင်အချို့က ပြောကြ ပါတယ်။ ဒါ့အပြင် တရားမ၀င်စီးဝင်လာတဲ့ အရည်အသွေးမမီတဲ့၊ ပြည်သူတွေ စားသုံးဖို့မသင့်တဲ့ ကုန်စည်တွေ ၀င်ရောက်လာတာကို လည်း ကာကွယ်ဖို့ လိုအပ်လာပါတယ်။
    ဒါကြောင့် သက်ဆိုင်ရာဌာနတွေက ယှဉ်ပြိုင်မှုဥပဒေ (Com-petition Law)၊စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (Consu-mer Protection Law)၊ အသိဥာဏ် ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် (Intellectual Property Rights-IPR)၊ ပင်ရင်းဒေသစည်းမျဉ်း (Rules of Origin) တွေကို ဥပဒေပညာရှင်တွေ၊ အသင်းအဖွဲ့ တွေရဲ့ အကြံÓဏ်ရယူပြီး လွှတ်တော်ကိုတင်ပြနိုင်ဖို့ စီစဉ်နေကြ ကြောင်း  မေးမြန်းသိရှိရပါတယ်။
    တစ်ဖက်ကလည်း နိုင်ငံတော်က တရားမ၀င် မှောင်ခို ကူးသန်း ရောင်းဝယ်မှုတွေ လျော့နည်းကျဆင်းဖို့အတွက် တိုင်း ဒေသ ကြီး၊ ပြည်နယ်အစိုးရတွေကို ထိထိရောက်ရောက်ကာကွယ်တားဆီးရေး တွေ ဆောင်ရွက်စေတာ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး  ဌာန (FDA)တိုးချဲ့ဖွဲ့စည်းဖို့၊ အပင်ရောဂါပိုးမွှား စစ်ဆေးဖို့ ၊ စံချိန် စံညွှန်းသတ်မှတ်ဖို့ စတဲ့ လုပ်ငန်းတွေကို ဥပဒေ စည်းမျဉ်းတွေနဲ့ ထိန်းကျောင်းနိုင်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
    အခုအစိုးရတက်ခါစက ကိုယ့်နိုင်ငံကို အခြားနိုင်ငံတွေလို တံခါး ဖွင့်ပြီး တိုးတက်စေချင်ကြတဲ့ ပြည်သူတွေက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ် နှံမှုတွေကို ဖြေလျှော့ပြီး အခြားနိုင်ငံတွေမှာလို လွတ်လွတ်လပ်လပ် လုပ်ဆောင်ရေးကို အမြန်လုပ် ဖို့ ပြောဆို ကြပြီး နှေးကွေးသည်ကိုပင် အားမရဖြစ်ခဲ့ကြပါသေးတယ်။ အစိုးရကလည်း ပြည်သူတို့ရဲ့ ဆန္ဒ အတိုင်း နိုင်ငံရေးရော စီးပွားရေးပါ အလျင်အမြန် ပြောင်းလဲ လုပ် ဆောင်ပေးခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ မ၀င်မှာစိုးလို့ သိပ် တင်း ကျပ်မှုမလုပ်ဘဲ ဖြေလျှော့ဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။ အခုတော့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် ထိခိုက်မှာကို စိုးရိမ်လာကြပြန်ပါတယ်။ စိစိစစ်စစ်လုပ်ဖို့ေ ဆွးနွေးပြောဆိုအကြံပေးကြတာ ကြားသိရပါတယ်။
    တကယ်တော့ အခြားနိုင်ငံတွေမှာလည်း ပြည်ပရင်းနှီးမြှုပ်နှံမှု တွေမပါဘဲ ပြည်တွင်း အင်အားတစ်ခုတည်းနဲ့ အရင်းအနှီး၊ နည်း ပညာ မလုံလောက်လို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး တိုးတက်ဖို့  ခက်ခဲတာကြောင့် နိုင်ငံတိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ထုတ်ပြန်ပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ပြသဖိတ်ခေါ်နေခဲ့တာ ကြတာ ကြာပါပြီ။ ဒီလိုဖိတ်ခေါ်ရတာကိုက နိုင်ငံကြီးပွားတိုးတက်ဖို့ နဲ့ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားပြီး လူမှုစီးပွားရေး ဘ၀တိုးတက်ဖို့ဖြစ်ပါတယ်။
    မည်သည့်နိုင်ငံမဆို မိမိနိုင်ငံနဲ့လူမျိုးအတွက် အမျိုးသားအကျိုး စီးပွားမကြည့်တဲ့ နိုင်ငံရယ်လို့ မရှိပါ။
    လူဦးရေတိုးပွားလာမှုနဲ့ မြေနေရာ အကန့်အသတ်ရှိလာမှုတွေ ကြောင့် မြေသုံးဧကခန့်က အိမ်ထောင်စု တစ်စု နှစ်စုစာ ၀င်ငွေမျိုး ရနေရာက သုံးဧကခန့် မြေပေါ်က စက်ရုံတစ်ရုံက အလုပ်သမား နှစ်ရာ သုံးရာခန့် အလုပ်ပေးနိုင်အောင် ကူးပြောင်းရေး၊ ကုန်ကြမ်း အကြမ်းဈေးကွက်မှာ ဈေးနည်းနည်းနဲ့ရောင်းနေရာက ကုန်ချော ထုတ်လုပ်ပြီး အရည်အသွေးကောင်း၊ ဈေးကောင်းပိုရရေး၊ လူအများ စု လယ်ယာအခြေခံနေရပြီး ၀င်ငွေအကန့်အသတ်ရှိရာမှ စက်မှုနဲ့ ၀န်ဆောင်မှုတွေ တိုးတက်ပြောင်းလဲအောင် ကြိုးပမ်းဆောင် ရွက်ကြ ခြင်းဖြင့် နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။
    တစ်ဖက်မှာလည်း မိမိနိုင်ငံရဲ့တိုးပွားလာမယ့် လူဦးရေ၊ ကမ္ဘာ ကြီးပူနွေးလာမှုနဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် စားနပ် ရိက္ခာထုတ်လုပ်မှုအပေါ် သက်ရောက်မှုအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး စိုက်ပျိုးမြေတိုးချဲ့ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးအောင် ခေတ်မီစိုက်ပျိုးနည်းပညာရပ်များ သုံးစွဲဆောင်ရွက်ခြင်း အပါအ၀င် အမျိုးသားစားနပ်ရိက္ခာဖူလုံ လုံခြုံမှုအတွက်လည်း  ထည့်သွင်းစဉ်းစားရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်ရေရှည်မှာ မိမိနိုင်ငံ သားတွေရဲ့ အကျိုးစီးပွားအတွက် ဘယ်လိုမူဝါဒများကို ဦးစားပေး ချမှတ်သင့်တယ်ဆိုတာ၊ အခြေအနေအချိန်အခါ၊  အကျိုးအကြောင်း တွေ ချိန်ဆပြီး၊ အသိဥာဏ်ကြွယ်ဝစွာနဲ့ စီမံခန့်ခွဲဆောင်ရွက်ကြ ရမှာ ဖြစ်ပါတယ်။
    တကယ်တော့ အရင်ကရော၊ အခုပါ မိမိတိုင်းရင်းသား လုပ်ငန်း ရှင်တွေ အကျိုးစီးပွားမထိခိုက်ဖို့၊ မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာမထိခိုက်ဖို့၊ အချုပ်အခြာအာဏာ မထိခိုက်ဖို့၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့ စတဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဆောင်ရွက်ေ ပးနေကြ ကြောင်း သမ္မတကြီးရဲ့ မိန့်ကြားမှုမှာ ပါတာကို ဖတ်ရသလို ဌာန ဆိုင်ရာမေးတော့လဲ တိုင်းရင်းသားလုပ်ငန်းရှင်များ မထိခိုက်ေ ရး စိစစ် ဆောင်ရွက်လျက် ရှိကြောင်း ရှင်းပြကြပါတယ်။
    ဒါပေမယ့်လည်း အရင်အစိုးရကာလကတည်းက အာဆီယံ ဒေသတွင်း ခေါင်းဆောင်ကြီးများ သဘောတူ လက်မှတ်ရေးထိုးထား ခဲ့တဲ့ ကတိက၀တ်တွေကိုတော့ လိုက်နာကြရလိမ့်မယ်လို့ ယူဆ ပါတယ်။ အာဆီယံ ခေါင်းဆောင်တွေကလည်း အာဆီယံကို တည်ငြိမ်တဲ့၊ အောင်မြင် ကြွယ်ဝတဲ့၊ ယှဉ်ပြိုင်မှုစွမ်းအားမြင့်မားတဲ့၊ အချိုးညီညီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့၊ ဆင်းရဲနွမ်းပါးမှုနဲ့ လူမှု
စီးပွားရေးကွာခြားမှု နည်းပါးတဲ့ဒေသကြီးဖြစ်လာဖို့အတွက် အာဆီယံ မျှော်မှန်းချက် ၂၀၂၀ (ASEAN Vision 2020) ကို ကြေညာခဲ့ပါ တယ်။
    ၂၀၀၃ ခုနှစ် ဘာလီထိပ်သီးအစည်းအဝေးမှာနိုင်ငံခေါင်းဆောင် ကြီးတွေက အာဆီယံ စီးပွားရေး အသိုက်အ၀န်း(AEC)ကို ၂၀၂၀ ခုနှစ်မှာဒေသဆိုင်ရာစီးပွားရေးပေါင်းစည်းမှု(ဘာလီကွန်းကော့ဒ်-၂) ရဲ့ အဓိကရည်မှန်းချက်အဖြစ် ကြေညာခဲ့ပါတယ်။
    အာဆီယံစီးပွားရေး အသိုက်အ၀န်းကို ၂၀၁၅ ခုနှစ်မှာ အောက် ပါအတိုင်းတည်ထောင်ဖို့ (၁၂)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်း အဝေးမှာ စီဘူး ကြေညာချက်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်-
-    ကုန်စည်များ လွတ်လပ်စွာစီးဆင်းနိုင်ရန်
    (Free Flow of Goods)
-    ၀န်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းနိုင်ရန်
    (Free Flow of Services)
-    ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းနိုင်ရန်
    (Free Flow of Investment)
-    ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်း အလုပ်လုပ်နိုင်ရန်
    (Free Flow of Skill Labour)
-    ငွေကြေး အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်ရန်
    (Freer Flow of Capital)
    အထက်ပါအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ လွှတ်တော်၊ အစိုးရ၊ ပြည်သူတွေဟာ ရှုထောင့် အမျိုးမျိုး၊ အမြင်အမျိုးမျိုး၊ ဦးတည်ရာအမျိုးမျိုးနဲ့ ရှေ့မရှုကြဘဲ လူတစ်စုရဲ့ အသိကို အများအသိ ဖြစ်အောင် တူညီတဲ့အသိ၊ တူညီတဲ့ရည်မှန်းချက်နဲ့ အခက်အခဲ မှန် သမျှကိုလက်တွေ့ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင် ရွက်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နိုင်ေ အာင် ဆွေးနွေး ညှိနှိုင်း အဖြေရှာသွားကြရမှာပဲ ဖြစ်ပါတယ်။
    ပြည်တွင်း မငြိမ်းချမ်းမှုဒဏ်၊ စီးပွားရေးပိတ်ဆို့မှုဒဏ်နဲ့ အရင်း အနှီး၊ နည်းပညာမရရှိခဲ့မှုတွေကြောင့် နှစ်များစွာ စီးပွားရေး နောက်ကျမှုတွေမှာ လျှပ်စစ်မီးမရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ်ငွေကြေး စနစ်စတဲ့ အထွေထွေကိစ္စတွေ အားလုံးကို တစ်နေ့တည်း၊ တစ်ရက်တည်း ဆွေးနွေးရုံနဲ့တော့ ပြီး နိုင်မှာမဟုတ်ပါဘူး။ အစိုးရအားနည်းချက်၊  ထုတ်လုပ်သူကုန်သည် လုပ်ငန်းရှင် အားနည်းချက်ဆိုပြီး သူ့အပြစ်၊ ကိုယ့်အပြစ် ပြောနေလို့ အခြားနိုင်ငံကို ရင်ဘောင်တန်းနိုင် မှာမဟုတ်ပါ။ညီညီညွှတ်ညွှတ် ကြိုး စားပြီး အလုပ်လုပ်ကြမှရပါမယ်။
    ကိစ္စတစ်ခုကို ယေဘုယျအပေါ်ယံအဖြေရှာဆောင်ရွက်ရုံနဲ့ မရ ပါ။ လုပ်ငန်းအလိုက် ဆက်နွှယ်မှု (Supply Chain/Value Chain) တစ်ခုလုံးကိုအတွင်းကျကျ၊နှိုက်နှိုက်ချွတ်ချွတ်လေ့လာဆွေးနွေး အဖြေ ရှာပြီးမှ မူဝါဒနဲ့ လုပ်ငန်းစဉ်အစီအမံတွေ၊ မဟာဗျူဟာ၊ နည်းဗျူဟာ တွေ ချမှတ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
    AFTA    ကြောင့် စက်မှုကုန်ထုတ်လုပ်ငန်း ထိခိုက်မှုမျိုးကို မဆို ထားနဲ့ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ပြည်ပက ကြက်သွန်ဖြူတွေ စီးဝင်လာပြီး မန္တလေး၊ ရန်ကုန်မှာ တစ်ပိဿာ ၇၀၀ ကျပ်နဲ့ ရောင်းနိုင် ချိန်မှာ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်တဲ့ ကြက်သွန်ဖြူက အရည် အသွေးကောင်းပေမဲ့ ထွက်နှုန်း၊ ထုတ်လုပ်မှုစရိတ်၊ ရောင်းဈေး မယှဉ် နိုင်လို့ကုန်သည်ရော၊ တောင်သူပါ အရှုံးပေါ်ခဲ့ကြရပါတယ်။ သစ်သီး ၀လံလည်း ပြည်ပကစီးဝင်တာ ဈေးသက်သာရင် ပြည်တွင်းထုတ်လုပ် ရောင်းချမှုက ဈေးကြီးလို့ လိမ္မော်ခြံတွေ ပြုတ်သွားခဲ့တာလည်း ပညာ ရခဲ့ပါပြီ။ ပဲမျိုးစုံလည်း ဈေးရတုန်း ပျော်နေနိုင်ပေမဲ့ နောင်ဈေးကွက် ပျောက်ရင် ဘာလုပ်မလဲဆိုတာ အရန်နည်းလမ်း ကြိုမစဉ်းစားနိုင်ရင် တော့ ထိကြဦးမှာပါ။ ပြီးခဲ့သော ကာလများက ပြည်ပကို တင်ပို့ခွင့် မပြုခဲ့တဲ့ နှမ်းနီညိုကို ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုရေး လုပ်ငန်းရှင် တစ်စုက ကြိုးပမ်းတင်ပြခဲ့ရာမှာ ၎င်းကိစ္စကို အထက်မြန်မာပြည်က ဆီစက်လုပ်ငန်းရှင်များက ဆီစက်လုပ်ငန်းများထိခိုက်မည်ကို စိုးရိမ် ကာ သဘောမတူခဲ့တဲ့ အခြေအနေတွေ ၊ မွေးမြူ ရေးလုပ်ငန်းဘက် ကလည်း တိရစ္ဆာန်အစားအစာ ပြည်တွင်းဈေးမြင့်မှာကို စိုးရိမ်ပြီး သဘောမတူခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့ဖူးပါတယ်။
    စက်မှု ကုန်ထုတ်လုပ်ငန်းများမှာလည်း လွန်ခဲ့သောနှစ်များက လေအေးပေးစက်၊ ရေခဲသေတ္တာ အစိတ်အပိုင်းတွေ ဈေးပေါပေါနဲ့ တင်သွင်းတပ်ဆင် တံဆိပ်ကပ်ရောင်းလို့ ပြည်တွင်းထုတ်လုပ်မှု လုပ် ငန်း အချို့ထိခိုက်ခဲ့တာလည်း ကြုံခဲ့ပါပြီ။
    ဒီနေရာမှာတင်သွင်းတာက ကုန်သည်၊ ထုတ်လုပ်တာက စက်မှု လုပ်ငန်းရှင်၊ ဒီကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်တွေ ညီညွီညွတ်ညွတ် ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လုပ်ငန်းရှင်တွေ မထိခိုက်အောင် ညှိနှိုင်းဖို့ နိုင်ငံတိုင်းမှာ ကုန်သည်/စက်မှုအသင်း (Chamber of Commerce and Industry)တွေ ဖွဲ့စည်းကြတာဖြစ်ကြောင်း သိရှိ ရပါတယ်။
    မြန်မာနိုင်ငံမှာ RUMFCC I  နဲ့ ညီနောင်အသင်းအဖွဲ့ ၅၀ ကျော် ရှိပါတယ်။ နောက်ပိုင်းဖွဲ့တဲ့ အသင်းတွေမှာ Supply Chain မှာပါတဲ့ စိုက်ပျိုးသည်မှ ထုတ်လုပ်တင်ပို့ရောင်းချတဲ့အဆင့်ထိ စိုက်ပျိုး ထုတ်လုပ်သူရော၊ ပွဲစား၊ ကုန်သည်၊Exporter  အထိ Chain ကြီး တစ်ခုလုံး ဆွေးနွေးညှိနှိုင်းနိုင်အောင် ဖွဲ့ထားခဲ့တာ လေ့လာ တွေ့ရှိရ ပါတယ်။
    ယခုနောက်ပိုင်းမှာတော့ Public Private Partnership (PPP) ဆိုတာ အစိုးရဌာနအဖွဲ့အစည်းနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး ဆွေး နွေးသည်မှ ပူးပေါင်းကုန်ထုတ်သည်အထိ နိုင်ငံတကာမှာ လုပ်နေကြ ပြီ ဖြစ်ပါတယ်။
    အဓိကတော့ သွင်းကုန်သွင်းသူနဲ့ ပို့ကုန်ပို့သူ အမြင်မတူသလို ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင် အမြင်တူဖို့ ခဲယဉ်းပါတယ်။ ဒီလိုပါပဲ အစိုးရဌာနအမြင်နဲ့ ကုန်သည်လုပ်ငန်းရှင်အမြင်နဲ့ ရှုထောင့် မတူ နိုင်ပါ။ ဒေါ်လာငွေလဲနှုန်း မြင့်တာကို ပို့ကုန်သမားများက လိုလား သော်လည်း သွင်းကုန်သမားများက မလိုလားတာလည်း တွေ့ရပါ တယ်။ ဒေါ်လာငွေလဲနှုန်းမြင့်ပါက တစ်ဖက်က  မိမိထုတ်ကုန်တင်ပို့မှု တွက်ခြေကိုက်သဖြင့်တောင်သူမှအစ ကုန်သည်အထိ အကျိုးအမြတ် ရတာကြောင့်ဝမ်းသာစရာ ဖြစ်ပါတယ်။  တစ်ဖက်ကလည်း ဓာတ်မြေ သြဇာ ၊ ပိုးသတ်ဆေးတင်သွင်းမှု ဈေးမြင့်လာပြီး စိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေဖို့လည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ စက်ရုံသုံး ကုန် ကြမ်း ဈေးနှုန်းများကို စဉ်းစားဖို့လည်း လိုပါတယ်။
