Monday, July 30, 2012

အစိုးရ ဌာနများတွင် အဂတိလိုက်စားမှု့များရှိဆဲဟု လွှတ်တော်ကော်မတီ ၀န်ခံ

( ထုတ်ပြန်ရုံ နှင့် မပြီးပါ။ အရေးယူမှု့တွေပါ စသင့်ပါပြီ  

အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ ယနေ့အထိအမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီထုတ်ပြန်
ယနေ့အချိန်အထိ အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ အမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟုပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ထုတ်ပြန်လိုက်သည်။

“မီဒီယာတွေကလည်းထောက်ပြကြတယ်လေ မဏ္ဍိုင်သုံးခုရှိတဲ့နေရာမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးက အပြောင်းအလဲတွေလုပ်နေပေမယ့် အခုအချိန်အထိ တရားစီရင်ရေးနဲ့ အစိုးရဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေ ရှိနေတုန်းပဲလို့ထောက်ပြကြတယ်။ ကျွန်တော်တို့လည်းအဲဒီလိုပဲမြင်ပါတယ် “ဟု တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ပြောသည်။
ယင်းကော်မတီ၏ထုတ်ပြန်ချက်ထဲတွင် အဂတိလိုက်စားမှုများကိုစုံစမ်း၍ ပြည်သူလူထုအကျိုးစီးပွားကိုကာကွယ်နိုင်အောင် ဖော်ထုတ်ရေးသားမှုများပြုလုပ်ရန် သတင်းမီဒီယာများအားတိုက်တွန်းထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(က) ပါပြဌာန်းချက်များနှင့်အညီ ထုတ်ဖော်ရေးသားသင့်ကြောင်းထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်၌လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကိုဖွဲ့စည်း၍ ၀န်ကြီးဌာနများ ၀န်ထမ်းအဖွဲ့အစည်းများအားလုံး အကျူံးဝင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင် ဥပဒေ(မူကြမ်း) ကိုရေးဆွဲတင်ပြထားကြောင်းသိရသည်

မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီးလေးခုဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊
ဥပဒေပြုရေးမဏ္ဍိုင် နှင့် ယင်းမဏ္ဍိုင်ကြီး သုံးခုကိုစောင့်ကြည့်ထိန်းကျောင်းပေးရမည့် စတုတ္ထမဏ္ဍိုင် (သတင်းမီဒီယာ )တို့မှာ အပြန်အလှန်တစ်ခုနှင့်တစ်ခု ထိန်းကျောင်းရမည်ဖြစ်သော်လည်း ယနေ့အချိန်အထိ အဂတိလိုက်စားမှုများ ကိုအမြစ်ပြတ်စေရန် လုပ်ဆောင်နိုင်ခြင်းအရှိသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ပြောကြားချက်အရသိရသည်။
ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီ ကို ၂၀၁၁ခုနှစ်နိုဝင်ဘာလတွင်
ဖွဲ့စည်းခဲ့ပြီးယနေ့အချိန်အထိ တရားမျှတမှုမရှိသော စီရင်စီရင်ချက်များချမှတ်ခံရသည်ဟု ယူဆသူများကကော်မတီသို့တိုင်စာများပေးပို့လျက်ရှိကြောင်းသိရသည်။
ကော်မတီသည်ရောက်ရှိလာသော တိုင်စာအမှုတွဲများအားလေ့လာစိစစ်၍ အချက်အလက်ပြည့်စုံသော အမှုတွဲများကို ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ သက်ဆိုင်ရာ ဌာနအသီးသီး နှင့် တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်အသီးသီးသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ယနေ့အထိ လွှဲပြောင်းပေးပြီးသော တိုင်စာအမှုတွဲပေါင်း လေးရာကျော်ရှိကြောင်းသိရသည်။ ယင်းတိုင်စာများအနက် တရားလွှတ်တော်အသီးသီးမှ ပြန်လည်စိစစ်ပြီးသောအမှုတွဲ တစ်ရာကျော် ကိုကော်မတီသြို့ပန်လည်ပေးပို့ခဲ့ကြောင်းသိရသည်။


ဆက်စပ်ဖတ်ရှု့ရန်   
လျှပ်စစ် (၁) ၀န်ကြး ဦးဇော်မင်းရဲ့ ကိုယ်ကျိုးရှာမှု ကွန်ယက်ကြီးအကြောင်း ပေးစာများ
 




