Wednesday, July 18, 2012

MAI လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထား

MAI အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းကို လက်ရှိပြေးဆွဲနေသော လေယာဉ်လိုင်းများအပြင် ခရီးစဉ်သစ်တခုနှင့် ပုံမှန်ပြေးဆွဲနေသော ခရီးစဉ်လေးခုတွင် အကြိမ်ရေတိုးချဲ့ပြေးဆွဲသွားရန် စီစဉ်လျက်ရှိကြောင်း အဆိုသတင်းစာတွင် ဖော်ပြထားသည်။

လေကြောင်းလိုင်းသစ်ကို မန္တလေးမှ ဗန်ကောက်သို့ တိုက်ရိုက်သွားလိုသော ခရီးသည်များအတွက်နှင့် နိုင်ငံတကာမှ ခရီးသည်များ၊ မန္တလေးနှင့် မန္တလေးအထက်ဒေသများသို့ သွားလိုသူများအတွက် မန္တလေး-ဗန်ကောက်-မန္တလေးလိုင်းသစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ အကြိမ်ရေတိုးချဲ့ပြေးဆွဲပေးမည့်လေကြောင်းလိုင်းများမှာ ယခင်က ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို တစ်နေ့နှစ်ကြိမ်ပြေးဆွဲပေးရာမှ တစ်နေ့သုံးကြိမ်အထိလည်းကောင်း၊ ရန်ကုန်-ကွမ်ကျိုး-ရန်ကုန်ခရီးစဉ်များကို ယခင်က တစ်ပတ်နှစ်ကြိမ်ပြေးဆွဲပေးရာမှ အင်္ဂါ-ကြာသပတေး-တနင်္ဂနွေတစ်ပတ် သုံးကြိမ်အထိ လည်းကောင်း၊ ရန်ကုန်-ဆီရမ်ရိ-ရန်ကုန်ခရီးစဉ်ကို ယခင်တစ်ပတ်နှစ်ကြိမ်မှ ယခုတစ်ပတ်သုံးကြိမ်အထိလည်းကောင်း၊ ရန်ကုန်-ဖနောင်းပင်-ရန်ကုန်ခရီးစဉ်ကို ယခင်တစ်ပတ်နှစ်ကြိမ်မှ ယခုတစ်ပတ်သုံးကြိမ်အထိလည်းကောင်း၊ ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်ကို ယခင်တစ်ပတ်သုံးကြိမ်ပြေးဆွဲရာမှ ယခုနေ့စဉ်ခရီးအဖြစ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်ငါးကြိမ်ပုံမှန်ပြေးဆွဲလျက်ရှိပြီး Air Bus အမျိုးအစား A-320 အသစ်နှစ်စီးထပ်မံအားဖြည့်ပြီး စက်တင်ဘာလ ၁၆ ရက်မှ ၂၀၁၃ ခုနှစ် မတ် ၃၀ ရက်အတွင်း ပြေးဆွဲပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

No comments:

Post a Comment