    ပို့ကုန်အပေါ်အခွန်လျှော့ပေါ့ပေးခြင်းဖြင့် ကုန်သည်ရော ၊ စိုက် ပျိုးထုတ်လုပ်သူ တောင်သူပါ အကျိုးရှိပြီး ထုတ်လုပ်မှုတွက်ခြေကိုက် လာမယ်လို့ တောင်သူလယ်သမားများအတွက်  ဦးတည်ဆွေးနွေးသံ လည်း ကြားခဲ့ရပါတယ်။ ဒေါ်လာငွေလဲနှုန်း မြင့်စေလိုခြင်း ဟာ တောင်သူလယ်သမားများ အကျိုးအတွက် အဓိက စဉ်းစားခဲ့တယ် လို့လည်းဆိုပါတယ်။ ပို့ကုန်အပေါ် အခွန်လျော့ပေါ့ခဲ့တဲ့ အတွက် တောင်သူလယ်သမားများအတွက် ရာခိုင်နှုန်း မည်မျှခံစားရပြီး၊ သီးနှံ ဈေးနှုန်း ဘယ်လောက် ပိုရခဲ့ပါသလဲလို့ အချို့က မေးခွန်းထုတ်ခဲ့တာ ကိုလည်း ကြားသိခဲ့ပါတယ်။ သီးနှံဈေးနှုန်း ကျဆင်းတဲ့အတွက် နိုင်ငံ တော် က ဈေးနှုန်းတစ်ခု သတ်မှတ်မြှင့်တင်ဝယ်ယူရေး လမ်ညွှန် စီစဉ်ခဲ့သော်လည်း တောင်သူလယ်သမားများ လက်ဝယ်သီးနှံ မရှိ တော့သည့် အချိန်ရောက်မှ
ဝယ်ယူရေးလုပ်ငန်းများ အရှိန် မြှင့်ပါက အကျိုးထူးမည် မဟုတ်ကြောင်း ပြောဆိုသံလည်း ကြားခဲ့ရပါတယ်။
    ဒီအသံတွေအားလုံးကို နားထောင်ကြည့်လိုက်ရင် အစိုးရဌာန တွေ အနေနဲ့ လူတစ်ဦး ၊ လူတစ်စုက ရှုထောင့် တစ်ခုဖြင့် တင်ပြမှု အပေါ်တွင်သာ စဉ်းစားခြင်းထက် လူထုလူတန်းစား အလွှာအသီးသီး အကြား ကဏ္ဍအလိုက်၊ ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့် ကွင်း ဆင်းဆွေးနွေး အဖြေရှာပြီး မူဝါဒ (Policy)နဲ့ လုပ်ငန်းစဉ် (Strategy) ချမှတ်လုပ်ဆောင်နိုင်မှသာလျှင် အခုတစ်မျိုး ၊ နောက် တစ်မျိုး ၊ အမျိုးမျိုးပြောင်းသည်ဟု ပြောဆိုဝေဖန်ခံရခြင်း ကင်းလွတ် ပြီး ပွင့်လင်းထင်သာ မြင်သာရှိတဲ့ ၊ အများဆန္ဒပါဝင်တဲ့ အစိုးရဌာန များ၊ ပညာရှင်များ ၊ လူထုလူတန်းစား အလွှာအသီးသီးက စုပေါင်း တာဝန်ယူတဲ့ Good Governance လမ်းကြောင်းပေါ်ကို ရောက်ရှိ မှာ ဖြစ်ပါတယ်။
    နိုင်ငံတော်သမ္မတကြီး မိန့်ကြားသကဲ့သို့ တိုင်းပြည်နဲ့ လူမျိုးတိုး တက်ချင်တဲ့ အမျိုးသားရေးစိတ်ဓာတ် ရှိသူတိုင်း မတူညီတာတွေ ခဏထားပြီး တူညီတာတွေ စလုပ်နိုင်အောင် တူညီသောအသိမှ တူညီသောရည်မှန်းချက်နဲ့ လက်တွေ့ ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်မဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခြင်းဖြင့်အဖြေရှာရမှာ ဖြစ်ပါတယ်။
    ဇွန် ၁၉ ရက်က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များနဲ့ စပ်လျဉ်းပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ယင်း မိန့်ခွန်းမှာ တိုင်းဒေသ ကြီး/ ပြည်နယ်များအလိုက် ဆွေးနွေးပွဲများ ကျင်းပရန်မှာကြားထားပြီးဖြစ်လို့ ဒေသအစိုးရများ၊ စီးပွားရေး/ လူမှု ရေး အသင်းအဖွဲ့များ၊ စီးပွားရေးပညာရှင်များ၊ လွှတ်တော် ကိုယ်စား လှယ်များက ယခုကုန်သည်လုပ်ငန်းရှင်အချို့ စိုးရိမ်ပူပန်နေကြတဲ့ AFTAအတွက်ရော၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ကိစ္စရော၊ တရားမ၀င်  မှောင်ခိုကူးသန်းရောင်းဝယ်မှုကိစ္စတွေပါ ဆွေးနွေးကြပြီး ဒေသတွင်းနဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံက ဂုဏ်သိက္ခာရှိစွာ မားမားမတ်မတ် ရပ်တည်နိုင်အောင် ညီညီညွတ်ညွတ် အဖြေရှာ၊ မူဝါဒလုပ်ငန်းစဉ်တွေ ချမှတ်ပြီး လက်တွေ့ထိထိရောက်ရောက် အကောင်အထည်ဖော် နိုင်တဲ့အထိ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီတော့မှ တစ်ဦး တစ် ယောက်ချင်း စိုးရိမ်ပူပန်မှု၊ တစ်စုတစ်ဖွဲ့ချင်း ထင်မြင်ယူဆမှုမှ အများပြည်သူကိုယ်စားပြုဆန္ဒနဲ့ မှန်ကန်တဲ့ ရည်မှန်းချက်၊ တူညီတဲ့ ရည်မှန်းချက်တွေ ချမှတ်လျှောက်လှ မ်းနိုင်မှာဖြစ်ပါတယ်။
    ဒီနေရာမှာ ဆွေးနွေးပွဲများ အကြိမ်ကြိမ်တက်သော်လည်း ဆွေးနွေးတာသာရှိပြီး ဘာမှဖြစ်မလာလို့ ဆွေးနွေးပွဲတွေအပေါ် မယုံကြည်တော့ဘူးလို့ ပြောသူတွေလည်း ရှိပါတယ်။ အသင်းအဖွဲ့ တွေရဲ့ ဆွေးနွေးပွဲတွေမှာ အဖွင့်လောက်ပဲ လူစုံစုံညီညီ တက်ပြီး နောက်ပိုင်းလူတွေ ပြန်ကုန်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်း တယ်လို့ ပြောသူတွေလည်း ရှိပါတယ်။ ပါဝင်ဆောင်ရွက် မှု အားနည်း တယ်လို့ ပြောသူတွေလည်းရှိပါတယ်။ အချို့ အသင်းအဖွဲ့တွေက ညီညွှတ်မှုမရှိတာကြောင့် တူညီသော အသိအမြင် ၊ တူညီသော ရည်မှန်းချက် ၊ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ရုံသာမက အသင်းဝင် များအားလုံးကို ကိုယ်စားမပြုနိုင်တော့ဘူး လို့ ပြောသံလည်း ကြား ရပါတယ်။ ဒါ့အပြင် နိုင်ငံခြားကုမ္ပဏီအချို့က စီစဉ်တဲ့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်း ဆွေးနွေးပွဲေ တွမှာ အခကြေး ငွေယူပြီး ၎င်းတို့အကျိုးစီးပွားအတွက် ဦးတည်လုပ်ဆောင်သွားကြတာတွေကို မပြောလိုပေမယ့် တက်ရောက်ခဲ့ တဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံအပေါ်အယုံအကြည်နည်းသွားစေနိုင်တယ်လို့ သုံးသပ် ပြော ဆိုသံလည်း ကြားရပါတယ်။
    ယခုအချိန်ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ၊ ပြည်သူတို့ရဲ့ လူမှု စီးပွား ရေး အမှန်တိုးတက်မှုအတွက် လက်တွေ့ အကောင်အထည်ဖော်နိုင် မယ့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးနဲ့ လက်တွေ့အောင်မြင် အောင် အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့အချိန် ဖြစ်ပါ တယ်။ သာမန်နှုန်းနဲ့ ကြိုးစားရင် အိမ်နီးချင်းနိုင်ငံအချို့ကဲ့သို့ တိုး တက်ရန်နှစ် ၂၀ ၊ ၃၀ ကြိုးစားရဦးမယ်လို့ သုံးသပ်ပြောဆိုမှုများ လည်း ရှိပါတယ်။  သာမန်ထက် နှစ်ဆ သုံးဆ ကြိုး စားနိုင်ရင်တောင် ၁၀ နှစ်လောက် ကြိုးစားရဦးမှာဖြစ်ပါတယ်။
    ဒါကြောင့် ထိရောက်တဲ့ ဆွေးနွေးပွဲတွေကို ကျင်းပနိုင်အောင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များ ၊ ပညာရှင်များ ညှိ နှိုင်းပြီး လူတစ်စုချင်း ၊ တစ်သင်းချင်း အမြင်တွေကို အများပြည်သူ ကိုယ်စားပြု အမျိုးသားအကျိုးစီးပွားအမြင်အဖြစ် စုစည်း ရရှိနိုင်မယ့် ဆွေးနွေးပွဲခေါင်းစဉ်နဲ့ အစီအစဉ်တွေ ၊ ဆွေးနွေးပွဲဖော် ထုတ်ချက်တွေ ပေါ်ပေါက်လာအောင် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်။
    ဆွေးနွေးပွဲဖော်ထုတ်ချက် ရလဒ်တွေက တစ်ဆင့် ဦးစားပေး ကဏ္ဍနဲ့ ဦးစားပေးနယ်မြေရွေးချယ်ပြီး နှစ် အလိုက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ၊ လူသားအရင်းအမြစ် လေ့ကျင့်မွေးထုတ်မှုများ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလုပ် ဆောင်မှု အားလုံးဟာ နိုင်ငံနဲ့ ပြည်သူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်မှ ၊ ကြိုးစားမှ နိုင်ငံတော်က မျှော်မှန်းတဲ့ စီးပွားရေးတိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။ အလုပ်မလုပ်ဘဲ၊ မကြိုး စားဘဲ မရနိုင်တဲ့အတွက် ညီညီညွှတ်ညွှတ် ကြိုးစားသွားကြရန် ဆန္ဒ ပြု တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
အာဆီယံနှင့်အတူ လိုက်ပါမည်
        ကျွန်တော်တို့တွေ အခုပုဂ္ဂလိက ကဏ္ဍမှ ပုဂ္ဂိုလ်တွေနှင့် အကြောင်းကြောင်းကြောင့် မကြာခဏ တွေ့ဖြစ်ခဲ့ပါတယ်။ ဒီလို ဆုံတွေ့တဲ့အခါသူတို့ကကျွန်တော်တို့ကို အာဆီယံအကြောင်း အထူး သဖြင့် အာဆီယံ စီးပွားရေးအသိုက်အ၀န်းမဏ္ဍိုင်ပါ လုပ်ငန်းတွေကို ပေါင်းစပ်ဆက်သွယ်ပေးနေတဲ့ဌာနက ၀န်ထမ်းတွေဆိုပြီး သူတို့ သိလို တာ၊ စိတ်ထဲမှာခံစားရသမျှတွေ ကိုပြောပြကြတယ်။ ကျွန်တော်လည်း မိမိသိသမျှ အထူးသဖြင့် ကျွန်တော်တို့ အာဆီယံနှင့်အတူ အာဆီယံ အသိုက်အ၀န်း ၂၀၁၅ ကို ချီတက်လိုက်ပါရာမှ အာဆီယံစီးပွားရေး အသိုက် အ၀န်းက ဘာတွေလုပ်နေတယ် ဆိုတာကို ဖေါက်သည်ချ ခဲ့ရတာပေါ့။  အခု ကျွန်တော့်အနေနဲ့ အာဖတာ ၊ အာဆီယံစီးပွား ရေး အသိုက်အ၀န်းဆိုင်ရာနှင့် ပတ်သက်လို့ မြန်မာနိုင်ငံက စီးပွားရေး နယ်ပယ်မှ လူများ သိရှိစေရန် ဝေမျှလိုက်ပါတယ်။
    အာဖတာ ဆိုတဲ့လမ်းက တို့အာဆီယံ ၁၀ နိုင်ငံက ရွေးချယ်ခဲ့ တဲ့ လမ်းပါ၊ ဒီလမ်းကို ၁၉၉၂ ခုနှစ် အာဖတာ စီအီးပီတီလို့ခေါ်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်းအထူးသက်သာတဲ့ အကောက် ခွန် အခွင့်အရေး ခံစားခွင့်ပေးတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးပြီး ၁၉၉၃ ခုနှစ်ဆန်းက စပြီး ဖော်ဆောင်ခဲ့တာပါ။  အဲဒီတုန်းက တော့ အင်္ဂလိပ်လိုပြောရရင် CEPT end rate   ခေါ်တဲ့နောက်ဆုံး လျှော့ချရမဲ့ အကောက် ခွန်နှုန်းက သုည-၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မိတ်ဆွေတို့ မှတ်မိမှာပါ။ ၁၉၉၀ ခုနှစ် ကုန်ခါနီးမှာ အာဆီယံဟာ ငွေကြေးအခက်အခဲကို ရင်ဆိုင်ခဲ့ရပါတယ်။ဒီမှာ အာဆီယံ ခေါင်း ဆောင်ကြီးများဟာ နှောင့်နှေးမှုကင်းစွာနဲ့ ရဲဝံ့ပြတ်သားတဲ့ ဆုံးဖြတ် ချက်တွေနှင့် လုပ်ငန်းတွေကိုဆောင်ရွက်ကြဖို့၁၉၉၉ ခုနှစ်၊ နိုဝင်ဘာ မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ ကျင်းပခဲ့တဲ့ တတိယအကြိမ် အလွတ် သဘော အာဆီယံထိပ်သီး အစည်းအဝေးမှ  Bold measures ကို ချမှတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်အရ အာဖတာ အကောင်အထည် ဖော်မှု အတွက် စီအီးပီတီ ကုန်စည်များအပေါ်အကောက်ခွန် စည်း ကြပ်မှုကို လုံးဝဖယ်ရှားရန် သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီ ဆုံးဖြတ်ချက်အရ မူလ အာဆီယံ ၆ နိုင်ငံလို့ခေါ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊  ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတွေက စီအီးပီတီ အာဖတာ ကုန်သွယ်ရေးအပေါ် အကောက်ခွန်ဖယ်ရှား မှုကို ၂၀၁၀ ခုနှစ်ဆန်း ကတည်းက စတင် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ကျန်တဲ့ စီအယ်အမ်ဗွီ (ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနဲ့ဗီယက်နမ် )တို့က ၂၀၁၅ ခုနှစ်မှ ၉၃ ရာခိုင်နှုန်းသော စီအီးပီတီ ကုန်စည်အပေါ် အကောက်ခွန် ဖယ် ရှားရမှာ ဖြစ်ပြီး အချို့အချိန်လိုတဲ့ ကုန်စည် ၇ ရာခိုင်နှုန်းအပေါ်ကို ၂၀၁၈ ခုနှစ်မှာ ဖယ်ရှားရမှာပါ၊ ဒါကြောင့် ၂၀၁၈ ခုနှစ်ဆိုရင် မိမိတို့ နိုင်ငံဟာ အာဖတာ ကုန်စည်တွေအပေါ် အကောက်ခွန်ဖယ်ပြီး ဖြစ်မှာပါ။
    ဒီလို အကောက်ခွန်ဖယ်ရှားခြင်းကို နိုင်ငံအတွက်ရော ထုတ် လုပ်တင်ပို့သူတွေ အတွက်ပါ ရုတ်တရက် ပြင်းထန်တဲ့ သက်ရောက်မှု မဖြစ်ဖို့တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်းချင်း ဆောင်ရွက်တာပါ။  မိမိတို့ နိုင်ငံ အနေနှင့် စီအီးပီတီ ကုန်စည်တွေအပေါ် စည်းကြပ်တဲ့ အကောက်ခွန်နှုန်းကို ၂၀၀၈ ခုနှစ်ကတည်းပင် သုည-၅ ရာခိုင်နှုန်းသို့ လျော့ချပြီးဖြစ်ပါတယ်။ ထိုနှစ်မှာ မိမိတို့ အနေနဲ့ စီအီးပီတီ ကုန်စည် စုစုပေါင်း၏ ၆၀ရာခိုင်နှုန်းကို အပေါ် စည်းကြပ်တဲ့ အကောက်ခွန်ကို သုည ရာခိုင်နှုန်းသို့လျော့ချ ဖယ်ရှားပြီးဖြစ်ပါတယ်။ အခုနှစ်ဆိုရင် ၈၀ ရာခိုင်နှုန်းသော စီအီးပီတီ ကုန်စည်အပေါ် အကောက်ခွန် ဖယ်ရှားမှာဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ မိမိတို့ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ ကြောက်နေတဲ့ အက်ဖတာ အေအီးစီ ဆိုတာ ၂၀၁၅ ခုနှစ်မှ ဘွားကနည်း ပေါ်လာမှာ မဟုတ်ပါဘူး။ အခုတောင် တဖြည်း ဖြည်းနဲ့ ပုံပေါ်လာတာ ၈၀ ရာခိုင်နှုန်း ဖြစ်နေပါပြီ။ ဒါကို မိမိတို့ စီးပွားရေး လောကသားများ သိဖို့ပါ။ အခု တို့တွေရပ်နေတာ အာဖတာအပေါ် ၈၀ရာခိုင်နှုန်း ရောက်ပြီဆိုတာ နားလည်ရပါမယ်။ ကျန်တဲ့ ၁၃ ရာခိုင်နှုန်းကို မိမိတို့နောက် ၃ နှစ်မှာ၊ ၇ ရာခိုင်နှုန်းကို နောက် ၆ နှစ်မှာ ဆောင်ရွက်ရမှာပါ။ ကဲဒီတော့ ဘာတွေကို စိုးရိမ် နေလဲ။ စိုးရိမ်တာရှိရင် ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပါ။ အနာသိမှ ဆေးရှိမှာပေါ့။  ဒါတွေက ကုန်စည်ကုန်သွယ်ရေးရဲ့ အကောက်ခွန် ဖြေလျော့မှု အပိုင်းလေးပါ။
    မိမိဘက်က စည်းကြပ်တဲ့ အကောက်ခွန်နှုန်းတွေ ဖြေလျှော့ ပေးသကဲ့သို့ ကျန်တဲ့ တစ်ဖက် အာဆီယံ နိုင်ငံတွေကလည်း အလား တူ ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေလည်း အခြား အာဆီယံနိုင်ငံမှာ သက်သာတဲ့ အကောက်ခွန်နှုန်း (သို့မဟုတ်) အကောက်ခွန် သုည ရာခိုင်နှုန်းကို ခံစားခွင့်ရပါတယ်။
    မိမိတို့ အကောက်ခွန် ဖြေလျှော့ပေးလို့ နိုင်ငံတော်ပိုင်းက အကောက်ခွန်ရငွေအပေါ် သက်ရောက်မှု အနည်းနှင့်အများရှိမှာပါ။ ဒါပေမဲ့ အခြားနည်းနှင့် နိုင်ငံအတွက် ဘဏ္ဍာငွေကို အပြည်ပြည် ဆိုင်ရာက ခွင့်ပြု လက်ခံတဲ့နည်းလမ်းတွေနှင့် ပြန်ရှာနိုင်ပါတယ်။ ဒါပေမဲ့ မိမိတို့နိုင်ငံက ပို့ကုန်လုပ်ငန်းရှင်တွေ ကြုံတုန်း ပြောချင်တယ် ဗျ။ မြန်မာနိုင်ငံဟာ အကောက်ခွန်နှုန်း မြင့်မားတဲ့နိုင်ငံ တစ်နိုင်ငံ မဟုတ်ပါဘူး။ မိမိတို့ရဲ့ အကောက်ခွန်နှုန်း အများစုက သုည-၅ ရာခိုင်နှုန်းထဲမှာ ရှိပါတယ်။
    အာဆီယံဟာ တစ်ဖက်ကလည်း အကောက်ခွန်နှုန်းမဟုတ်တဲ့ ကုန်သွယ်မှု အတားအဆီးတွေ ဖြေလျော့ပေးခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ရေးအတွက် အစီအမံတွေ ကို ဆောင်ရွက်ခြင်းများ ပြုလုပ်နေပါတယ်။ ထင်ရှားတဲ့ ဥပမာ ပြောကြရလျင်တော့ သွင်းကုန် လိုင်စင်ကိစ္စအတွက် လမ်းညွှန်မူ၊ အာဆီယံ ပြတင်းတစ်ပေါက်၊ အီး- အကောက်ခွန်စနစ်၊ ကုန်သွယ်တဲ့ ကုန်စည်တွေအပေါ် အသုံးပြုတဲ့ ဓာတုဆေးဝါး ပါဝင်မှု သတ်မှတ်ချက်များ၊ အီလက်ထရောနစ် ပစ္စည်း များ အတွက် အချင်းချင်းအပြန်အလှန် အသိအမှတ်ပြုခြင်းတွေပါ။
