Monday, July 30, 2012

တပ်ဖွဲ့ဝင်များ ဘယ်လောက်ဘဲသေသေ၊ ငတေမာရင်ပြီးရော

အစိုးရတပ်နဲ့ KIO/KIA တို့ကြားစစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာ လွန်ခဲ့တဲ့နှစ် ဇွန်လ(၉)ရက်နေ့မှ အခုထိတိုက် နေတုန်းပါဘဲ။ ဒီလကုန်ဆိုရင် ၁၃လတောင်ကြာမြင့်ခဲ့ပါပြီး နှစ်ဖက်အကျအဆုံးဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရပေမယ့် နှစ်ဖက်စလုံးမှာတော့ အကျအဆုံးရှိမှာအမှန်ပါဘဲ။ တိုက်ပွဲအရေအတွက်တော့ တွေကိုတော့ အတိအကျ မမှတ်ထားပေမယ့် တိုက်ပွဲပေါင်း ၂၀၀၀ နီးပါးလောက်ရှိနေပြီးဖြစ်တယ်လို့သိရှိရပါတယ်။ တိုက်ပွဲတိုင်းကို တစ်ဖက်တစ်ယောက် ဆီဘဲကျဆုံးအုံး နှစ်ဖက်ပေါင်း ၄၀၀၀တော့သေကုန်ပါပြီး။ ဒါတောင် ဒဏ်ရရတဲ့သူမပါသေးပါဘူး။ ဒါပေမယ့်လဲ တိုက်ပွဲတိုင်းမှာ ၂ဖက်အကျအဆုံး အညီဆိုတာတော့မဖြစ်နိုင်ပါဘူး။ နေ့စဉ်နဲ့အမျှ အင်တာနက် သတင်းတွေမှာတော့ KIA/KIO လူကြီးတွေရဲ့ စေခိုင်းချက်နဲ့ ရေးသားပြီး တိုက်ပွဲဖြစ်ရင် အစိုးရတပ်သားတွေ ဘယ်လောက်သေတယ် KIA မျိုးချစ်တပ်မတော်က အကျအဆုံး မရှိဆိုပြီးရေးသားဖတ်ရှုနေကြရပေမယ့် တကယ်တမ်းမှာတော့ KIA ဘက်ကကြီးဘဲ တိုက်ပွဲဖြစ်တိုင်း ၃ယောက် ၄ယောက် လောက်ကို ကျဆုံးနေတာပါ။ ဒဏ်ရာရသူတွေလဲမနည်းတော့ပါဘူး။



