Monday, July 30, 2012

ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် (အယ်ဒီတာ့အာဘော်)

(၂ဝ၁၂ ခုနှစ်၊  ဇူလိုင် ၃ဝ ရက်)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်အတွင်း တိုင်းရင်းသား မျိုးနွယ်စု တစ်ရာ ကျော်တို့ ပေါင်းစည်း နေထိုင် လျက်ရှိသည်။ နိုင်ငံတော် လွတ်လပ်ရေး ပြန်လည် ရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ  ရက်မှစ  ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ၁၉၇၄ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တို့ကို ပြဋ္ဌာန်း ခဲ့သည်။ ယင်း ဥပဒေများတွင် တိုင်းရင်းသား လူမျိုးများ အပါအဝင် နိုင်ငံ သား များ၏ တန်းတူညီမျှ အခွင့်အရေးများ၊ လွတ်လပ်မှု အခွင့်အရေးများ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေးများ၊ ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ အခွင့်အရေးများ ပြဋ္ဌာန်း ထားသည်။ သို့သော် တိုင်းရင်း သားမျိုးနွယ်စုများ နေထိုင်သည့် နယ်စွန်နယ်ဖျား ဒေသများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရ လက်ထက် တွင် နယ်စပ်ဒေသ နှင့်တိုင်းရင်းသား လူမျိုး များ ဖွံ့ဖြိုး တိုးတက်မှု အကောင် အထည်ဖော်ရေး ကော်မတီ အဆင့်ဆင့် ကို ဖွဲ့စည်း၍ တိုင်းရင်းသားများ နေထိုင်သော ဒေသများတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။ ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်အစိုးရ တာဝန်ယူ သည့်ကာလ တွင်လည်း နယ်စပ် ရေးရာ ဝန်ကြီးဌာန ဖွဲ့စည်း၍ တိုင်းရင်း သားများ နေထိုင် သည့်ဒေသ များတွင် ဖွံ့ဖြိုးရေး အတွက် အခြေခံ အဆောက် အအုံများ တည်ဆောက် ပေး လျက်ရှိသည်။ ပြီးခဲ့သည့် အတိတ် ကာလက တိုင်းရင်းသားများ၏ စိတ်တွင် ကိန်းအောင်း နေသော သံသယ စိတ်များပြေပျောက် စေရန် ယခင် တပ်မတော် အစိုးရက ဆောင်ရွက် ခဲ့သည့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် လျက်ရှိသည်။
နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)ပြဋ္ဌာန်း ချက်များ နှင့်အညီ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ  စီရင်စု ဥပဒေပြုရေး တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြု ထားသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များ၌လည်း ရွေးကောက်ခံ တိုင်းရင်းသား လူမျိုး ကိုယ် စားလှယ် ၂၉ ဦးကို တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ အဖြစ် ခန့်အပ်ကာ တိုင်းရင်းသား လူမျိုး      ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန် တာဝန်ပေး အပ်ထားသည်။ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်တွင် တိုင်းရင်းသား များအား ခွဲခြား ဆက်ဆံခြင်း နှင့် ဘာသာရေး ခွဲခြား ကန့်သတ်မှု များမရှိအောင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အကာအကွယ် ပေး ပြဋ္ဌာန်း ထားပြီး ဖြစ်သည်။ တိုင်းရင်းသား ပြည်သူ တစ်ရပ် လုံးက လည်း မြန်မာ နိုင်ငံသား ဆိုသည့် စိတ်ဓာတ် မွေးမြူကြကာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ နေထိုင် လျက်ရှိသည်။
ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၁၆)ရက် မြောက်နေ့တွင် တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို အတည်ပြု လိုက်ပြီ ဖြစ်သဖြင့် တိုင်းရင်းသား အချင်းချင်း သံသယ ကင်းသော စည်းလုံး ညီညွတ်မှုကို ပိုမို ဖော်ဆောင် နိုင်ကြ တော့ မည်ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံတော်၏ လွတ်လပ်ရေး ပြန်လည် ရရှိခဲ့သည်မှ ယနေ့အထိ ပြည်ထောင်စု သားများ တစ်သွေး တစ်သံတည်း ဟစ်ကြွေးနေကြသော ''တရားမျှတ၊ လွတ်လပ်ခြင်း နဲ့မသွေ၊ ဒို့ပြည် ဒို့မြေ၊ များလူ ခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့ပြည်၊ ဒို့ပြည် ဒို့မြေ၊ ပြည်ထောင်စု အမွေ၊ အမြဲတည်တံ့ စေ၊ အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ၊ .....'' အစချီ နိုင်ငံတော် သီချင်းသံ တို့သည် ၁၉၄၇ ခုနှစ်မှ စကာ ကမ္ဘာတည်သရွေ့ တည်နေဦး မည့် တိုင်းရင်းသား သွေးချင်းများ၏ ရင်တွင်း စကားသံများ ပင်ဖြစ်သည်ဟု မြဝတီက ယုံကြည်ကြောင်း ဂုဏ်ပြုရေး သားအပ်ပါသည်။    



from - http://www.mwdmedia.net/2012/07/blog-post_7444.html

No comments:

Post a Comment