အာဆီယံအနေဖြင့် အာဖတာကို ဆောင်ရွက်ရာတွင် ကုန်စည် ကုန် သွယ်ရေးသာမက ၀န်ဆောင်မှု ကုန်သွယ်ရေး၊ ရင်နှီးမြုပ်နှံမှု နယ်ပယ် များပါ လွှမ်းခြုံတဲ့ ဆောင်ရွက်ချက်များ ပြုလုပ်နေပါတယ်။
    အာဆီယံ ကုန်စည်ကုန်သွယ်မှု၊ ၀န်ဆောင်မှု ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေသတွင်းတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းများယှဉ်ပြိုင်၍ ဈေးကွက်ရယူအောင် ဆောင် ရွက်ရာတွင် တရားမျှတသည့် ယှဉ်ပြိုင်မှု အလေ့အထများ ကျွမ်းဝင် ရေး၊ လုပ်ဆောင်မှုများ နည်းစနစ်တကျ ဖြစ်ရေးအတွက် ယှဉ်ပြိုင်မှု မူဝါဒများ၊ ဥပဒေ စည်းမျဉ်း
စည်းကမ်းများ နယ်ပယ်တို့၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်း ယှဉ်ပြိုင်မှု မြင့်မား လာခြင်း၊ ဈေးကွက်လွတ်လပ်မှု ရှိလာခြင်းတို့ ကြောင့် နည်းအမျိုးမျိုးသောမသမာလောဘကြောင့် စားသုံးသူများ ကို ကျန်းမာရေး၊ စီးပွားရေး ထိခိုက်မှုများ ဖြစ်ပွားလာနိုင်မှုများကို ထိန်းသိမ်းနိုင်ရန် စားသုံးသူ အကျိုးစီးပွား ကာကွယ်ရေး ပညာပေးခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နေပါတယ်။
    ဒေသတွင်း လွတ်လပ်သည့် ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှုများ ကြောင့် စီးပွားရေးဖွံဖြိုးမှု အကျိုးသက်ရောက်မှုသည် ဒေသတွင်းရှိ လုပ်ငန်းငယ်များအပေါ် အနုတ်လက္ခဏာဆောင်သည့် သက်ရောက် မှုများ မဖြစ်စေရန် စီးပွားရေးဖွံ့ဖြိုးမှုညီညွတ်မျှတစေရန်ရည်ရွယ်၍ စီးပွားရေး ဖွံ့ဖြိုးမှုမျှတသောဒေသ (Equitable Economic Development)   ဖြစ်လာရေးအတွက်အာဆီယံနိုင်ငံများသည် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး)များ အနေနှင့် လိုအပ်တဲ့ သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက် ခြင်း၊ ငွေကြေးနှင့် နည်းပညာ အထောက်အကူများ ရရှိရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေပါတယ်။ ဤတွင်လည်း အက်စ်အမ်အီး အကြံပေးဘုတ်အဖွဲ့ကို အာဆီယံတွင် ဖွဲ့စည်းထားပြီး၊ ၎င်းအဖွဲ့သည် မိမိတို့လုပ်ငန်းများ ကြုံတွေ့ရသည့်အခြေအနေ၊ တိုးတက်ဖွံ့ဖြိုးရေး အတွက်အာဆီယံအနေဖြင့် ပံ့ပိုးပေးရန်၊ ပတ်ဝန်းကျင်ကောင်း ဖန်တီး ပေးရန် စသည့် အကြံပြုချက်များကို  ဆွေးနွေးတင်ပြနေကြပါတယ်။
    အထက်ပါ လုပ်ငန်းများသည် အာဖတာနှင့် အေအီးစီ ၂၀၁၅ အတွက်အရေးပါသည့် ကြိုးပမ်းမှုများ ဖြစ်ပြီး၊ အဆိုပါ ဆောင်ရွက် ချက်များက အာဆီယံ၏ ပေါင်းစပ်ဆက်သွယ်မှုကို ပိုမိုရှင်သန် လာ ခြင်း၊ကုန်စည်၊ ၀န်ဆောင်မှု၊ ရင်းနှီးမြုပ်နှံမှုများ၊ ကျွမ်းကျင်လုပ်သား များ လွတ်လပ်စွာ စီးဆင်းနိုင်မှု၊ ငွေကြေးများပိုမို၍ လွတ်လပ် စွာ စီးဆင်းနိုင်ခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် မလိုလား အပ်သည့် စရိတ်စကများ လျှော့ချရေး စသည်တို့ကိုအထောက်အကူ ပြုမှာ ဖြစ်ပါတယ်။
    အာဆီယံ ပေါင်းစပ်ယှက်နွှယ်ရေးဆိုင်ရာ မဟာစီမံကိန်းကို လည်း ဆောင်ရွက်နေပြီဖြစ်ရာ အဆိုပါ မဟာစီမံကိန်းပါ လုပ်ငန်း စီမံချက်များသည် အာဆီယံပေါင်းစည်းရေး ကွန်ရက်အတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ထို့အပြင် အာဆီယံ၏ ဒေသခွဲ များ/ ဖွံဖြိုးမှုဒေသခွဲငယ်များ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု များသည် ဒေသဆိုင်ရာ ပေါင်းစပ်ယှက်နွှယ်ရေးလုပ်ငန်းများ(ဥပမာ အရှေ့-အနောက်စင်္ကြံ၊ အနောက်-အရှေ့စင်္ကြံ၊ တောင်-မြောက်စင်္ကြံ စသည်များ) သည် ဒေသတွင်း hard infrastructure နှင့် soft infrastructure  တိုးတက်ရေး၊ နယ်မြို့ငယ်လေးများအပါအ၀င် ပေါင်းစပ်ဆက်နွှယ်မှုကို ပိုမိုချောမွေ့စေပြီး၊ ၎င်းမှ တစ်ဆင့် သယ်ယူ ပို့ဆောင်ရေး စရိတ်များကို လျှော့ချနိုင်ခြင်း၊ ဒေသအ၀ှမ်း လူမှု စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည် ဖြစ်ပါတယ်။
    အာဆီယံသည် အာဆီယံပေါင်းစည်းရေးမှသည် အရှေ့အာရှ၊ အာဆီယံအပေါင်း နိုင်ငံများအဆင့်၊ ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်း နေရာ မြန်မာနိုင်ငံအနေဖြင့်လည်း နောက်ကျကျန်ရစ်ခြင်း မရှိလေ အောင် ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
    အာဆီယံအနေဖြင့်အဲဒီလို ရဲဝံ့သည့် လုပ်ဆောင်ချက်များ၊ ကိုယ်ကျိုး စီးပွားကာကွယ်မှုထက် မိမိတို့လျောက်နေတဲ့ လွတ်လပ် သော ကုန်သွယ်မှုလမ်းစဉ်ကို တစ်စိုက်မတ်မတ် ဆက်လက် လျှောက် လှမ်းခြင်းကြောင့် ၂၀၀၀ ပြည့်နှစ်များအတွင်း ကြုံတွေ့ခဲ့ရတဲ့ ငွေကြေး အကျပ်အတည်းမှ ဆောလျင်စွာ နလန်ထူလာနိုင်ခဲ့တဲ့အပြင် ကမ္ဘာ့စီးပွားရေး နလန်ထူမှုအတွက် အဓိက အခန်းကဏ္ဍမှ  ပါဝင်ခဲ့ တဲ့ ဒေသတစ်ခုအဖြစ်ပင် အသိအမှတ်ပြု ခံခဲ့ရတာကိုတွေ့ရမှာ ဖြစ်ပါ တယ်။ယခုအချိန်မှာလည်း ဥရောပငွေကြေးအခက်အခဲ များကြောင့် အာဆီယံ အနေဖြင့် မိမိ၏ ရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွယ်မှုအတွက် ငွေကြေးလွှဲပြောင်းမှုများမှ တစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက် များကို မှန်းဆ ကာကွယ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်နေရပါ တယ်။
    သက်ဆိုင်ရာ ဌာနဆိုင်ရာများ အနေဖြင့်လည်း ပြည်ပမှ လာ ရောက်သည့် ရင်းနှီးမြှုပ်နှံသူများအား လာရောက်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် မိမိတို့၏ စီးပွားရေး လုပ်ငန်းငယ်များကို အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရေး၊ နည်းပညာ မျှဝေရေး အတွက် ပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းနေကြောင်း၊ စီးပွားရေး ကုန် သည်များကိုလည်း တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်  business matching များ ပြုလုပ်ပြီး၊ လုပ်ငန်းဆက်စပ်လုပ်ကိုင်ကြရန်၊ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများအား လူ့စွမ်းအား မြင့်မားရေးအတွက် အထောက်အကူပေးရန်၊ လိုအပ်တဲ့ ငွေကြေးအထောက်အပံ့များ ကူညီရန် အစဉ် တိုက်တွန်းနေကြောင်းကို အသိပေးလိုပါတယ်။
    ၂၀၁၄ ခုနှစ်တွင် အာဆီယံ လုပ်ငန်းစဉ်များကို ဦးဆောင်မည့် သဘာပတိ တာဝန်ယူနိုင်ရေးနှင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသတွင် မြန်မာနိုင်ငံမှ ဈေး ကွက် ယှဉ်ပြိုင်နိုင်မှုရှိရေး ရည်မှန်းချက်ဖြင့် အာဆီယံ စီးပွားရေး အသိုက်အ၀န်းပါ အကောင်အထည်ဖော်ရမည့် ဘာသာရပ်အလိုက် သက်ဆိုင်ရာ ဒုတိယ၀န်ကြီးများ ဦးဆောင်သည့် လုပ်ငန်း ကော်မတီ ၁၅ ခုကို ဖွဲ့စည်းထားပါတယ်။ လုပ်ငန်းကော်မတီတွေကတော့ -
(၁)    ကုန်စည်များ လွတ်လပ်စွာစီးဆင်း    -    ဒုတိယ၀န်ကြီး
           စေနိုင်ရေးလုပ်ငန်းကော်မတီ စီးပွား/ကူးသန်းဝန်ကြီးဌာန
(၂)    ၀န်ဆောင်မှုများ                         -    ဒုတိယ၀န်ကြီး
    လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး ပို့ဆောင်ရေးဝန်ကြီးဌာန
    လုပ်ငန်းကော်မတီ
(၃)    ရင်နှီးမြှုပ်နှံမှုများ                   -    ဒုတိယ၀န်ကြီး
    လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး  စီမံ/ စီးပွားဝန်ကြီးဌာန
    လုပ်ငန်းကော်မတီ
(၄)    ငွေကြေးအရင်းအနှီးများ         -      ဥက္ကဌ
    ပိုမို လွတ်လပ်စွာ           မြန်မာနိုင်ငံတော်ဗဟိုဘဏ်   
    စီးဆင်းစေနိုင်ရေးလုပ်ငန်း   
    ကော်မတီ၊
(၅)    ကျွမ်းကျင်လုပ်သားများ           -    ဒုတိယ၀န်ကြီး
    လွတ်လပ်စွာ ရွှေ့ပြောင်း       အလုပ်သမားဝန်ကြီးဌာန
    လုပ်ကိုင်စေနိုင်ရေးလုပ်ငန်းကော်မတီ၊
(၆)    ယှဉ်ပြိုင်မှု မူဝါဒ                     -    ဒုတိယ၀န်ကြီး
    အကောင်အထည်ဖော်ရေး   စီးပွား/ကူးသန်းဝန်ကြီးဌာန
    လုပ်ငန်းကော်မတီ               
(၇)    စားသုံးသူများ                      -    ဒုတိယ၀န်ကြီး
    အကာအကွယ်ပေးရေး      စီးပွား/ကူးသန်းဝန်ကြီးဌာန
    လုပ်ငန်းကော်မတီ        
(၈)    ဥာဏပစ္စည်းဆိုင်ရာ          -    ဒုတိယ၀န်ကြီး
    မူပိုင်ခွင့် အကောင်အထည်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
    ဖော်ရေး လုပ်ငန်းကော်မတီ၊       
(၉)    အခြေခံ အဆောက်အအုံဆိုင်ရာ    -    ဒုတိယ၀န်ကြီး
    ဖွံ့ဖြိုးတိုးတက်ရေး           ဆောက်လုပ်ရေးဝန်ကြီးဌာန
    လုပ်ငန်းကော်မတီ၊       
(၁၀)    အခွန်စည်းကြပ်မှုဆိုင်ရာ     -    ဒုတိယ၀န်ကြီး
    ကိစ္စရပ်များဆောင်ရွက်    ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
    ရေး လုပ်ငန်းကော်မတီ     
(၁၁)    အီလက်ထရောနစ်ဆက်သွယ်ရေး    -    ဒုတိယ၀န်ကြီး
    နည်းဖြင့်ကူးသန်းရောင်း      ဆက်သွယ်ရေး၊ စာတိုက်နှင့်
(၁၂)    အသေးစားနှင့် အလတ်စား     -    ဒုတိယ၀န်ကြီး
    လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး    စက်မှုဝန်ကြီးဌာန
    လုပ်ငန်းကော်မတီ၊                   
(၁၃)    အာဆီယံ ကနဦး ပေါင်းစည်းရေး    -    ဒုတိယ၀န်ကြီး
    အစီအစဉ် ဆောင်ရွက်ရေး    နိုင်ငံခြားရေးဝန်ကြီးဌာန
    လုပ်ငန်းကော်မတီ            
(၁၄)    ပြင်ပစီးပွားရေး ဆက်ဆံမှုများတွင်    -    ဒုတိယ၀န်ကြီး
    ညီညွတ်သောချဉ်းကပ်နည်းဖြစ်  စီမံ/စီးပွားဝန်ကြီးဌာန
    ရေးနှင့်ကမ္ဘာလုံး ဆိုင်ရာထောက်ပံ့
    ဖြည့်ဆည်းမှု ကွန်ရက်၌ ပူးပေါင်း
    ပါဝင်မှု တိုးမြှင့်ရေးလုပ်ငန်းကော်မတီ
(၁၅)    စာရင်းအင်း အချက်အလက်    -     ဒုတိယ၀န်ကြီး
    ဆိုင်ရာလုပ်ငန်း ကော်မတီ       စီမံ/စီးပွားဝန်ကြီးဌာန
တို့ဖြစ်ပါတယ်။
    လုပ်ငန်းကော်မတီမှာ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ သာမက ပုဂ္ဂလိက ကဏ္ဍ အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ကိုယ်စားလှယ် များလည်း ပါဝင်ပါ တယ်။ လုပ်ငန်းကော်မတီ ၁၅ ခုဟာ ပုဂ္ဂလိကနှင့် အစိုးရဌာနများ ပူးပေါင်း၍ လုပ်ငန်းများကို အချိန်မီ ပြီးမြောက်ရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက် ရှိသကဲ့သို့  လုပ်ငန်းရှင်များ၊ ပြည်သူ များ အာဖတာ၊ အေအီးစီအကြောင်း   လုပ်ငန်းနယ်ပယ်အလိုက် သိရှိနားလည်ေ စရန် ဟောပြောပို့ချ သည့် ဆွေးနွေးပွဲများ ကျင်းပ ဆောင် ရွက်နေပါတယ်။ အဆိုပါ ဆွေးနွေးမှုများ ကို မြန်မာနိုင်ငံသည် ဒေသအလိုက်ပေါကြွယ် /အားသန်သည့်ကုန်စည်ထုတ်လုပ်မှု အပေါ် အခြေခံ၍ ပြည်နယ်၊တိုင်းဒေသကြီး အဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ (ဥပမာ-
ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါး၊ ပဲခူးတိုင်း၊ ဒေသကြီးတွင် ပဲ၊ မကွေးတိုင်းဒေသကြီးတွင်နှမ်း၊ ရှမ်းပြည်နယ် တွင် သစ်သီးဝလံ အထူးအလေးပြုသည့် ဆွေးနွေးပွဲများကျင်းပခြင်း)၊ ထို့ နောက် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲများကို ပုဂ္ဂလိကမှ ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးနှင့် လူမှုစီးပွားရေး ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ စသည့် ပြည်တွင်းပုဂ္ဂိုလ်များနှင့် အခြားကျွမ်းကျင်သူ အတိုင်ပင်ခံ များ ပါဝင်၍ ဆွေးနွေးခြင်းများပြုလုပ်၍ အာဖတာ အေအီးစီ အတွက် မြန်မာ့စီးပွားရေး နယ်ပယ်မှ သိရှိပြီး လိုအပ်သည်များ ပြင် ဆင်နိုင်ရေး ဆောင်ရွက်နေပါတယ်။
    နိုင်ငံတော်အနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း ထူ ထောင်ရေးမှာ အခြားအာဆီယံနိုင်ငံများနည်းတူ အာဆီယံ စီးပွားရေး အသိုက်အ၀န်းပုံစံ၏ နှစ်အလိုက် ပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် နှောင့်နှေးမှု မရှိဘဲ ဆောင်ရွက် နိုင်ရန်၊ အာဆီယံနိုင်ငံများအတွင်း အခြားနိုင်ငံများထက် နောက်ကျ ကျန်နေခြင်းမရှိဘဲသာတူညီမျှ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ဆောင် ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ရည်မှန်းချက်များနှင့် အာဆီယံ၏ စီးပွားရေး ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိအောင် ဆောင်ရွက်ရန်၊မျှော်မှန်းချက်များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့အကြား ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားရမှာ ဖြစ်တာမို့ ရင်းနှီးပွင့်လင်းစွာ၊ ထင်သာမြင်သာဖြင့် မှန်ကန်စွာ လက်တွဲ ညီညီ ဆောင်ရွက်သွားခြင်းဖြင့် အခြားအာဆီယံအဖွဲ့ဝင်များနှင့် အတူ လျှောက်လှမ်းနေသည့် အာဆီယံကို ဗဟိုပြုသည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်းပန်းတိုင်မှတစ်ဆင့် အာဆီယံအသိုက်အ၀န်း ပန်းတိုင်သို့ သာတူညီမျှ ဖွံ့ဖြိုးမှု၏ အသီးအပွင့်များခံစားလျက်လိုက်ပါ သွားနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
အေအီးစီဆိုတာ ကြောက်စရာ ဟုတ်ရဲ့လား?
