Wednesday, July 18, 2012

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်အား ဇူလိုင်လ ၁၉ ရက်တွင် ၀င်ကြေးအခမဲ့ဖြင့် ၀င်ခွင့်ပြု

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်အား ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့တွင်) အထူးအစီအစဉ် အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ၀င်ကြေးအခမဲ့ဖြင့် ဖွင့်လှစ်ပေးမည်ဟု သိရပါသည်။

 
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချိုလမ်း (ယခင် တာဝါလိန်းလမ်း) တွင် တည်ရှိပါသည်။ ပြတိုက်အဖြစ် ဖွင့်လှစ်ထားသော အဆိုပါ နေအိမ်၌ ဗိုလ်ချုပ် အောင်ဆန်းသည်
၁၉၄၅ခုနှစ် မေလမှ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့အထိ နေထိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ ဗိုလ်ချုပ် သုံးစွဲခဲံသော အသုံးအဆောင်၊ ပရိဘောဂများ၊ ဓာတ်ပုံများ၊ ဖတ်ရှုခဲ့သော စာအုပ်များ၊ ၀တ်ဆင်ခဲ့သော အ၀တ်အထည်များနှင့် ဗိုလ်ချုပ်စီးနင်းခဲ့သည့် မော်တော်ကားတို့ကို အမှတ်တရ အနေဖြင့် ပြသထားပါသည်။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို ပုံမှန်အားဖြင့် တင်္နလာ၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ် ရက်များမှအပ ကျန်ရှိသည့် နေ့ရက်များတွင် နံနက် ၁၀ နာရီမှ
ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပါသည်။

No comments:

Post a Comment