Friday, July 20, 2012

KIA မှဖားကန့်မြို့လယ်ခေါင်များတွင် မိုင်းထောင်/လူသတ်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိ

ဇူလိုင်လ(၄)ရက်နေ့ ညနေ(၈)နာရီ ကျော်ကျော်လောက်မှာ လုံးခင်း၊ အေးချမ်း သာယာ ရပ်ကွက်မှာ နေတဲ့ ဇော်ဝင်း(ခ)ဖန်သီးကို KIA လက်နက်ကိုင် ၂ ယောက် ရောက်လာပြီး လိုက်ခဲ့ဖို့ခေါ်တာ မလိုက်လို့ ခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားကြောင်း သိရှိရပါတယ်။ 


          ဇူလိုင်လ(၁၄)ရက်နေ့က ဖားကန့်မြို့မရပ်ကွက်ရှိ လူသွားလမ်းပေါ်မှာ မိုင်းတစ်လုံးနင်းမိလို့ ကျဘမ်း လုပ်ကိုင်စားသောက်နေတဲ့ ဦးကျော်မြင့်၊ ၆၂ နှစ်ရဲ့ ညာဖက်ခြေထောက်ပြတ်သွားတယ်လို့ သိရှိပါတယ်။ စုံစမ်း ကြည့်လိုက်တော့ စစ်တပ်စခန်းက ဆင်းလာရင် နင်းမိအောင် KIA ကထောင်ထားတဲ့မိုင်းကို ဦးကျော်မြင့်က အရင် နင်းမိလိုက်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
          ဖားကန့်မြို့နေပြည်သူတစ်ဦးက ``ဖားကန့်မှာ KIA က လုပ်ချင်သလို လုပ်နေတာ ကွမ်းယာဆိုင်ကနေစပြီး ရွှေလုပ်ကွက်၊ ကျောက်စိမ်းလုပ်ကွက်တွေအထိ ဆက်ကြေးကောက်တယ်၊   ကောက်သလောက်အမြဲပေးနေရတယ်။ ဘာအကြောင်းပြချက်မှမရှိဘူး၊ ခပ်တည်တည်နဲ့ ပြည်သူလူထု အိမ်ပေါ်တက်သတ်တယ်၊ မြို့လယ်ခေါင် မိုင်း ထောင်တယ်။ ဒါမျိုးကျတော့ လွှတ်တော်တို့၊ ကုလသမဂ္ဂတို့ မတိုင်ရဲတော့ဘူးလား မသိတော့ပါဘူး´´ ဟု ပြောပြလာပါတယ်။

No comments:

Post a Comment