    အာဆီယံဆိုတာ အရှေ့တောင် အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ဒေသဆိုင်ရာ အသင်းအဖွဲ့တစ်ခုဆိုတာ အတော်များများ သိနေကြ ပါပြီ၊ ဒီ ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံပါတယ်ဆိုတာလဲသိနေကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်တယ်ဆိုတာ သိနေ ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ ရာထူးရယူမယ်ဆိုတာ လဲ သတင်းမီဒီယာတွေရဲ့ ကျေးဇူးကြောင့် အတော်လေး သိနေကြပါ ပြီ။ ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အ၀န်း (အေအီးစီ) ဖြစ်ပေါ်လာဖို့ အဖွဲ့ဝင် ၁၀ နိုင်ငံအသီးသီးဟာ ကြိုးပမ်းဆောင်ရွက်
နေကြတယ်ဆိုတာလည်း သိနေကြပါပြီ၊ ဒါကြောင့် အေအီးစီဆိုတာ ကြောက်စရာကြီးလို့ ပြောတဲ့သူကပြော၊ ကြောက်စရာမဟုတ်ပေမဲ့ စိုးရိမ်တယ်လို့ ပြောသူကပြောနဲ့ အေအီးစီကို အမျိုးမျိုး သူ့အမြင် ကိုယ့်အမြင် ပြောနေကြတာ ကြားသိနေရပါတယ်။
ဒါကြောင့် အဲဒီပြောတဲ့သူတွေ အေအီးစီကို ကြောက်တာဟာ ဘာကြောင့်လဲ ? စိုးရိမ်တာဘာကြောင့်လဲ? လို့ စူးစမ်းကြည့်လိုက်တဲ့ အခါ အများစုဟာ အေအီးစီဆိုတာကို ဂဃနဏ မသိ၊ အသေအချာ မလေ့လာဘဲနဲ့ အများယောင်လို့ လိုက်ယောင်နေတဲ့သူတွေ ဖြစ်နေ တာ များပါတယ်။ အေအီးစီအကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ အေအီးစီဖြစ်ပေါ်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်နေတာတွေ၊
နိုင်ငံတော်အနေနဲ့ အေအီးစီဖြစ်လာရင် နိုင်ငံတော်အကျိုးစီးပွား ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့၊ အေအီးစီဖြစ်လာရင် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမဲ့ အခွင့်အလမ်းတွေရရှိဖို့  စီမံဆောင်ရွက်နေတာ တွေ၊ ပုဂ္ဂလိကတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ  စတာတွေကို ဂဃနဏ မသိတဲ့သူတွေများနေပါတယ်။ ဒီနေရာမှာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားလို့ဆိုလိုက်ရင် နိုင်ငံသားအားလုံး၊ လူတန်းစားမရွေး၊ လူမျိုးဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ ဆူကြုံနိမ့်လတ်မရွေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အကျိုး စီးပွားအတွက် ဆိုတာကိုလည်း ပျက်ပျက်ထင်ထင်မမြင်ကြသူတွေ များပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတော်အစိုးရ လုပ်ကိုင် ဆောင်ရွက်နေတာ လူတစ်စုအတွက်၊ ပါတီအတွက်လို့သာ မြင်နေ ကြတယ်။ ဒီအမြင်ကတော့ ခေတ်နောက်ကျန်နေတဲ့ အမြင်လုံးလုံး လျားလျားဖြစ်နေပြီလို့ ပြောရပါမယ်။ ဘာကြောင့်လဲ ၊ ကြည့်ပါ၊ လက်ရှိအစိုးရ အဖွဲ့ဝင်အများစုဟာ ပါတီတစ်ခုတည်း က ဖြစ်ပေမဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ သူတို့ရဲ့ အဓိကတာဝန်ဖြစ် တဲ့ နိုင်ငံတော်အကျိုးရှိစေ ဖို့ ပြည်သူပြည်သား အကျိုးရှိစေဖို့ကို ဦးထိပ်ပန်ဆင်ပြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေ ရဲ့ ရွေးချယ်တင်မြှောက် မှုနဲ့ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေဆိုတာ မေ့နေကြသလားတော့ မသိပါ၊ သူတို့တစ်တွေရဲ့ လုပ်ကိုင်ဆောင်ရွက် မှုတွေကို ပြည်သူေ တွ ရွေးကောက်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကလည်း တစ်ဖက်ကနေ ဝေဖန် သုံးသပ်ပြီး ထိန်းကြောင်းနေတယ်ဆိုတာတွေလဲ သတိမမူမိကြပါဘူး လားတော့ မသိပါ။ ခေတ်ပြောင်းနေပြီ၊ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ နေပြီ၊ ရှင်းလင်းမြင်သာမှုတွေ ရှိနေပြီ၊ ဘယ်လောက် ပွင့်လင်းမြင်သာ မှုရှိသလဲ၊ ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ ပြောဆိုဆွေး နွေးတင်ပြနေတာတွေ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပေး တဲ့အထိ ပွင့်လင်းမြင်သာနေပါပြီ၊ ဒါတွေကို သတိပြုကြပါလို့ ပြောချင်ပါတယ်။ကောင်းပြီဒါကနိုင်ငံတော်မှာပြောင်းလဲလာတဲ့ ထင်သာမြင် သာရှိမှုကိုအလျဉ်းသင့်လို့ပြောပြတာပါ။ အဲဒီတော့ အေအီးစီဘက် ကို လှည့်ကြည့်ရအောင် အေအီးစီဆိုတာ အာဆီယံစီးပွားရေး အသိုက်အ၀န်းတစ်ခု ဖြစ်ပါတယ်၊ အေအီးစီမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတွေ အချင်း ချင်း ကုန်စည်ရောင်းဝယ်ဖောက်ကားမှုတွေ၊ လေကြောင်းပို့ဆောင်ရေး၊  ရေကြောင်း ပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်းစတဲ့ ၀န်ဆောင်မှုလုပ်ငန်း တွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြား သွားရောက်ရင်းနှီးမြှုပ်နှံဖို့၊ ငွေကြေးတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား လွှဲပြောင်းပေးပို့တဲ့ကိစ္စေ တွ၊ ငွေကြေးဈေးကွက်၊ စတော့ရှယ်ယာဈေးကွက် ဖွင့်ပေးဖို့ကိစ္စတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ ကျွမ်းကျင်လုပ်သားတွေ တစ်နိုင်ငံနဲ့ တစ် နိုင်ငံ သွားလာလုပ်ကိုင်နိုင်တာတွေ၊ ကုန်စည်တွေ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ စံချိန်မီထုတ်လုပ်မှုတွေ စတဲ့ --စတဲ့ သတ်မှတ် စည်းမျဉ်း စည်းကမ်းနဲ့အညီ  ဆောင်ရွက်လုပ်ကိုင်နိုင်မဲ့ စီးပွားရေးအသိုက် အ၀န်းဖြစ်ပါတယ်။
ဒီနေရာမှာ အဓိကပြောချင်တာက “သတ်မှတ်ထားတဲ့ စည်း မျဉ်းစည်းကမ်း" ဆိုတာကို ပြောချင်ပါတယ်။ ဘယ်အကြောင်းအရာ၊ ဘယ်ကိစ္စ၊ ဘယ်အလုပ်ကိစ္စမဆို တစ်ခုခုလုပ်မယ်ဆိုရင် လိုက်နာရမဲ့ ဆိုင်ရာဆိုင်ရာ စည်းကမ်းဆိုတာရှိပါတယ်။ တချို့ကိစ္စတွေမှာ စာတစ် တန်ပေတစ်တန် ထုတ်ပြန်ထားတာရှိသလို တချို့ကိစ္စတွေမှာ လူမှု ရေးအရ၊ မိရိုးဖလာအရ၊ ဘာသာရေးအရ၊ ဓလေ့ထုံးစံအရ  သတ်မှတ် တဲ့စည်းကမ်းတွေကို လိုက်နာရမဲ့စည်းမျဉ်းတွေအတိုင်း လိုက်နာ ဆောင်ရွက်ရတာတွေ ရှိပါတယ်။
အေအီးစီမှာလဲ ကိစ္စရပ်အလိုက်သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်၊ ကြုံတုန်းပြောပါရစေ၊ အေအီးစီဆိုတာ ဘာကိုအခြေခံသလဲ၊ အများပြောနေကြတဲ့ ''အာဖတာ"  အမည်ရှည် က '' အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ"၊ "လွတ်လပ်'' ဆိုတဲ့ စကားလုံးပါလာရင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းပြောခဲ့တဲ့စကားကို အမြဲပြန်သတိရဖို့ ပြောကြားလိုပါ တယ်၊ ဗိုလ်ချုပ်ပြောထားတာကိုကျွန်တော်ဟာ ကျွန်တော်နားလည် သလို မှတ်သားထားတာက ''လွတ်လပ်ခြင်း" ဆိုတဲ့ စကားရပ်ရဲ့ နောက်မှာ ''စည်းကမ်းလိုက်နာရခြင်း" ဆိုတဲ့ စကားရပ် ထာဝစဉ် ရှိနေတယ်ဆိုတာ ဖြစ်တယ်။ လွတ်လပ်မှုခံစားရဖို့အတွက် သတ်မှတ် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါမယ်။
ဒီလိုပါပဲ "လွတ်လပ်သော ကုန်သွယ်မှုဒေသ" ''အာဖတာ" လို့ဆိုလိုက်တာနဲ့ သူ့မှာ ''အာဖတာ" ဖြစ်လာဖို့ လိုက်နာရမဲ့ သတ် မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဆိုတာရှိပါတယ်။ ဒီအတိုင်းပါပဲ အေအီးစီ ဆိုတာလဲ အေအီးစီဖြစ်ဖို့ ဆိုင်ရာဆိုင်ရာသတ်မှတ်ထား တဲ့ စည်းမျဉ်းစည်းကမ်းဆိုတာရှိပါတယ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အကြား တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်စည်တွေ လွတ်လွတ်လပ်လပ် စီးဆင်းဖို့၊ ၀န်ဆောင်မှု လုပ်ငန်းတွေ အပြန်အလှန် လုပ်ကိုင်နိုင်ဖို့၊ အရင်းအနှီးတွေ၊ ငွေကြေးတွေ ပိုမိုစီးဆင်းစေဖို့၊ ကျွမ်းကျင်လုပ်သား တွေ လွတ်လပ်စွာ ကူးသန်းသွားလာလုပ်ကိုင်နိုင်ဖို့ စတဲ့ စတဲ့ လုပ်ငန်း နယ်ပယ်အသီးသီးတွေမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေ၊ စည်းကမ်းတွေရှိတယ်ဆိုတာ အသိပေးပါတယ်။
ကောင်းပြီ ဒီစည်းမျဉ်းတွေ စည်းကမ်းတွေကို ဘယ်လိုချမှတ် ကန့်သတ်သလဲ၊  သိလိုသူတွေ ရှိမှာပါ။ ကျွန်တော် နားလည် သလောက်ပြောပြပါရစေ၊ ကျွန်တော်တို့ခေတ်ဟာ ကမ္ဘာပြုဖြစ်စဉ် (Globalization)   ခေတ်၊ ကမ္ဘာ့ဖြစ်စဉ်နဲ့အတူ လိုက်ပါနေရတဲ့ခေတ်၊ ကမ္ဘာ့ဖြစ်စဉ်နဲ့ လိုက်ပါတဲ့အခါမှာ မိမိနိုင်ငံ တစ်နိုင်ငံတည်းအနေနဲ့ လိုက်ပါလို့ရတဲ့ ကိစ္စရပ်တွေ၊ အနေအထားတွေရှိသလို၊ အချို့သော ကိစ္စရပ်အနေအထားများအရ မိမိနဲ့အနီးစပ်ဆုံး၊ အနီးကပ်ဆုံး ဒေသ ဆိုင်ရာအဖွဲ့အစည်းမှာဝင်ရောက်ပြီး ကမ္ဘာပြုဖြစ်စဉ် (Globalization)  မှာ ပါဝင်အောင် ဆောင်ရွက်ရပါတယ်။ အာဆီယံဆိုတာ ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခု၊ ဒီဒေသ ဆိုင်ရာ အဖွဲ့အစည်းက  ထူထောင်နေတဲ့  အာဖတာ (အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ)ဟာ ကမ္ဘာ့အဖွဲ့အစည်းတစ်ခု  ဖြစ်တဲ့ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့မှာပါဝင်တဲ့ ကမ္ဘာ့နိုင်ငံများက စုပေါင်း ဆွေးနွေးဆုံးဖြတ် အတည်ပြုထားတဲ့ လွတ်လပ်သော ကုန်သွယ်မှု ဒေသ ထူထောင်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို အခြေခံပြီး အဲဒီ စည်းမျဉ်းဘောင်အတွင်း ဒေသနဲ့လိုက်လျော ညီထွေရှိမဲ့ စည်းမျဉ်းစည်းကမ်းတွေကို အဖွဲ့ဝင် ၁၀ နိုင်ငံအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး အားလုံးသဘောတူညီချက်နဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အကောင်အထည်ဖော်နေခြင်း ဖြစ်ပါ တယ်။ ဒီအတိုင်းပါပဲ အေအီးစီ ဖြစ်ပေါ်လာဖို့ဆောင်ရွက်ရာမှာ လည်းဒေသနဲ့လိုက်လျောညီထွေရှိမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကမ္ဘာ့Óဏပစ္စည်းမူပိုင်ခွင့်အဖွဲ့စတဲ့ သက် ဆိုင်တဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကိုအခြေခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်း ချင်း ဆွေးနွေးညှိနှိုင်း အတည်ပြုသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့ အကောင်အထည် ဖော်နေခြင်း ဖြစ်ပါတယ်။
အဲဒီတော့ ပြောပါရစေ အေအီးစီဆိုတာ ကြောက်စရာကြီးပါ။ အေအီးစီဖြစ်လာရင် ငါတို့တော့ခံရတော့မယ်လို့ ပြောနေမယ့် အစား အေအီးစီဆိုတာ ဘာလဲ? အေအီးစီဖြစ်ဖို့ဘယ်လိုစည်း မျဉ်းစည်း ကမ်းသတ်မှတ်ထားသလဲ? ဒီစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် တွေကို ငါတို့လိုက်နာနိုင်မလား? အေအီးစီကို မဖြစ်မနေလုပ်ရမှာ ဖြစ်နေတော့ ဒီစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ကို လိုက်နာလိုက်ပါ ဆောင်ရွက်နိုင်အောင် ငါတို့ ဘာလိုနေသလဲ? ငါတို့ရဲ့ အားနည်း ချက်ကဘာလဲ? အားသာချက်ကဘာလဲ? အားသာချက်ကို ဘယ်လို အသုံးချပြီး အားနည်းချက်ကို ဘယ်လိုဖြည့်ဆည်းမလဲ? စတဲ့ ..စတဲ့. လဲပေါင်းမြောက်မြားစွာကို စဉ်းစားသုံးသပ်ပြီးမှ အေအီးစီ ဆိုတာ ကြောက်စရာ ဟုတ်-မဟုတ် ပြောကြရင် ကောင်းမယ်လို့ ယူဆပါတယ်။
အဲဒီတော့ အေအီးစီအကြောင်း၊ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း အကြောင်းတွေကို ဘယ်မှာရှာဖတ်ရမလဲ၊ ကျွန်တော် သိတာလေး ညွှန်လိုက်ပါရစေ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ အက်ဖတာနဲ့ပတ်သက်လို့ ဆောင်းပါးတွေ၊ စာအုပ်တွေ ရှိပါတယ်။ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ကိုညွှန်းလိုက်ပါတယ်၊ စာအုပ်အမည်က ''အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဒေသမှ သည် အာဆီယံစီးပွားရေးအသိုက်အ၀န်းဆီသို့" စာအုပ်ပါ၊ စာရေး သူက " မောင်မောင်ရီ (ဘောဂဗေဒ)" ဖြစ်ပါတယ်၊ အာဆီယံလွတ် လပ်သော ကုန်သွယ်မှုဒေသထူထောင်ရေးအတွက်ပြုလုပ်တဲ့ အစည်း အဝေးတွေ၊ ဆွေးနွေးပွဲတွေမှာ နိုင်ငံတော်ကိုယ်စား  အကြိမ်ကြိမ် အခါခါ သွားရောက်ဆွေးနွေးခဲ့တဲ့သူပါ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ပြုလုပ်တဲ့ အစည်းအဝေးတွေ ဆွေးနွေးပွဲတွေကိုလဲ တက်ရောက် ဆွေးနွေးခဲ့တဲ့သူပါ၊ ဖတ်ကြည့်ကြပါ၊ လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ ဆိုတာဘာလဲ ? အေအီးစီဆိုတာဘာလဲ ?  လိုက်နာရမဲ့ စည်းမျဉ်း စည်းကမ်းတွေက ဘာတွေလဲ ? သိလာရပါမယ်၊ ဒါ့အပြင် ယနေ့ ဟာ အီး (အီလက်ထရောနစ်)ခေတ်၊ အင်တာနက်ခေတ်ပါ၊ အင်တာ နက်မှာ ရှာဖတ်ရင်လဲ ရနိုင်ပါတယ်။
