Thursday, August 9, 2012

သျှမ်းပြည် (မြောက်ပိုင်း) ၌ အရပ်သားတစ်ဦးအား ရဲများရိုက်နှက်

From -သျှမ်းသံတော်ဆင့်

MYANMAR_POLICE
မြန်မာ့ရဲ
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးဝီး - နမ့်ပူလုံအသွားလမ်း နမ့်ပူလုံတံတား အနီးတွင် မုံးဝီးရွာသား တစ်ဦးအား ယခု လ ရ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က ရဲများရိုက်နှက်ရာ ဒဏ်ရာပြင်းထန် စွာရရှိသွားပြီး နမ့်ခမ်းမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရ သည်။အသက်၄၅နှစ်အရွယ်ဦးမောင်ကြည်သည် ထော်လာဂျီယာဉ်ဖြင့် အဆိုပါ တံတားဖြတ်သန်းရန် ကြိုးပမ်းစဉ် ရဲများက တား ဆီး၍ ပိုက်ဆံတောင်းရာမှ အချေအတင်စကားများကာ ဦးမောင်ကြည်အား
ရဲက ရိုက်နှက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေ သခံ ရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ သူကထော်လာဂျီမောင်းတယ်လေ။ ထော်လာဂျီကို ရဲက ပေးမဖြတ်ဘူးပေါ့။ ထော်လာဂျီက မဖြတ်ပဲနဲ့ တံတားပြင်ဖို့ ပိုက်ဆံ တောင်းတာပေါ့။ ထော်လာဂျီပေးမဖြတ်ပဲ ဘာလို့တံတားပြင်တာလဲဆိုပြီး သူကရဲကိုပြန်ပြောတာပေါ့ ။ အဲလိုပြောပြီးမှ ရဲနဲ့သူနဲ့ စကားများပြီးမှ ရိုက်တာပေါ့နော် ” ဟု သူက ဆိုသည် ။

၎င်းရွာသားအား ဦးဆောင်ရိုက်နှက်သူမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်ဇော ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားစဉ် သေနတ် ၃ ချက်ခန့် မိုး ပေါ်ထောင်ဖေါက်ခဲ့သေးကြောင်း သိရသည် ။

ထိုသို့ ရိုက်နှက်စဉ် ဦးမောင်ကြည်၏ လက်နှင့်နောက်ကျောဘက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး နမ့်ခမ်းဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက နမ့်ခမ်းမြို့နယ် မီးသတ်ဦးစီးအရာရှိများ ဆေးရုံသို့လာရောက်ခဲ့ပြီး အမှုမဖွင့်ရန် ပြောကြားကာ ငွေကျပ် ၂ သိန်းပေးကမ်းသွားကြောင်း သိရသည် ။
သို့သော်ကာယကံရှင် ဦးမောင်ကြည်ဘက်မှ ကျေနပ်မှုမရှိကြောင်း သိရသည် ။

No comments:

Post a Comment