        
    မုဆိုးမဖြစ်သွားတဲ့ ကချင်အမျိုးသမီးငယ်တွေလဲမနည်းတော့ပါဘူး။ KIA/KIO ခေါင်းဆောင်တွေက ဒုက္ခသည် စခန်းတွေမှာ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကိုသာ ထားပြီး ယောကျာ်းသားတွေကို အကြပ်ကိုင်ပြီး ရှေ့တန်းသို့ ပို၊ အစိုးရတပ်ကို တိုက်ခိုင်းနေပါတော့တယ်။ ခေါင်းဆောင်တွေက ငယ်ရွယ်ပျိုမြစ်တဲ့ မိန်းကလေးငယ်တွေတော့ သူတို့နားမှာ ကိုယ်ရံတော်လိုလို ကိုယ်လုပ်တော်လိုလိုနဲ့ထားကြပြီး ဇိမ်ခံနေကြပါတယ်။ တချို့ကောင်မလေးတွေကို တရုတ်သို့ ရောင်းပြီး လက်နက်တွေနဲ့လဲလှယ်တာတွေတောင်ရှိပါတယ်။ တိုက်ပွဲမှာ ကျွန်တော်တို့KIA ဘက်ကအကျအဆုံးများတယ် ဆိုတာကလည်း ရွာသားတွေကို အတင်းအဓမ္မလူသစ်စုပြီး စစ်ပညာကို အနည်းငယ်သာ သင်ပေးပြီး တိုက်ခိုင်းတာတွေကြောင့် ဖြစ်ပါတယ်။
            အစိုးရဘက်က ငြိမ်းချမ်းရေးလုပ်ဖို့ ကမ်းလှမ်းနေပါတယ်။ အလွတ်သဘော ဆွေးနွေးမှုတွေလုပ်နေပေမယ့်လဲ ငြိမ်းချမ်းရေးက အလှမ်းဝေးနေသေးသည်။ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ပြောတိုင်း ဟိုအကြောင်းပြဒီအကြောင်းပြ နဲ့ရွေ့ဆိုင်းနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတော့မယ်ရင် အောက်တပ်ဖွဲ့တွေကို KIA/KIO အစိုးရတပ်ကို တိုက်ဖို့ စခန်းတွေကို တိုက်ဖို့ အမိန့်ထုတ်တော့တာပါဘဲ။ အောက်ခြေတပ်ဖွဲ့ဝင်တွေကလည်းစစ်တိုက်ချင်စိတ်လဲမရှိတော့ဘူး လိုင်ဇာမြို့ပေါ်မှာနေပြီး မိန်းမနဲ့ကလေးတွေကို ဒုက္ခသည်လို့ပြောပြီးဖမ်းကာ အကျပ်ကိုင်တိုက်ခိုင်းလို့သာ တိုက်နေရသာ ငြိမ်းငြိမ်းချမ်ချမ်းနဲ့အေးအေး ဆေးဆေးနေချင်နေကြပါပြီး။
            လစာလေးတစ်လကို ၁၀၀၀၀နဲ့ ၄လတစ်ကြိမ်သာထုတ်ပေးတာဖြစ်ပြီး အဲဒီလစာနဲ့ ဘယ်လိုမိသားစုစားမှာလဲ။ သူတို့က လက်နက်ကိုင်ပြီးဆက်ကြေးကောက်ခိုင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းခိုင်း ၊ သေနတ်မှောင်ခိုရောင်းခိုင်း၊ သစ်တွေရောင်းခိုင်း ပြီးတော့ အောက်ကလူတွေကို မပြောပလောက်တဲ့လစာတွေပေးပြီး ကျန်တဲ့ငွေတွေကို ခေါင်ဆောင်တွေရဲ့ အိတ်ထဲထည့်နေ တာပါ တိုက်ပွဲကြောင့် သေသွားတဲ့ကချင်တွေကိုလဲ ခွေးသေ၀တ်သေသဘောမျိုးနဲ့ ပစ်ထားကာ ဘာမှမလုပ်ပေးပါဘူး။ ကချင်ပြည်နယ်ကိုကာကွယ်ရမယ်သာပြောနေတာ သူတို့အိတ်ကပ်ထဲကိုဘဲ ထည့်ထည့်နေတာဘဲဗျာ။ အစိုးရတပ်တွေကိုသာ လူအခွင့်အရေးချိုးဖောက် နေတာလို့ပြောနေပေမယ့်လဲ အမှန်တကယ် လူအခွင့်အရေးချိုး ဖောက်ခိုင်း နေတာက KIA/KIO ခေါင်းဆောင်ကြီးများသာဖြစ်ပြီး သူတို့ချမ်းသာဖို့တစ်ခုတည်းနဲ့ အောက်ကတပ်ဖွဲ့ဝင်တွေ ဘာဖြစ်ဖြစ်လုပ်နေတာပါ။ ငြိမ်းချမ်းရေးကို ပါးစပ်ကနေသာပြောပြီး မလိုချင်ကြပါဘူး။ မြန်မာတွေပြောသလိုမျိုး ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတာ ကျွန်တော်တို့ရဲ့ KIA/KIO ခေါင်းဆောင်ကြီးများကို ရည်ညွှန်းပြီးရေးထား ကြလားမသိပါဘူးဗျာ။
လိုင်ဇာဌာနချုပ်မှ အရာရှိတစ်ဦး

No comments:

Post a Comment