ကျွန်တော် ဒီလိုပြောလိုက်လို့ နိုင်ငံတော်ကကော ဘာမှ လုပ် မပေးဘူးလား ? ကျေးဇူးပြုပြီး မမေးပါနဲ့။ နိုင်ငံတော်က အက်ဖတာ ဖြစ်လာရင်၊ အေအီးစီ ဖြစ်လာရင်  နိုင်ငံတော်အကျိုးစီးပွား ထိခိုက် မှု အနည်းဆုံးဖြစ်ဖို့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမဲ့ အခွင့် အလမ်းတွေရရှိဖို့ စီမံဆောင်ရွက်နေတာတွေ ပုဂ္ဂလိကတွေနဲ့ ပူး ပေါင်းဆောင်ရွက်နေတာတွေ အများကြီး အများကြီးရှိပါတယ်။ စာစောင်တွေ၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေမှာ ရေးသားဖော်ပြနေတဲ့အပြင် အင်တာနက်ဝက်ဆိုက်တွေမှာလည်းတင်ထားတာတွေ အများကြီးပါ၊ နယ်တွေမှာ ဆွေးနွေးပွဲတွေလဲ အများကြီး လုပ်ပေးနေပါတယ်။
ဒီတော့  ကျွန်တော်အကြံပေးချင်တာက အေအီးစီဆိုတာ ဘာလဲ? အေအီးစီဖြစ်ဖို့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းသတ် မှတ်ချက်များဟာ ဘာလဲ ? ဒါတွေကို ဂဃနဏသိအောင် ထဲထဲဝင်ဝင်သိအောင် အရင်လေ့လာပါ၊ ပြီးလျှင် မိမိလုပ်ငန်းအခြေအနေ အမှန်ကို သုံးသပ်ပါ။ မိမိနဲ့လုပ်ငန်းတူတွေရဲ့ အခြေအနေမှန်ကို သိအောင်လုပ်ပါ၊ သုံးသပ်ပါ၊  အာဆီယံအဖွဲ့ဝင် နိုင်ငံတွေမှာရှိတဲ့ လုပ်ငန်းတူတွေရဲ့ အခြေအနေကို လေ့လာပါ၊ သုံးသပ်ပါ၊ ပြီးရင် အေအီးစီကို ရင်ဆိုင်ဖို့ ဘာလိုသလဲ ? လုပ်ငန်းရှင်ဘက်က လိုအပ် တာတွေက ဘာလဲ ? အစိုးရအနေနဲ့လုပ်ပေးရမှာက ဘာလဲ?  မိမိ ကိုယ်တိုင် ဘာတွေဘယ်လို ပြင်ဆင်ရမလဲ? လိုအပ်ချက်တွေ ဖော် ထုတ်ပါ။ ဖော်ထုတ်ချက်က တိတိကျကျသိရမှ ဖြစ်ပါမယ်၊ အနာကို တိတိကျသိဖို့ လိုပါတယ်။  အနာကိုကုဖို့ ဆေးတွေရှိပါတယ်။ မရှိ သေးရင် ဖော်စပ်လို့ရနိုင်ပါတယ်။
အားလုံး သတင်းအချက်အလက် အစုံအလင်ရရှိပြီးမှ သုံးသပ် ပြီးလျှင်တော့ပြောပါ။ ပြောကြပါ။ အေအီးစီဟာ ကြောက်စရာလား၊ ဒါမှမဟုတ်ချစ်စရာကြီးလား၊အချက်အလက် တိတိကျကျဖော်ထုတ် ပြောဆိုကြပါ။ နားစွင့်နေပါတယ်။ ဒါပေမဲ့ မမေ့မလျော့ သတိပြုရမဲ့ ကိစ္စလေးမှာ ကြားပါရစေ။ သတ်မှတ်  စည်းမျဉ်းစည်းကမ်း ဘောင် အတွင်းမှာတော့ ဖြစ်ရပါမယ်။ လွတ်လပ်သော ကုန်သွယ်မှု ဒေသ (အာဖတာ) နဲ့ အေအီးစီတို့ကို  စည်းမျဉ်းစည်းကမ်း အခြေခံပြီး အကောင်အထည်ဖော်နေသလို ကျွန်တော်တို့နိုင်ငံကိုလည်း စည်း ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတည်ဆောက်နေရာ ကျွန်တော်တို့ အနေနဲ့ တစ်တပ်တစ်အား ပါဝင်ဖို့ပါ။
SMEs များ ဖွံ့ဖြိုးကြီးထွားလာစေဖို့ ဘာတွေလုပ်ဆောင်နေသလဲ
    ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသေးစားအလတ်စားလုပ်ငန်းများ (SME) အရေအတွက်ဟာ ၉၀ ရာခိုင်နှုန်း ကျော်ရှိကြပြီး၊ နိုင်ငံတစ် နိုင်ငံရဲ့ စီးပွားရေးတိုးတက်စေရန်မှာ (SME ) များ ဖွံ့ဖြိုးတိုးတက်မှ ဖြစ်မယ်ဆိုတာကို ကမ္ဘာ့နိုင်ငံအသီးသီက လက်ခံထားလျက် ရှိပါ တယ်။ အလားတူ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့(SME )  များ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ကူညီထောက်ပံ့ရေးအတွက်  စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးဆောင်လျက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ၏ အဆိုပြုဖွဲ့ စည်းပုံကို ရေးဆွဲပြီး ၁၄.၃.၂၀၁၂ ရက်မှာ ကျင်းပ ပြုလုပ်တဲ့ စီမံကိန်းနှင့်ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့၏ (၆/၂၀၁၂) ကြိမ် မြောက် အစည်းအဝေးသို့ တင်ပြခဲ့ရာ၊ အတည်ပြုချက် ရရှိခဲ့ပါ တယ်။ ၂၀၁၂ ခုနှစ် မတ် ၂၉ ရက်မှာ ကျင်းပတဲ့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်း အဝေး အမှတ်စဉ်(၁၃/၂၀၁၂)သို့ ဆက်လက်တင်ပြခဲ့ရာ၊ သဘောတူ ခွင့်ပြု ချက်ရရှိပြီး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုး တိုး တက်ရေး ဗဟိုဌာန (  Central  Department  of  SME  Development ) ကို ၂၀၁၂ ခုနှစ် ဧပြီ ၄ ရက်မှ စတင်ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။
    အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို (၁) စက်မှုဇုန်ဖွံ့ဖြိုးရေး/နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန၊ (၂) ပြည်ပဆိုင်ရာလုပ်ငန်းဌာနနှင့် (၃) ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဌာနဟူ၍ ဌာနကြီး (၃)ခု ဖြင့် ဖွဲ့စည်းထားပါတယ်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ဒီမိုကရေစီ  အစိုးရနှင့် လျော်ညီစွာကျစ်လျစ်သိပ်သည်းစွာဖြင့်
အရာထမ်း (၁၉) ဦး၊ အမှုထမ်း (၂၈) ဦး၊ စုစုပေါင်း (၄၇) ဦးဖြင့်ဖွဲ့စည်းထားပါတယ်။
    စက်မှုဇုန်ဖွံ့ဖြိုးရေး/နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဌာနအနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့  မှတ်ပုံတင်ပြီး  SME လုပ်ငန်းများကို လုပ်ငန်း အမျိုးအစားအလိုက် ကဏ္ဍခွဲထားပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် အောက်မှာ ဖွဲ့စည်းထားတဲ့ ဆန်လုပ်ငန်းရှင်များအသင်း၊ ပဲလုပ်ငန်းရှင်အသင်း၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံပန်းမန် စိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်း၊ ငါးလုပ်ငန်းရှင်များအသင်း စတဲ့ အသင်းအဖွဲ့များ SME  Cluster  များနဲ့ ကဏ္ဍအလိုက်ညှိနှိုင်းအစည်းအဝေးများ ပြု လုပ်ပြီး၊ SME များရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာများအခက်အခဲ များကို ဖော်ထုတ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု လွယ်ကူစေရေး အတွက် ကူညီပံ့ပိုးခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
    မှတ်ပုံမတင်ရသေးသည့် SME လုပ်ငန်းများ၊ လုပ်ငန်းစတင် တည်ထောင်လိုသူများဟာ SME  Center  သို့ဖုန်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ လာရောက်ဆက်သွယ်မေးမြန်းခြင်း အတွက် သတင်းအချက်အလက်များပေးခြင်း၊ အကြံဥာဏ်များမျှေ ၀ ဖလှယ်ခြင်း၊ သက်ဆိုင်သည့်ဌာနများနှင့် ချိတ်ဆက်ပေးခြင်းများကို လည်း ဆောင်ရွက်ပေးပါတယ်။
    ပြည်တွင်းမှာရှိတဲ့ Top SME များ၊  Innovative SME များကို SME Center မှ RUMFCCI  နှင့် MAI  တို့နဲ့ပူးပေါင်းညှိနှိုင်းပြီး ရွေးချယ်ခဲ့ပါတယ်။ Top 100 SME eJU Innovative SME  (၃၀) တို့ကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ကို ပေးပို့ထားခဲ့ရာ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ Top SME များနှင့်ပေါင်းစုပြီး Directory of  Oustanding  ASEAN  SME 2011 ကိုပုံနှိပ်ထုတ်ဝေခြင်း၊ ၂၀၁၁ ခု၊ နိုဝင်ဘာ ၁၆ ရက်မှာ ပြု လုပ်တဲ့ ASEAN  Business  and  Investment  Summit (ABIS)  အစည်းအဝေးမှာ ကြေညာခြင်းနဲ့  ASEAN  Website-http:// www.asean.org/204420440htm)  မှာ လွှင့်တင်ပေးခြင်းများ ပြု လုပ်ပါတယ်။
    အလားတူပဲ မြန်မာနိုင်ငံမှ Innovative SME တီထွင်ဖန်တီး နိုင်စွမ်းရှိပြီး၊ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်း များစာရင်းကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ထားပါတယ်။ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ဦးစီးပြီး၊ 2012  ASEAN  Innovative SME Directory  ကို ပြုစုထုတ်ပြန်ပြီး၊ အာဆီယံ Website  မှာလွှင့်တင်ပါမယ်။ ဒီလို ဆောင်ရွက်ပေးခြင်းဟာ အာဆီယံနိုင်ငံအသီးသီးမှာရှိတဲ့ SME များနဲ့  Network ရရှိပြီး၊အချင်းချင်းအပြန်အလှန်ချိတ်ဆက်ဆောင် ရွက်နိုင်လာပါမယ်။ ယင်းသတင်းအချက်အလက်တွေကို   UMFCCI, MIA, MES, MWEA   နဲ့ စက်မှုဇုန်များထံသို့ သတင်းပေးပို့ထား ပါတယ်။
    နိုင်ငံအတွင်းမှာရှိတဲ့ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ကိုတော့ စက်မှုဝန်ကြီးဌာနရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနအောက်ရှိ စက်မှုသင်တန်း ကျောင်း (၆) ခုမှာ ဘာသာရပ်ဆိုင်ရာ စက်မှုအတတ်ပညာများကို စာတွေ့၊ လက်တွေ့ တစ်နှစ်သင်တန်းများဖွင့်လှစ်ပေးလျက် ရှိပါ တယ်။ သင်တန်းကျောင်းများက သင်တန်းသားအသစ်များ ခေါ်ယူ ချိန်မှာ စက်မှုဇုန်ဝန်ထမ်းများမှ သင်တန်းတက်ရောက်လိုက တက် ရောက်နိုင်ရေးအတွက် ကြိုတင်အသိပေးအကြောင်းကြားခြင်းနဲ့ သင်တန်းဆင်းကျောင်းသားများကိုလည်း စက်မှုဇုန်များမှ အလုပ်ခန့် အပ်နိုင်ရေးအတွက် ပြန်လည်အကြောင်းကြားပေးပါတယ်။ ဒါ့အပြင် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းများနှင့် သင်တန်းသား များကို ချိတ်ဆက်ပေးပြီး အလုပ်အကိုင်ရရှိရေးကို အလေးထား ဆောင်ရွက်ပါတယ်။
    အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနဟာ ASEAN  SMEWG ရဲ့ Focal Point    ဖြစ်ပြီး၊ ပြည်ပ ဆိုင်ရာလုပ်ငန်းဌာနအနေနဲ့ ASEAN  SMEWG  Meeting   များ ကိုတက်ရောက်ခြင်း၊ အာဆီယံမှ ကြီးမှူးကျင်းပတဲ့ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ကွန်ဖရင့်များသို့ SME များမှကိုယ်စားလှယ် များကိုစေလွှတ်ခြင်း၊ Festival  Show  Case နဲ့  Expo များမှာ ပါဝင်ဆင်နွှဲစေခြင်းများကို ပံ့ပိုးပေးလျက် ရှိပါတယ်။
    ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းမှာ ကျင်းပမည့်  Festival  များ၊ Trade Fair  များနဲ့ Expo  များရဲ့ Schedule  ကို သက်ဆိုင် ရာဝန်ကြီးဌာနများ၊ NGO  အဖွဲ့များနှင့်ညှိနှိုင်းပြီး၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးကို ပေးပို့ခဲ့ပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ    2012  ASEAN  Festival  Calendar  အဖြစ်ထုတ်ဝေပြီး၊ အာဆီယံ ဘုံဈေးကွက်အတွင်း SME  Product များကို လှည့်လည် ခင်းကျင်း ပြသနိုင်မှာ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော် မတီမှ ဦးစီးပြီး ပြည်တွင်းမှာ SME Product  Show ကိုလည်း ၂၀၁၂ ခုနှစ်အတွင်း ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
    SME Center  ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် အရင်းအမြစ်ဖော်ထုတ်ရေး ဌာနအနေဖြင့် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်( SME Bank)   မှချေးငွေရယူရေးဆိုင်ရာ သတင်းအချက်အလက်များကို ဖြန့်ဝေ ပေးလျက်ရှိပါတယ်။ SME များဖွံ့ဖြိုးတိုးတက်စေရေးကို အထောက် အကူပြုနိုင်ရန် လိုအပ်သည့်အရင်းအနှီးအတွက် SME Bank အနေဖြင့် လုပ်ငန်းအမျိုးအစား (၁၀) မျိုး၊ လုပ်ငန်းရှင် (၃၇၂) ဦးထံ သို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ရဲ့ ဇွန်လအထိငွေကျပ် ၅၈ ဒသမ ၃၈၂ ဘီလီယံထုတ်ချေး ထားပါတယ်။ စိုက်ပျိုးရေးအမတော် ကြေးငွေလို ချေးငွေထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရသို့ တင်ပြခဲ့ရာ၊ မူအားဖြင့်ခွင့်ပြုပြီး ဖြစ်ပါတယ်။
    SME  များကို ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့နိုင်ရန်၊ ပြည် တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်လျက်ရှိသလို၊ ပြည်ပမှ လာရောက်တွေ့ဆုံသူများနှင့် စီမံကိန်း အသစ်များ အကောင်အထည်ဖော်ရေး ကို ညှိနှိုင်းဆွေးနွေးလျက်ရှိပါ ကြောင်း တင်ပြလိုက်ပါတယ်။
အာဆီယံဒေသတွင်း ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးအစီအစဉ်အရ ၀န်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းစေနို င်ရေး ဘာတွေလုပ်နေသလဲ ?
    အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ အာဆီယံဒေသတွင်း ထုတ်လုပ်မှုနှင့် ဈေးကွက်ယဉ်ပြိုင်နိုင်စွမ်း မြှင့် တင်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် အာဆီယံ စီးပွားရေးအသိုက်အ၀န်းဆိုင်ရာ လုပ်ငန်းများ အကောင် အထည်ဖော်ရေး ကော်မတီအောက်တွင် လုပ်ငန်း ကော်မတီ (၁၅) ရပ်ကို အေအီးစီလုပ်ငန်းများအား အခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အတွက် ၈-၄-၂၀၁၂ ရက်နေ့ တွင် တာဝန် ပေး ဖွဲ့စည်းခဲ့ပါသည်။
ဝန်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်း ကော်မတီ
    အဆိုပါလုပ်ငန်းကော်မတီ (၁၅)ရပ်အနက် ၀န်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေးလုပ်ငန်း ကော်မတီ အနေဖြင့် AEC Blue Print    အပါ ၀န်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းစေ နိုင်ရေး လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် လည်းကောင်း၊ ၀န်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်း နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားနှ င့် နိုင်ငံသားလုပ်ငန်း ရှင်များ၏ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေ ရန်အတွက် လည်း ကောင်း၊ ၂၀၁၅ မတိုင်မီ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (အေအီးစီ)ဆိုင်ရာလုပ်ငန်းများ အကောင်အထည် ဖော်ရေး ကော်မတီ ထံ အချိန်နှင်၊့ တစ်ပြေးညီ တင်ပြညှိနှိုင်း ဆောင် ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ကဏ္ဍအလိုက် ဆောင်ရွက်ရန် ရှိသည့် လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်အား ရေးဆွဲ ဆောင်ရွက်ခဲ့ပါသည်။
(က)    မြန်မာနိုင်ငံမှ ဖြေလျှော့ပေးပြီးဖြစ်သည့် ၀န်ဆောင်မှုကဏ္ဍ/ ကဏ္ဍခွဲ ၇၉ ခုအား သတ်မှတ်စံများ၊ အချိန်သတ်မှတ်ချက်များ အတိုင်း အကောင်အထည်ဖော်နိုင်ခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံ ၀န်ဆောင်မှုလုပ်ငန်းရှင်များ ကြုံတွေ့ရသည့် အခက်အခဲများ/ စိန်ခေါ်မှုများနှင့် ပတ်သက်၍ ကျော်လွှားဆောင်ရွက်နိုင်မည့် နည်းလမ်းများ လက်တွေ့ကွင်းဆင်း လေ့လာသုံးသပ် အကြံပြု တင်ပြရန်။
(ခ)    ၂၀၁၅ ခုနှစ်မတိုင်မီ ဖြေလျှော့ရန် ကျန်ရှိသည့် ၀န်ဆောင်မှု ကဏ္ဍ/ ကဏ္ဍခွဲများကို အသုတ် နှစ်သုတ်ခွဲ၍ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်မတိုင်မီ ဖြေလျှော့နိုင်ရေး ဆက်စပ်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ပုဂ္ဂလိက အခန်းကဏ္ဍမှ လုပ်ငန်းဆောင်ရွက်နေသူများနှင့် တွေ့ဆုံ ဆွေး နွေး၍ မည်သို့ဖြေလျှော့မှုများ ဆောင်ရွက်ပေးသွားမည်ကို သုံးသပ် တင်ပြ ဆောင်ရွက်သွားရန်။
(ဂ)    ယခု ဖြေလျှော့ပြီး ကဏ္ဍ/ ကဏ္ဍခွဲ  ၇၉ ခု၊ ဖြေလျှော့ရန်ကျန် ကဏ္ဍ/ကဏ္ဍခွဲ ၄၉ ခု၊ စုစုပေါင်း ကဏ္ဍ/ ကဏ္ဍခွဲ ၁၂၈ ခု ဖြေလျော့ပေးခြင်းဖြင့် ၂၀၁၅ ဗနဃ ဖြစ်ပေါ်လာသည့် အချိန် မိမိနိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များနှင့် ၀န်ဆောင်မှု သုံးစွဲမည့် ပြည်သူများအတွက် မည်သို့သော တုံ့ပြန်မှုများ၊ အခက်အခဲ များ၊ စိန်ခေါ်မှုများ ကြုံတွေ့ရင်ဆိုင်ရနိုင်သည် ကို ဖော်ထုတ်ရန် နှင့် ဖြေရှင်းရန် လိုအပ်သည်များအား သုံးသပ်ဖော် ထုတ်တင်ပြ ရန်။
    ထို့အတူ ၀န်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီအောက်တွင် ဖွဲ့စည်းခဲ့သည့် ဆပ်ကော်မတီ(၁၁) ရပ်မှ အောက်ပါလုပ်ငန်းတာဝန်(၉)ရပ်ကိုလည်း အကောင်အထည် ဖော်ရန် ညှိနှိုင်းခဲ့ပါသည် -
(က)    အာဆီယံဒေသတွင်းဝန်ဆောင်မှုဖြေလျှော့ခြင်းဆိုင်ရာ သတ် မှတ်ကဏ္ဍ/ကဏ္ဍခွဲများအနက် ဖြေလျှော့ရမည့် လုပ်ငန်းစဉ် များအား သက်ဆိုင်ရာဌာနအဖွဲ့အစည်း၊ ပုဂ္ဂလိက အသင်းအဖွဲ့ များနှင့် စနစ်တကျ သုံးသပ်ဖြေလျှော့ ဆောင်ရွက်ရန်။
(ခ)    အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေးဖြေလျှော့မှုကြောင့် မိမိနိုင်ငံ ၏ လုပ်ငန်းများအပေါ် သက်ရောက်မှုကို လေ့လာရန် လိုအပ် သည် Desk Study/ Field Study  များ ပြုလုပ်ရန်။
(ဂ)    ၀န်ဆောင်မှု ကုန်သွယ်ရေး ဖြေလျှော့မှုကြောင့်ရရှိသည့် အကျိုး အမြတ်၊ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ သိရှိရန် ၀န်ဆောင်မှု လုပ်ငန်းအမျိုးအစားအလိုက်လိုအပ်သည့် မေးခွန်းများ ကြိုတင် ပြုစုဖြန့်ဝေပြီး စုစည်းရရှိသည့် အဖြေများအပေါ် မူတည်၍ အကြံပြုနိုင်ရေး ဆောင်ရွက်ရန်။
(ဃ)    လေ့လာမှုများဆောင်ရွက်ခြင်း၊ လေ့လာမှုများအရ စုစည်းရရှိ သည့်အချက်အလက်များ၊စာရင်းအင်းများအပေါ် လိုအပ်သည့် တွက်ချက်မှု၊ သုံးသပ်မှုများ ပြုလုပ်၍ မူဝါဒဆိုင်ရာချမှတ် ဆောင်ရွက်သင့်သည်များ ပြုစုတင်ပြရန်။
(င)    ၀န်ဆောင်မှု ကုန်သွယ်ရေးလုပ်ငန်းများ ဖြေလျော့ရေး၊ လွတ် လပ်စွာ စီးဆင်းရေးဆိုင်ရာ AEC  ရည်မှန်းသတ်မှတ်ချက်များ ပြည့်မီရေး၊ချောမွေ့စွာ ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ၌ လက်ရှိကျင့် သုံးနေသည့် တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်း များအား (FTA) ကတိက၀တ်များနှင့် ယှဉ်တွဲလေ့လာသုံးသပ် ၍ ပြင်ဆင်ရန် လိုအပ်ချက်များ၊ အသစ်ပြဌာန်းရန် လို အပ်ချက်များ ဖော်ထုတ်ပြုစု တင်ပြရန်။
(စ)    ဖြေလျှော့မှု ပေးသည့်ကဏ္ဍ/ကဏ္ဍခွဲများတွင် လာရောက် ရင်း နှီးမြှုပ်နှံသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ(သို့) အခြားပြည်ပ ရင်းနှီးမြှုပ်နှံမှုများလက်တွေ့လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက် ခြင်းရှိ/ မရှိ ပြန်လည် စိစစ်ရန်။
(ဆ)    ဖြေလျှော့ပေးမှု အတိုင်းအတာအရစနစ်တကျလိုက်နာ ဆောင် ရွက်ခြင်းရှိ/မရှိ ပြန်လည်စိစစ်သုံးသပ်ရန်နှင့် မိမိနိုင်ငံသား လုပ်ငန်းရှင်များအတွက် မည်သို့သောအခက်အခဲများ ကြုံတွေ့ နေရသည်ကို ပြန်လည်စိစစ် သုံးသပ်တင်ပြရန်။
(ဇ)    ဖြေလျှော့ပေးမှုကဏ္ဍ/ ကဏ္ဍခွဲအလိုက် လုပ်ငန်းဆောင်ရွက် မှုအပေါ် တစ်လတစ်ကြိမ် သုံးသပ်မှုပြုလုပ်၍ ဦးစီးကော်မတီ သို့ စဉ်ဆက်မပြတ် တင်ပြနိုင်ရေး ဆောင်ရွက်ရန်။
(ဈ)    ၀န်ဆောင်မှု ကုန်သွယ်ရေး ဖြေလျှော့မှုများ၏ အကျိုးအမြတ်ကို ၀န်ဆောင်မှု လုပ်ငန်းပံ့ပိုးသည့်ကဏ္ဍနှင့် ၀န်ဆောင်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ လုပ်ငန်းရှင် များ၊ ဈေးကွက်ကွန်ရက်တွင် ပါဝင်နေသူများ သိရှိနားလည် အသုံးပြုနိုင်ရေး ဆွေးနွေးပွဲ များ၊ ဆောင်းပါးများ၊ အသံလွှင့်ခြင်းနှင့် website တင်ခြင်း စသည် တို့ကို လစဉ်ဆောင်ရွက်ရန်။
    ၆-၆-၂၀၁၂ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် အစည်း အဝေးတွင် ဆပ်ကော်မတီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကဏ္ဍ/ကဏ္ဍခွဲများနှင့်လုပ်ငန်းဆက်စပ်သည့် ပုဂ္ဂလိကအခန်းကဏ္ဍ ရှိ လုပ်ငန်းရှင်များထံမှ အခြေအနေမှန်များသိရှိပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက်  "၀န်ဆောင်မှု လုပ်ငန်းဖြေ လျှော့ပေးခြင်းဖြင့် ရရှိလာမည့်  အကျိုးသက်ရောက် မှု မေးခွန်း လွှာ'' အား ပြုစုညှိနှိုင်းပြီး၊ ကဏ္ဍ/ကဏ္ဍခွဲများနှင့် ဆက်စပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ ဆက်လက်ဖြန့်ဝေနိုင် ရန် ညှိနှိုင်း၍ ၀န်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီမှ ဆက်လက် ပေးပို့ခဲ့ပါသည်။
    မေးခွန်းလွှာတွင် ပါဝင်သော အဓိကအချက်များ အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ၂၀၁၅ တွင် အာဆီယံစီးပွားရေးအသိုက် အ၀န်းထူထောင်မှုနှင့် ပတ်သက်၍ မည်မျှ သိရှိနားလည်သည်ကို လည်းကောင်း၊ သိရှိနားလည်မှုအပေါ် မည်သို့ လိုက်ပါဆောင်ရွက် ၍ ပြင်ဆင်လျက်ရှိသည်ကို လည်းကောင်း၊ စိစစ်ဖော်ထုတ် သုံးသပ်၍ မည်သည့်လုပ်ငန်းစဉ်များ ညှိနှိုင်း ဆောင်ရွက်ပေးသင့်သည်ကို လည်း ကောင်း၊ ဖြေလျှော့ပေးထားသည့် ကဏ္ဍ/ကဏ္ဍခွဲများ၊ ဆက်လက် ဖြေလျှော့ပေးရမည့် ကဏ္ဍ/ ကဏ္ဍခွဲများနှင့်ပတ်သက်၍ မည်သည့် အတိုင်းအတာအထိ ဆောင်ရွက်သင့်သည်ကိုလည်းကောင်း၊ ဖြေ လျှော့ ပေးထားသည့် ကဏ္ဍ/ကဏ္ဍခွဲအလိုက် လုပ်ငန်း ဆက်စပ် သည့် ပုဂ္ဂလိက အခန်းကဏ္ဍမှ လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ၀န်ဆောင်မှု ဖြေလျှော့ပေးခြင်းဖြင့် ရရှိမည့်အကျိုး၊ ထိခိုက်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ မည်သို့ ပြင်ဆင်ဆောင်ရွက်သင့် သည်ကိုလည်းကောင်း၊ ၂၀၁၃ နှင့် ၂၀၁၅ တွင် ဖြေလျှော့ရန် ကျန်ရှိသည့်ကဏ္ဍ/ကဏ္ဍခွဲများအား(Threshold)ပြည့်မီအောင်ဖြေလျှော့ ပေးရေးနှင့် နိုင်ငံသား လုပ်ငန်းရှင်များ ထိခိုက်မှုနည်းပါးစေရေး မည် သည့် Criteria   များ သတ်မှတ်ပေးသင့်သည်ကိုလည်းကောင်း ဖော် ထုတ်ပေးရန် ဖြစ်ပါသည်။
    အဆိုပါဖြန့်ဝေပေးထားသည့်မေးခွန်းလွှာများအပေါ် ကော်မတီ များမှ သုံးသပ်ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ လက်ရှိတွင်ခရီးသွား လုပ် ငန်းနှင့်ဆက်စပ်သည့် ၀န်ဆောင်မှုလုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေး ဆပ်ကော်မတီနှင့် ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှု လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးဆပ်ကော်မတီ(၂)ခုမှ သက်ဆိုင်ရာဌာန၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ မေးခွန်းလွှာအပေါ် သုံးသပ်ချက်အား ပြန်လည်ပေးပို့လာခဲ့ရာ ပြန်ကြားချက်အရ အောက်ပါအတိုင်း သိရှိ ရပါသည်  -
(က)    ပုဂ္ဂလိက လုပ်ငန်းရှင်များသည် ၂၀၁၅ခုနှစ်တွင် အာဆီယံစီးပွား ရေး အသိုက်အ၀န်း ထူထောင်မှုနှင့် ပတ်သက်၍ ရရှိလာမည့် အကျိုးဖြစ်ထွန်းမှု အလားအလာများအပေါ် ကောင်းစွာ နားလည် သဘောပေါက်ကြသော်လည်း အာဆီယံအတွင်း ကျင့် သုံးလျက်ရှိသည့်မူဝါဒများကို လုပ်ငန်းရှင် အများစုကမသိရှိကြ ပါ။အနည်းငယ်ကိုသာသိရှိကြသူ လုပ်ငန်းရှင်အချို့ရှိပြီး အသေး စိတ်သိရှိသူမှာ မရှိသလောက်ပင် ဖြစ်ပါသည်။ သို့ဖြစ်ပါသော ကြောင့် သိရှိ နားလည်ထားမှုအလျှောက် လိုက်ပါပြင်ဆင် ဆောင်ရွက်ရန်အတွက်လည်း လေ့လာနေဆဲ အနေအထား တွင်တွေ့ရှိရပါသည်။ ထို့ကြောင့်အာဆီယံတွင် ကျင့်သုံးလျက် ရှိသော မူဝါဒများနှင့် စပ်လျဉ်းသည့် Awareness Raising လုပ်ငန်းစဉ်များ ပြုလုပ်သင့်ပါသည်။
(ခ)    ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့် ခရီးစဉ် ဆောင်ရွက်သည့် ၀န်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ယခင် ဖြေလျှော့ပေးထားမှုများအပြင် ပြည်ပမှလာရောက်တည်ထောင်မည့် ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန် သင်တန်း ကျောင်းများကို ဖွင့်လှစ်ခွင့်ပြုသည့် အဆင့်အထိ ဖြေလျှော့ပေး သင့်ပါသည်။ ဤနည်းဖြင့် ခေတ်မီကျွမ်းကျင်သော လူသား အရင်းအမြစ်များ မွေးထုတ်နိုင်မည်ဟု သုံးသပ်ရပါသည်။
(ဂ)    ဧည့်လမ်းညွှန်ဝန်ဆောင်မှုတွင် ပြည်တွင်း (သို့) ပြည်ပနိုင်ငံသား ဧည့်လမ်းညွှန်များတစ်ပါတည်းပါလာသော ခရီးသွားဝန်ဆောင် မှုမျိုးအထိ ဖြေလျှော့မပေးသင့်ပါ။ နိုင်ငံတစ်နိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ၎င်းနိုင်ငံ၏ ပြည်သူ ပြည်သားများ ကသာ ခံစား ထိတွေ့နိုင်ပါသည်။ ပုဂ္ဂလိက အခန်း ကဏ္ဍမှလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ၀န်ဆောင်မှု ဖြေ လျှော့ ပေးခြင်းဖြင့် အကျိုးကျေးဇူးကိုသာ မျှော်မှန်းထားကြပြီး၊ ထိခိုက်နစ်နာနိုင်မှု လုံးဝမရှိနိုင်ဟု ယူဆကြသူများသည်ကို တွေ့ရပါသည်။ သို့သော် ထိခိုက်မှုများ မလွဲမသွေရှိနိုင်ကြောင်း သုံးသပ်ရပါသည်။ ဥပမာအားဖြင့် ပြည်ပမှ လာရောက် ဖွင့်လှစ် သောဝန်ဆောင်မှုသ င်တန်းကျောင်းများတွင်သာ တက်ရောက် ကြသူ များပြားလာပါက တိုင်းရင်းသားလုပ်ငန်းရှင်များ ဖွင့်လှစ် ထားသော ပြည်တွင်းဝ န်ဆောင်မှုသင်တန်းများကို ထိခိုက်စေနိုင် သကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များထံတွင်သာ ၀န်ဆောင်မှုပေးနေလျှင် လည်း ပြည်တွင်းလုပ်ငန်းရှင်များကို ထိခိုက်စေမည်ဖြစ်သဖြင့် ကန့်သတ်ချက်ပါရှိသော ၀န်ဆောင်မှု စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထုတ်ပြန်ရန် ပြင်ဆင်ထား သင့်ပါသည်။
(ဃ)    နိုင်ငံသားလုပ်ငန်းရှင်များ ထိခိုက်မှု နည်းပါးစေရေးအတွက် အောက်ပါ Criteria များ သတ်မှတ်ပေးသင့်ပါသည် -
    (၁)    အဆင်ပြေချောမွေ့သော Banking System
    (၂)    ပြည်ပမှ လာရောက်ဆောင်ရွက်မည့် ၀န်ဆောင်မှုအပေါ် ပြည်တွင်းဝန်ဆောင်မှုနှင့်မတူသော စည်းကမ်းချက်အချို့၊
  (၃)    ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားများကို ပြည်တွင်းလုပ်ငန်း ရှင်များထက်ပိုသောအခွင့်အရေးပေးမှု မျိုးမဖြစ်အောင် ကန့်သတ်ခြင်း၊
    (၄)    အတိုးနှုန်းသက်သာသော ဘဏ်ချေးငွေစနစ်ကို နိုင်ငံသား လုပ်ငန်းရှင်တိုင်းအတွက် အခွင့်အရေးပေးခြင်း၊
    ဆက်လက်ပြီး ၀န်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီအနေဖြင့် ဆပ်ကော်မတီ (၁၁)ခုအား ပုဂ္ဂလိက လက်တွေ့လုပ်ငန်း လုပ်ကိုင်နေသူများ၊ လုပ်ငန်းရှင်များဖြင့် တွေ့ဆုံ ၍ မေးခွန်လွှာအား အသေးစိတ်မေးမြန်းနိုင်ရေးအတွက် Group Discussion  ပြုလုပ်နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်  ပူးပေါင်း၍ ဆပ်ကော်မတီအလိုက် လက်တွေ့လုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ ဆုံ ဆွေးနွေး၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ပါသည်။    
အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်
    အာဆီယံ ၁၀ နိုင်ငံ Mutual Recognition Arrangement (MRA) အရ အင်ဂျင်နီယာဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကို Focal Ministry အဖြစ်သတ်မှတ်၍  Professional Regulatory Authority (PRA) ကိုပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူးမှ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ထို့အပြင်  ASEAN Chartered Professional Engineer (ACPE)   စိစစ်ရေး အတွက် Monitoring Committee (MC)   ကိုဖွဲ့စည်းခဲ့ပြီးဖြစ်ပါ သည်။