1 comment:

  1. တိုင်းရင်းသားJuly 30, 2012 at 9:56 PM

    လာဘ်မစားတဲ့နိုင်ငံရယ်လို့တော့မရှိပါဘူး။အကောင်းဆုံး ဖြစ်အောင်သာ လုပ်နေကြတာပါ။ဝန်ထမ်းတိုင်းလာဘ်စားနေတာဘာ့ကြောင့်လဲအရင်စုံစမ်းသင့်ပါတယ်။တကယ် မလုံလောက်လို့လား။ဒါဆိုထောက်ပံ့မှု့ထပ်ပေးပါ။စစ်တပ်နဲ့ အရပ်သားမခွဲခြားပါနဲ့ အားလုံးအတူတူထားပါ။လုံလောက်မှု့မရှိတာတော့သေချာ တယ်။စီမံခန့်ခွဲမှု့မှား ယွင်းနေတာက၁၀၀%ပါ။အုပ်ချုပ်မှု့မှားယွင်းနေတာတွေ လည်း ရှိတယ်။စစ်တပ်ကပြောင်းလာပြီးအရပ်ဘက်ဌာနရောက်ရင်အုပ်စုဖွဲ့ထင်ရာ စိုင်းကြတယ်။သူတို့မတည့်သူတွေကိုအသေသတ်ချင်ရင် လာဘ်စားမှု့နဲ့တရား စွဲတယ်။(တကယ်စားတာရောမစားတာရောပါတယ်)ဒီလိုနဲ့ ထောင်ထဲမှာနှစ်ပေါင်း ၅၀၊၆၀ ကျော်တွေပြည့်နေပြီ။အခုထိမလွှတ်ပေးသေးပါ။ဒါတွေကိုရော လာဘ်စားသူတွေလို့သတ်မှတ်မှာလား။တစ်ချို့က သူဌေးဖြစ်လုပ်စားတာ။တစ်ချို့ကတော့ အုပ်ချုပ်မှု့မှားယွင်းနေတာတွေကို ပြန်ပြောမိလို့ လာဘ်စားမှု့နဲ့ထောင်ချခံရတာ။ ကောင်းတာကတော့၊အရင်က မတရားထောင် ချခံခဲ့ရသူတွေကို အရင်ပြန်လွှတ်သင့်ပါတယ်။ပြီးတော့ စစ်တပ်ကနေ အရပ်ဘက်ကိုပြောင်းခွင့်ကိုလုံးဝပိတ်သင့်ပါတယ်။အရပ်ဘက်မှာ လုပ်ချင်ရင်စစ်တပ်ထဲမ၀င်ပါနဲ့။စစ်တပ်ထဲဝင်ကြိုက်တာခိုးယူ၊ချမ်းသာလာပြီး အဲ့ဒီရာထူးနဲ့ အရပ်ဘက်မှာတဆင့်မြင့်ရာထူးကိုထပ်ယူ၊စစ်တပ်ကလူတွေအချင်းချင်းအစ်ကိုကြီးညီလေးခေါ်၊အရပ်ဘက်ဌာနတွေမှာထင်ရာစိုင်းနေတာတွေကို အရပ်ဘက် ၀န်ထမ်းတွေက ဘာမှုပြန်မပြောနိုင်ကြပါဘူး၊ပြောရရင်တော့မဆုံး တော့ဘူး၊ဒီလိုလုပ်နေလို့ ထောင်ထဲမှာ၊တိုင်းရင်းသားပေါင်းစုံနဲ့ ပြည့်နေပြီ။လာဘ်ပေးတဲ့ တရုပ်ကုလားကတော့ အရမ်းကိုချမ်းသာပြီး လွှတ်တော်ထဲထိဝင်လာနေပြီ။တကယ်ပြင်သင့်တာက စီမံခန့်ခွဲမှု့ပေါ်လစီတွေ ပါ။ဒီလိုမဟုတ်ဘဲလာဘ်စားလို့သာအရေးယူနေရင်၊တိုင်းရင်းသားအားလုံးအတွက်ထောင်တွေသာထပ်တိုးချဲ့လိုက်ပါတော့။မြန်မာပြည်ကိုလည်းတရုပ်ပြည် လို့သာပြောင်းခေါ်လိုက်ပါတော့။

    ReplyDelete