ဇူလိုင် ၁၈ရက်
ကံဆီးရွာ
အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား KIA တပ်မဟာ(၂) ရင်း(၆)မှ
တပ်ရင်းမှူး ဗိုလ်ကြီးလဒွဲ မှ ၁၄ရက်နေ့ မနက် ၉နာရီလောက်မှာ ခေါ်ယူပြီး
ကျောင်းအလံတိုင်မှာလွင့်ထူထားတဲ့ နိုင်ငံတော်အလံကိုဖြုတ်ပြီး ၎င်းတို့ရဲ့ KIA
အလံကိုဇူလိုင်လ ၂၃ရက်နေ့ကနေစပြီးအစားထိုးလဲလှယ်ရန်ကျောင်းအုပ်ကြီးအား
ချိန်းခြောက်အမိန့်ပေးခဲ့တယ်။ ဒါကို ဖားကန့်မြို့ မြို့နယ်ပညာရေးမှူးမှလည်
သဘောတူခွင့်ပြုနိုင်မှာမဟုတ်ဘူး ဒေသခံတွေကကပြောပါသည်။
ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ်
ဌာနဆိုင်ရာရုံးတွေကျောင်းတွေမှာ နိုင်ငံတော်အလံကိုဘဲလွင့်ထူထားတာပါ။ အခုလို
နိုင်ငံတော် အလံကိုဖြုတ်ခိုင်းပြီး သူတို့အလံကို လဲခိုင်းတယ်ဆိုတော့
သူတို့က ဒီနယ်မြေကို သူတို့သီးခြားနိုင်ငံလိုသတ်မှတ်သလို ဖြစ်နေတာပါဘဲ။
ဒီကဒေသခံတွေအားလုံးက
ဒါကိုပြည်ထောင်စုမြန်မာနိုင်ငံတော်လို့သတ်မှတ်နေတဲ့နေရာမှာ သူတို့က
အဲဒီလိုလုပ်တဲ့အတွက်ကြောင့် သူတို့ကဆန့်ကျင်နေတဲ့သဘောမျိုးတွေ့ရပါတယ်။
အဲဒါနဲ့ဆက်စပ်ကြည့်မယ်ဆိုရင် အစိုးရအဖွဲ့ နဲ့
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လုပ်နေပေမယ့်လဲ သူတို့က ငြိမ်းချမ်းရေးကို
မလိုချင်ဘဲ သူတို့ဘာသာ သီးခြားနိုင်ငံသဘောမျိုး လုပ်ပြီး ငြိမ်းချမ်းရေးကို
မရအောင်အမျိုးမျိုးလုပ်ဆောင်နေတာကြောင်း ရွာကလူတွေက ပြောပါသည်။
No comments:
Post a Comment