    (PRA) ၏ Authorised Agency  အဖြစ် မြန်မာအင်ဂျင်နီယာ စိစစ်ရေးဘုတ်အဖွဲ့ Myanmar Board of Engineer(MBE) ကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်နှင့် ဒုတိယ အင်ဂျင်နီယာချုပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှပါမောက္ခ ချုပ် နှင့် ပါမောက္ခများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ၀ါရင့်အင်ဂျင် နီယာများ၊ ပြင်ပလုပ်ငန်းများ ဆောင်ရွက်နေသော အင်ဂျင်နီယာ ပညာရှင်များ ပါဝင်သောအဖွဲ့ဖွဲ့စည်းပေးပြီး အောက်ပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်-
(က)    အင်ဂျင်နီယာများ မှတ်ပုံတင်ပေးခြင်း
(ခ)    အင်ဂျင်နီယာများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်ဂျင် နီယာ  Porfessional Engineer (PE)များအဖြစ် မှတ်ပုံတင် ပေးခြင်း
(ဂ)    (PE)ရပြီးသူများအား (MC)မှ တစ်ဆင့် အာဆီယံသို့ တင်ပြ၍ ASEAN Chartered Professional Engineer (ACPE)  များအဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် ASEAN Chartered Professional Coordinating Committee (ACPECC)  သို့ တင်ပြခြင်း
(ဃ)    အာဆီယံ ၁၀ နိုင်ငံအတွင်း အင်ဂျင်နီယာဆိုင်ရာ ၀န်ဆောင်မှု နှင့် ပတ်သက်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် အသိ အမှတ်ပြု ကူးလူးဆက်ဆံသွားရောက်ဆောင်ရွက်ခြင်း
(င)    နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား အင်ဂျင်နီယာများအား စိစစ်ခြင်း၊ မှတ်ပုံတင်ခြင်း၊
(စ)    မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့်ကုမ္ပဏီများ နိုင်ငံခြားသား များ ပိုင်ဆိုင်သည့် ကုမ္ပဏီများ၏ ရင်းနှီး မြှုပ်နှံမှု၊ စက်ယာဉ် ယန္တရားများပြည့်စုံမှု၊ လူ့စွမ်းအားများ ပြည့်စုံမှု၊ လုပ်ငန်းအတွေ့ အကြုံများကို စိစစ်၍ ကုမ္ပဏီများ၏ အဆင့်အား  Grade1, Grade II, Grader III  စသည်ဖြင့် အဆင့်သတ်မှတ်၍ မှတ်ပုံ တင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
    အာဆီယံ ၁၀ နိုင်ငံ၏ Coordinating Committee on services (CCS) အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံတွင် အလှည့် ကျ ကျင်းပလျက်ရှိရာ ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသော 70 st CCS  အစည်း အဝေးသို့ MBE အဖွဲ့မှ ဥက္ကနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါ သည်။
    အင်ဂျင်နီယာဝန်ဆောင်မှု လုပ်ငန်းအပြင် Architecture, Accountant, Surveying ,Health Care စသည် ၀န်ဆောင်မှု လုပ်ငန်းများအတွက် သက်ဆိုင်ရာ (PRA)အဖွဲ့များဖွဲ့စည်း၍ အာဆီယံ ၁၀ နိုင်ငံ အပြန်အလှန် အသိအမှတ်ပြု ၀န်ဆောင်မှုလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါသည်။
    ၂၀၁၅ခုနှစ်တွင် Free Flow of Services များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ၏ Guide Line များအတိုင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံရှိ အင်ဂျင်နီယာများအား အသက်မွေးဝမ်းကြောင်းဆိုင်ရာ အင်ဂျင်နီယာ Professional Engineer(PE) များအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခဲ့ရာ ၀ါရင့် အင်ဂျင် နီယာ ၉၀ ခန့် လျှောက်ထားလာပါသည်။အာဆီယံစံချိန် စံညွှန်း သတ်မှတ်ချက်များအတိုင်း အရည်အသွေး အကဲဖြတ်ခြင်း  (Assessment)   များ ဆောင်ရွက်ပေးလျက် ရှိပါသည်။ များမကြာမီ ကာလ အတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာများထံမှ အရည်အချင်း ပြည့်မီသော အသက်မွေး ၀မ်းကျောင်းဆိုင်ရာ အင်ဂျင်နီယာ (PE) များ ထွက်ပေါ်လာမည်ဖြစ်ပါသည်။
    အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြန် အလှန် သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသား ASEAN Chartered Professional Engineer (ACPE)များ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်လိုပါက အဆိုပါ (ACPE)များ သီးခြားဆောင်ရွက်ခွင့်မရှိပါ။ မြန်မာနိုင်ငံသား (PE)များနှင့် တွဲ ဘက်၍ လုပ်ငန်း ဆောင်ရွက်ရပါမည်။ထိုသို့ဆောင်ရွက်မှသာ နိုင်ငံ ခြား သား အင်ဂျင်နီယာများ မြန်မာ့ယဉ်ကျေးမှု၊ လောကနီတိ၊ ကျင့် ၀တ်သိက္ခာများ မဖောက်ဖျက်နိုင်အောင် ထိန်းသိမ်းကြပ်မ တ်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အင်ဂျင်နီယာများအား အသက် မွေးဝမ်းကျောင်းဆိုင်ရာ အင်ဂျင်နီယာ(PE)များအဖြစ် မှတ်ပုံတင် နိုင်ရေးမှာ အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။
    ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာများ၏ အရည်အသွေး မြင့် မားရေး နိုင်ငံတကာအင်ဂျင်နီယာများနှင့် ရင်ဘောင်တန်း၍ နိုင်ငံ တကာတွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့် ပေးခြင်း၊Workshop များနှင့် စာတမ်းဖတ်ပွဲများ တက်ရောက်စေ ခြင်း၊ ကိုယ်တိုင်စာတမ်းပြုစု၍ ဖတ်ကြားတင်ပြခြင်းများ ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
    အင်ဂျင်နီယာ ဘွဲ့ရခါစ လူငယ်အင်ဂျင်နီယာများအားလည်း Graduate Engineer, Registered Engineer(RE), Senior, Registered Engineer(SRE)  များအဖြစ် မှတ်ပုံတင်ပေးခြင်း၊ အချိန် အခါ အလိုက သင်တန်းပေးခြင်း၊ အရည်အချင်းစစ်ဆေးခြင်း စသည်များကို ဆောင်ရွက်မည်ဖြစ်ပြီး ဘွဲ့ရပြီး (၇)နှစ် အကြာတွင် အသက်မွေးဝမ်းကြောင်း အင်ဂျင်နီယာ (PE)များအဖြစ် အဆင့်ဆင့် မွေးထုတ်ရေးကိုပါ ဆောင်ရွက်လျက်ရှိပါသည်။
    မလေးရှားနိုင်ငံသည် ASEAN Chartered Professional Coordinating Committee (ACPECC)  တွင် ဥက္ကဌအဖြစ် (၂)နှစ် တာကာလ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။မလေးရှားနိုင်ငံ ကိုယ်စားလှယ်၏ ဥက္ကဌ သက်တမ်း ကုန်ဆုံးပြီဖြစ်ပါ၍ အက္ခရာစဉ် အလိုက် လာမည့်   71st (CCS) အစည်းအဝေးနှင့် 18th(ACPECC)  အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ဥက္ကဌအဖြစ် စတင် ဆောင် ရွက် ရမည်ဖြစ်ပါသည်။
AEC သက်ရောက်မှုများနှင့်ယှဉ်ပြိုင်မှုဥပဒေ
    အာဆီယံသည်  AFTA အစီအစဉ် စတင်အကောင်အထည် ဖော်သည့် အချိန်မှစ၍ ကုန်သွယ်ရေးတိုးချဲ့ရန်အတွက် အတား အဆီးများလျှော့ချပယ်ဖျက်ရန်ကိစ္စများ၊ ကုန်သွယ်ရေး လွယ်ကူ ချောမွေ့စေရေးကိစ္စများ၊  ကုန်သွယ်ရေး မြှင့်တင်ရေးကိစ္စများကို အလေးပေး ဆောင်ရွက်လာခဲ့ပါသည်။ အာဆီယံဒေသ၏ ယှဉ်ပြိုင် နိုင်မှုစွမ်းအား (Competitiveness) ကို မြင့်မားစေပြီး ကုန်သွယ်ရေး ကို တိုးချဲ့နိုင်ရန်အတွက် AFTA ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် မည့် အစီအစဉ်နှင့် အာဆီယံ စီးပွားရေးအသိုက်အ၀န်း (AEC) တည်ထောင် အကောင်အထည်ဖော်မည့် အစီအစဉ်(၂)ရပ်ကို အကောင် အထည်ဖော်လျက်ရှိပါသည်။
    နိုင်ငံတစ်နိုင်ငံသည် FTA တွင်ပါဝင်လာခြင်းအားဖြင့် အကျိုး/ အပြစ်ရရှိလာနိုင်မည်ဖြစ်ပါသည်။ AFTA အကောင်အထည် ပေါ် လာချိန်တွင် အာဆီယံနိုင်ငံများသို့ တင်ပို့သောပို့ကုန်ပစ္စည်းများ အပေါ် အကောက်ခွန်နှုန်းမှာ သုညရာခိုင်နှုန်းအထိ ရရှိခံစားနိုင် မည် ဖြစ်သော်လည်း AFTA နိုင်ငံအချင်းချင်း လွတ်လပ်စွာ ကုန်စည် စီးဆင်းသွားနိုင်မည် ဖြစ်သောကြောင့် မိမိနိုင်ငံထွက် ပစ္စည်းများ ပြည်တွင်းဈေးကွက်၌ အရောင်းကျဆင်းသွားနိုင်ပါသည်။ ၎င်း အပြင် မိမိနိုင်ငံမှ ထုတ်လုပ်နိုင်သည်ထက် အရည်အသွေး ပိုမိုကောင်းမွန်သောကုန်ပစ္စည်းများဈေးကွက်အတွင်းသို့ ရောက်ရှိလာနိုင်ပါသည်။
    AFTA အကောင်အထည်ပေါ်လာချိန်တွင် ဖွံ့ဖြိုးမှုနှင့် နည်း ပညာအားသာသောနိုင်ငံများက ဈေးကွက်မှလိုအပ်နေသော ပစ္စည်း ထုတ်လုပ်နိုင်မှု၊ ပစ္စည်းအရည်အသွေးကောင်းအောင် ထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်မှုစရိတ် ကျဉ်းကျဉ်းဖြင့် ဈေးနှုန်းသက်သာစွာ ထုတ်လုပ် နိုင်မှု၊ ဈေးကွက်ကလိုအပ်သလောက် ပမာဏများများထုတ်လုပ်နိုင် သောအခြေအနေရှိသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသောနို င်ငံရှိ စီးပွား ရေးလုပ်ငန်းငယ်များ၏ ပြည်တွင်းဈေးကွက် ပျောက်သွားနိုင်ပါသည်။ အကျိုးဆက်အဖြစ် အလုပ်လက်မဲ့နှုန်းတိုးလာနိုင်ပါ သည်။ AFTA အဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ ထုတ်လုပ်သည့် ဈေးပေါသော ပစ္စည်းများ ဈေးကွက်သို့ AFTA အဖွဲ့ဝင်နိုင်ငံများက ထုတ်သော ဈေးကြီးသည့်ပစ္စည်းများ အစားထိုးဝင်ရောက်ခြင်းများ ရှိလာနိုင်ပါ သည်။ AFTA  နိုင်ငံအချင်းချင်း လွတ်လပ်စွာ ကုန်သွယ်ချိန်တွင် ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်လာနိုင်ပါသည်။
    ထိုကဲ့သို့ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းကာ ကွယ်ရန်နှင့် စီးပွားရေးအဖွဲ့အစည်းအချင်းချင်း တရားမျှတသော ယှဉ်ပြိုင်မှုများ ဆောင်ရွက်နိုင်စေရန်အတွက် မိမိတို့နိုင်ငံအနေဖြင့် ယှဉ်ပြိုင်မှုမူဝါဒချမှတ်ဆောင်ရွက်နိုင်ရန်နှင့် ယှဉ်ပြိုင်မှုဥပဒေ အတ ည် ပြု ပြဌာန်းနိုင်စေရန် ပြင်ဆင်လျက်ရှိပါသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆ (ခ) တွင် "စီးပွားရေးလုပ်ငန်းများတွင် တရား သဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု (သို့မဟုတ်) ဈေး ကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ် နာစေခြင်းမှ တားဆီးကာကွယ်မည်'' ဟု  ဖော်ပြထားသည့်အတိုင်း ဈေးကွက်အတွင်း တစ်ဦးတစ်ယောက်၊ အစုအဖွဲ့မှ လက်ဝါးကြီးအုပ် ဆောင်ရွက်မှုမဖြစ်ပေါ်စေရန် ယှဉ်ပြိုင်မှုဥပဒေကို ရေးဆွဲပြဋ္ဌာန်း ရခြင်း ဖြစ်ပါသည်။
    ပြိုင်ဆိုင်မှုဥပဒေ (Competition Law)   ဆိုသည်မှာ ဈေးကွက် အတွင်း စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်သည့်နည်းလမ်း အား ထိန်းချုပ်နိုင်ရန်အတွက် အစိုးရက ရေးဆွဲထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို စုစည်းထားခြင်းဖြစ်ပါသည်။ ယှဉ်ပြိုင်နိုင် စွမ်းကို ပိုမိုတိုးတက်စေရန်ရည်ရွယ်သည့်အတိုင်း တာဝန်သတ်မှတ် ချက်များပါဝင်သကဲ့သို့ ယှဉ်ပြိုင်ခြင်းများထိန်းချုပ်မှုကို ကျဆင်းစေ မှုမှာလည်း ကာကွယ်ရန် ရေးဆွဲထားပါသည်။ ယှဉ်ပြိုင်ခြင်းများ ထိန်း ချုပ်မှုကို ဖယ်ရှားခြင်းဖြင့် ယှဉ်ပြိုင်မှုဈေးကွက် အခြေအနေများကို ဖွံ့ဖြိုးတိုးတက်စေရန်သာမက အများနှင့်ပုဂ္ဂလိကကန့်သတ်ချက်များ ၏ ယှဉ်ပြိုင်နိုင်စွမ်းမရှိမှုများ ကို ပြင်ဆင်တည့်မ တ်ရန် ရည်ရွယ်သည့် သတ်မှတ်ချက်များ ပါဝင်ပါသည်။
    မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မှုမူဝါဒချမှတ်ခြင်း၊ ယှဉ်ပြိုင်မှုဥပဒေ အတည်ပြု ပြဌာန်းခြင်းမရှိသေးသော်လည်း အချို့သောအာဆီယံ နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေ (Competition Law)  ကို ပြဋ္ဌာန်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ သည်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ဒေသတွင်းအဖွဲ့ အစည်းများနှင့်လိုက်လျောညီေ ထွစွာဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံ တော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယှဉ်ပြိုင်မှုဥပဒေကို ချမှတ်ဆောင်ရွက်ရ မည် ဖြစ်ပါသည်။
    စီးပွားရေးလုပ်ငန်းများက ပြိုင်ဆိုင်မှုကို ဆန့်ကျင်သော လုပ် ဆောင်ချက်များ (Anti Competitive Actions)လုပ်ဆောင်ခြင်း ကို အစိုးရ (သို့မဟုတ်) သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက သင့်လျော်သော စည်းမျဉ်းစည်းကမ်းများဖြင့် အရေးယူဆောင်ရွက် ခြင်း မပြုနိုင်ပါက ဈေးကွက်အားနည်းချက်များကို ဆက်လက်ဖြစ် ပေါ်စေမည်ဖြစ်ပါသည်။
    ပြိုင်ဆိုင်မှုရှိသော ဈေးကွက် (လုပ်ငန်းများ)က လုပ်ငန်းသစ်များ ၀င်ရောက်ခြင်းကို ခွင့်ပြုပါသည်။ ထိုကဲ့သို့ ပြိုင်ဆိုင်မှုရှိသော ဈေး ကွက်အတွင်းလုပ်ငန်းသစ်များ ၀င်ရောက်လာခြင်းက စွမ်းဆောင် ရည်ရှိသောလုပ်ငန်းများကို ဆက်လက်တည်ရှိနေစေပြီး စွမ်းဆောင် ရည် မရှိသော၊ စံချိန်မမီသောလုပ်ငန်းများအား ဈေးကွက်အတွင်းမှ ရှုံးနိမ့်ထွက်ခွာသွားစေမည်ဖြစ်သည်။
    မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မှုဥပဒေ (Competition Law) မပြ ဌာန်းရသေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် တာဝန် (Obligation) တစ်ရပ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ယှဉ်ပြိုင်မှုဥပဒေကို အပြီးသတ်ရေးဆွဲပြဌာန်းရမည် ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မှုဥပဒေ(မူကြမ်း)ကို International Convention Treaties နှင့် Regional Treaties များနှင့် ယှဉ်ပြိုင် မှု ဥပဒေရှိပြီးဖြစ်သည့် နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ဥပဒေများကိုလေ့လာ၍ မူကြမ်းရေးဆွဲပြီးဖြစ်ပါသည်။ ၎င်း မူကြမ်းတွင် အခန်းပေါင်း ၁၀ ခန်း ပါဝင်ပြီး ကုန်သွယ်မှုအတွက်သာ သီးသန့်ရေးဆွဲထားခြင်း မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းအားလုံးအတွက် ရေးဆွဲထားပါသည်။ မူကြမ်းတွင် အဓိကအားဖြင့် ယှဉ်ပြိုင်မှုကော်မရှင်ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်း ကော်မရှင်ကသာ ယှဉ်ပြိုင်မှုနှင့်သက်ဆိုင်သည့် ကိစ္စအ၀၀ကို တာဝန် ယူ ဖြေရှင်းရမည် ဖြစ်သည်။ မူကြမ်းတွင်ယှဉ်ပြိုင်မှုဥပဒေအနှစ်သာရ များဖြစ်သော တရားမျှတသောယှဉ်ပြိုင်ခြင်း၊ လက်ဝါးကြီးအုပ်မှုကို ဆန့်ကျင်ခြင်း၊ ကုမ္ပဏီများအုပ်စုဖွဲ့၍ ကျန်ကုမ္ပဏီများကို အနိုင် အထက် ပြုလုပ်မှုမှ ကာကွယ်ခြင်းတို့ကို အဓိကဦးတည်ရေးဆွဲထားပြီး ယင်းအချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အပြစ်ပေးရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ထည့်သွင်းရေးဆွဲထားပါသည်။
    ယှဉ်ပြိုင်မှုဥပဒေ (မူကြမ်း) တွင် တိကျသောလုပ်ထုံးလုပ်နည်း များကို သတ်မှတ်ထားပါသည်။ ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်များမှ ပါဝင်ဖြေရှင်းပေးရမည့်ကိစ္စရပ်များတွင် တိုင်ကြားသူ၏ အကြောင်း ကြားချက်အရ စုံစမ်း စစ်ဆေးမှုပြုလုပ်ရန်၊ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာ တွင်လည်း ယှဉ်ပြိုင်မှုဥပဒေအတိုင်း ဆောင်ရွက်ရန်သတ်မှတ် ဖော်ပြ ထားပါသည်။ ယှဉ်ပြိုင်မှုဥပဒေက  စစ်ဆေးမည့်နေရာ၊ ကာလ သတ်မှတ်ချက်၊ စစ်ဆေးမည့်သူများအတွက် အခွင့်အာဏာ (ဥပမာ-မေးမြန်းခွင့်၊ ရှာဖွေခွင့်၊ အထောက်အထားသိမ်းဆည်းခွင့် အာဏာ)နှင့် စစ်ဆေးမှုတွင်ပါဝင်သည့်အဖွဲ့ဝင်များ၏ အခွင့်အရေးများ၊ လုပ်ပိုင် ခွင့်များကိုသတ်မှတ်ပေးထားပါသည်။နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ် ပြီးသော စစ်ဆေးစုံစမ်းမှုများအား ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်များ က ဆက်လက်အရေးယူ ဆောင်ရွက်နိုင်သည် (သို့မဟုတ်) အခြား သက်ဆိုင်ရာအာဏာပိုင်များသို့ လွှဲပြောင်းပေးနိုင်ပါသည်။ စည်းကမ်း ချိုးဖောက်မှုတစ်ခုအတွက် ယှဉ်ပြိုင်မှုဥပဒေမှ စီးပွားရေးဆိုင်ရာ အရေးယူဆောင်ရွက်မှု ပြုလုပ်ပါသည်။
    အဆိုပါ Competition Law (မူကြမ်း) အပေါ်RUMFCCI၊ အခြားသက်ဆိုင်ရာအသင်းအဖွဲ့၊ ပုဂ္ဂိုလ်များနှင့် အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပပြုလုပ်၍သဘောထားမှတ်ချက်များ၊ အမြင်များ၊ အားသာချက်၊ အားနည်ချက်များ ကို ညှိနှိုင်းသွားမည် ဖြစ်ပါသည်။
    ယှဉ်ပြိုင်မှုမူဝါဒ Competition Policy ဆိုင်ရာလုပ်ငန်းကော် မတီအနေနှင့် ယှဉ်ပြိုင်မှုမူဝါဒ Competition Policy  ဆိုင်ရာ အချက်အလက်များ၊ ဗဟုသုတများ၊ အတွေ့အကြုံများကိုအသင်း အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အများပြည်သူများအား Awareness  ပေးရန်အတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စသည့် မြို့ ကြီးများတွင် လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ တွင် လည်းကောင်း၊RUMFCCI  အသင်းအဖွဲ့များ၊  ပုဂ္ဂလိကလုပ်ငန်း ရှင်များစသည့်သက်ဆိုင်ရာအဖွဲ့အစည်း/ပုဂ္ဂိုလ်များနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို လစဉ်ပြုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
    ယှဉ်ပြိုင်မှု မူဝါဒနှင့်ဥပဒေတို့သည် လက်ရှိနိုင်ငံခြားရင်းနှီးမြုပ်နှံမှု မူဝါဒနှင့်ကုန်သွယ်မှု မူဝါဒများနှင့် လိုက်လျောညီထွေဖြစ်ရန်ပြင်ဆင် ရေးဆွဲထားပါသည်။ ကုမ္ပဏီများ၊ ပုဂ္ဂလိကအချင်းချင်း ယှဉ်ပြိုင်မှု ရှိမှသာ ရင်းနှီး မြှုပ်နှံမှု ပိုမိုလာနိုင်ပြီး နိုင်ငံတကာဈေးကွက်တွင် တစ်ဦးတစ်ယောက်/အစုအဖွဲ့မှ လက်ဝါးကြီးမအုပ်နိုင်ရန်နှင့် တရား မျှတသော ယှဉ်ပြိုင်မှုဥပဒေကိုရေးဆွဲရခြင်းဖြစ်ပါသည်။
 ယှဉ်ပြိုင်မှု ဥပဒေပေါ်ပေါက်လာပါက စားသုံးသူတို့အနေဖြင့် ဈေးနည်းသက် သာပြီးအရည်အသွေးမြင့်မားသောကုန်စည်များ သုံးစွဲနိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများကိုလည်း ပြည်ပမှဝင်ရောက်လာ မည့်စီးပွားရေး လုပ်ငန်း ကြီးများ၏မတရားသဖြင့် လွှမ်းမိုးချုပ်ကိုင်အနိုင်ကျင့်ခြင်းမှ ကာကွယ် တားဆီးနိုင်မည်ဖြစ်ပါသည်။ ပြည်တွ င်းပြည်ပမှ စီးပွားရေးလုပ်ငန်း များ မမှန်မကန်ယှဉ်ပြိုင်မှုအတွက် နစ်နာသည့်လုပ်ငန်း/ပုဂ္ဂိုလ်တစ်ဦး ဦးမှ တိုင်ကြားလာပါက ယှဉ်ပြိုင်မှုဥပဒေအရ စစ်ဆေးအရေးယူ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
    ယှဉ်ပြိုင်မှု မူဝါဒ Competition Policy  နှင့် ယှဉ်ပြိုင်မှုဥပဒေ Competition Law  ကို ရေးဆွဲပြဋ္ဌာန်းပေးခြင်းဖြင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေသောယှဉ်ပြိုင်မှုမှတစ်ဆင့် စားသုံးသူ တို့၏ သတင်းအချက်အလက် လိုအပ်ချက်များကို ရရှိစေမည်ဖြစ်ပါ သည်။ Competition Policy သည်  စဉ်ဆက်မပြတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ စီးပွားရေး လုပ်ငန်းစုအတွက် ပိုမိုကောင်းမွန်သောပတ်ဝန်းကျင်ကို ဖန်တီးသည့် အနေဖြင့် ဈေးနှုန်းတည်ငြိမ်ရေးအလုပ်အကိုင်များတိုးတက်ရေး စီးပွား ရေး ကုန်လုပ်ရှားမှုများ၊  တုန့်ပြန်ချက်များကိုဖြစ်ပေါ်စေပါသည်။ လက်ဝါးကြီးအုပ်သောဈေးကွက်ပုံစံများဖန်တီးဖြစ်ပေါ်စေခြင်းနှ င့် ဈေးနှုန်းတိုးမြှင့်လာစေခြင်းဖြင့် တစ်ဆင့်စားသုံးသူများကို အန္တရာယ် ပေးနိုင်ခြင်းမှကာကွယ်ပေးနိုင်ရန်၊ အင်အားနည်းသောစီးပွားရေး လုပ် ငန်းများအား အင်အားကြီးစီးပွားရေးလုပ်ငန်း/လုပ်ငန်းစုများက မတရား အနိုင်ကျင့်ခြင်းမှ အရေးယူကာကွယ်ပေးနိုင်ရန်၊  မိမိတို့ ပြည်တွင်းအသေးစား အလတ်စား စက်မှုလုပ်ငန်းများအား AFTA ကြောင့် ၀င်ရောက်လာမည့်ပြည်ပလုပ်ငန်းများ၏ လွှမ်းမိုးချုပ်ကိုင်မှု တို့မှ အကာအကွယ်ပေးရန်တို့အတွက် Competition Policy နှင့် Competition Law ကို ရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်လျက်ရှိကြောင်း ရေးသားဖော်ပြအပ်ပါသည်။
အာဆီယံ စီးပွားရေး အသိုက်အ၀န်းတွင် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်စေရေးအတွက် ဘာတွေ ဆောင်ရွက်နေလဲ
    ၂၀၀၇ ခုနှစ် ဇန်န၀ါရီတွင် ကျင်းပခဲ့သော (၁၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အ၀န်းတည်ထောင်ရေးအတွက် အရှိန်အဟုန်ဖြင်၊့ ဆောင် ရွက်သည့်အနေဖြင့် ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် ဖိလစ်ပိုင် နိုင်ငံ၊ စီဘူး၌ စီဘူးကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါ သည်။
    အာဆီယံစီးပွားရေးအသိုက်အ၀န်းသည် အာဆီယံကို တစ်ခု တည်းသောဈေးကွက်နှင့် ထုတ်လုပ်မှုအ ခြေခံဒေသ (Single Market and Production Base)  အဖြစ်ထူထောင်မည်ဖြစ်ပြီး အာဆီယံ တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှု အခြေခံ အဆောက်အအုံ ကို အခြေခံအပိုင်း(၅)ပိုင်းဖြင့် ဖွဲ့စည်းထားပြီး ယင်း အနက်တစ်ပိုင်းမှာ ''ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ပြောင်းရွှေ့ လုပ်ကိုင်နိုင်စေခြင်း''  ဖြစ်ပါသည်။ ဤအပိုင်းတွင် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များမှာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သည့် အာဆီယံ ကျွမ်းကျင်လုပ်သားနှင့် အသက်မွေးဝမ်း ကျောင်းသူများ အတွက် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်များ ထုတ်ပေးရာ တွင် လွယ်ကူချောမွေ့စေရေးဆောင်ရွက်ရန်နှင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဒေသတွင်း ၀န်ဆောင်မှု လုပ်ငန်းများ လွတ်လပ်စွာ စီးဝင်မှု လွယ်ကူ စေရန်လိုအပ်သည့်လုပ်ငန်း ကျွမ်းကျင်မှုအတွက် အဓိက စွမ်းဆောင် ရည်နှင့် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် ဖြစ်ပါသည်။
    ကျွမ်းကျင်လုပ်သားများ အာဆီယံဒေသတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရန် အာဆီယံ၏ တူညီသောကျွမ်းကျင်မှု ''စံ" သတ်မှတ်ပြဌာန်းနိုင်ရေးအတွက် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက် လျက်ရှိရာ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် လုပ်သားထု၏ ကျွမ်း ကျင်မှု မြှင့်တင်ရေးအတွက် ဒုတိယ၀န်ကြီးဦးဆောင်သော " မြန်မာ နိုင်ငံလုပ်သားများကျွမ်းကျင်မှု '' စံ"သတ်မှတ် ပြဌာန်းရေးအဖွဲ့''   (National Skill Standard Authority-NSSA)  ကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ NSSA အဖွဲ့သည် ယခုအခါ အလုပ်အကိုင် ၁၇၃ မျိုးအတွက် ပြည်တွင်းပြည်ပ အလုပ် အကိုင်ဈေးကွက်နှင့် ကိုက်ညီသော Competency Standar  ရေးဆွဲ သတ်မှတ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ၅၅ မျိုးကို အစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက်ရယူခဲ့ပါသည်။ ဆက်လက်၍ ကျွမ်းကျင်မှု "စံ'' အပေါ် အခြေခံပြီး စမ်းသပ်စစ်ဆေးခြင်း၊ အသိအမှတ်ပြုလက်မှတ် ထုတ် ပေးခြင်းနှင့် လေ့ကျင့်ခြင်း ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလုပ်အကိုင် အမျိုးအစားအလိုက် "စံ'' သတ်မှတ်ရေးကော်မတီ ၁၄ ခုကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ ယခုအခါ ယင်း '' စံ" သတ်မှတ် ရေး ကော်မတီများနှင့် ကျွမ်းကျင်မှုစစ်ဆေးရေးနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး ကော်မတီတို့က ဦးစားပေးအလုပ်အကိုင် ရွေးချယ်၍ စမ်းသပ်စစ်ဆေးခြင်းနှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်းအား ရှေ့ပြေးစီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် စက်မှု ၀န်ကြီးဌာနတို့နှင့် Testing Centre နှစ်ခု တည်ထောင်ပြီး အသိ အမှတ်ပြု လက်မှတ်ကို စုစုပေါင်း ၃၆ ဦးအား ထုတ်ပေးပြီးဖြစ်ပါ သည်။
    အလုပ်သမားများအတွက် နည်းပညာသစ်များနှင့်ကိုက်ညီသော ကျွမ်းကျင်မှုပညာများကို လေ့ကျင့်သင်ကြားပေးရန်နှင့် အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်လျက် အလုပ်အကိုင် နှင့်ကျွမ်းကျင်မှု လေ့ကျင့်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီး အတည်ပြု ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
    ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာစီးဆင်းလုပ်ကိုင်စေနိုင်ရေး လုပ်ငန်းကော်မတီကို ဥက္ကဌအဖြစ် အလုပ်သမားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး၊ အတွင်းရေးမှူးအဖြစ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါဝင်ပြီး သက်ဆိုင်သော ၀န်ကြီးဌာနများနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များ ပါဝင်သောအဖွဲ့ကို  ဖွဲ့စည်းခဲ့ပါသည်။
    ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာစီးဆင်းလုပ်ကိုင်စေနိုင်ရေး လုပ်ငန်းများ ထိထိရောက် ရောက် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ သုံးခုကို လုပ်ငန်းကော်မတီ အောက်မှာထပ်မံဖွဲ့စည်းခဲ့ပါသည်။အာဆီယံတက္ကသိုလ်များ ကွန်ရက် အဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးနှင့် နိုင်ငံအဆင့် အရည်အသွေး မူဘောင်တည်ထောင်ခြင်းဖြင့် ကျွမ်းကျင် လုပ်သား များ လွတ်လပ်စွာ လုပ်ကိုင်နိုင်စေရေး ဆပ်ကော်မတီ၊ ဗီဇာနှင့် ၀င်ထွက်သွားလာမှု လွယ်ကူစေရေးဆပ်ကော်မတီနှင့် ကျွမ်းကျင် လုပ်သားဆိုင်ရာ ဆပ်ကော်မတီတို့ ဖြစ်ပါသည်။
    ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး နှင့် ပတ်သက်ပြီး နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေး နှင့်လေ့ကျင့်ရေး ( Technical and Vocational Education Training-TVET)ကို ပညာရေး ၀န်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနများက တာဝန်ယူ ဆောင်ရွက်နေရမည်ဖြစ်သဖြင့် အေအီးစီမှာ အာဆီယံ အသက်မွေးဝမ်းကျောင်းသူများ (Professionals) လွတ် လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်ကျစေရေးကို အထက်ဖော်ပြပါ ဌာန များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရမည် ဖြစ် ပါသည်။
    အသက်မွေးဝမ်းကျောင်းသူများနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး အတွက် ပညာရေးဝန်ကြီး ဌာနအနေနှင့် အမျိုးသားအရည်အသွေးမူဘောင်(National Qualification Framework- NQF)တည်ထောင်ခြင်းမှ တစ်ဆင့် အာဆီယံ၏ ဒေသဆိုင်ရာ အရည်အသွေး မူဘောင်နှင့် နှိုင်းယှဉ်ပြီး အာဆီယံနိုင်ငံများအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်နိုင်ရန် အတွက်လည်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
    မြန်မာနိုင်ငံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအတွက် Enhancement of Quality Assurance Framework and Workforce Development  နှင့်ပတ်သက်သည့် နားလည်မှု စာချွန် လွှာ (Memorandum of Understanding)ကို Singapore Polytechnic   နှင့်အလုပ်သမားဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးမည် ဖြစ်ပြီး၊ ၎င်းနောက် မြန်မာနိုင်ငံတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ၍ Technical and Vocational Education and Training System (TVET) ချမှတ် နိုင်ရေးအတွက် ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ် (Action Plan)ကို NSSA ကိုယ်စားလှယ်များက ရေးဆွဲနိုင်ရန်နှင့် လုပ်ဆောင်နိုင်စွမ်းနှင့် စွမ်းဆောင်ရည် တည်ဆောက်ပေးသော လုပ် ငန်းအစီအစဉ်များအား သတ်မှတ် ဖော်ထုတ်ခြင်းတို့ကို Singapore Polytechnic မှ Consultants များက ပံ့ပိုးကူညီ၍ ပူးပေါင်းလုပ် ဆောင်သွားမည်ဖြစ်ပါသည်။
    ဂျာမနီနိုင်ငံနှင့်လည်း GIZ နှင့်ပူးပေါင်း၍ ကျွမ်းကျင်သူ များအား မြန်မာနိုင်ငံသို့ နှစ်ရှည်၊ နှစ်တို စေလွှတ်ပေးမည်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ပါဝင်ဆောင်ရွက်သူများနှင့်အတူနီး ကပ်စွာပူးပေါင်း၍ လေ့ကျင့် သင်ကြားပေးခြင်းနှင့် ကျွမ်းကျင် ၀န် ထမ်းများ စေလွှတ်စစ်ဆေးခြင်း၊ အသိအမှတ်ပြု လက်မှတ် ထုတ် ပေးခြင်းတို့တွင် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင် မှုစံများကို ရေးဆွဲခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် လက်တွေ့ ကျင့်သုံး ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် လုပ်ဆောင်မည် ဖြစ်ပါသည်။
    အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် အင်္ဂလန်နိုင်ငံ ORT( The Organization for Educational Resources and Technological Training )  မှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံဆွေး နွေးခဲ့ပြီး ORT နှင့်လည်း အမျိုးသား လေ့ကျင့်ရေး ဗဟိုဌာန တည် ထောင်၍ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းများပေးခြင်း၊ လိုအပ် လျက်ရှိသော လုပ်ငန်းအမျိုးအစားများအား စိစစ်ရွေးချယ်၍ ဆင့်ပွား သင်တန်းများပေးခြင်း စသည်တို့ကို ပထမအဆင့်အနေဖြင့် ငါးနှစ် လုပ်ဆောင်မည်ဖြစ်ပြီး ထိရောက်သော အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပေးရန်နှင့် စက်ကိရိယာများနှင့် ကျွမ်းကျင်သူနည်းပြများ ပံ့ပိုးပေးနိုင်ရေးတို့ကို ညှိနှိုင်း ဆောင်ရွက် လျက် ရှိပါသည်။
Photo Gallery
cj_photo_12
Image Detail
Who's Online
We have 13 guests online
No comments:
Post a Comment