Thursday, August 9, 2012

ဗီယက်နမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအတွင်းရေးမှူးချုပ် ဖြစ်လာဖွယ်ရှိ

From - မြ၀တီ
 ဗီယက်နမ် ဒုတိယနိုင်ငံခြား ရေးဝန်ကြီး Le Luong Minh သည် အာဆီယံ အဖွဲ့၏ နောက်တစ် ဆက်အတွင်း ရေးမှူးချုပ် ဖြစ်လာနိုင်သည်ဟု သြဂုတ်လ ၇ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ သို့သော် ဗီယက်နမ် နိုင်ငံသည် Minh အား အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် ကိုယ်စား လှယ်လောင်း အဖြစ် တရားဝင် အမည်စာရင်း တင်သွင်းထားခြင်း မရှိသေးကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ် ရာထူးသည် အဖွဲ့ဝင် ၁ဝ နိုင်ငံမှ ၅ နှစ်တစ်ကြိမ် အက္ခရာစဉ်အရ အလှည့်ကျ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုတစ်ကြိမ်သည် ဗီယက်နမ် အနေဖြင့်
ထိုင်းနိုင်ငံထံမှ အတွင်းရေးမှူးချုပ် တာဝန်အား လွှဲပြောင်းရ ယူမည်ဖြစ်ကြောင်းအာဆီယံဆိုင် ရာဗီယက်နမ် အမြဲတမ်း ကိုယ်စားလှယ် Vu Dang Dung က မကြာသေးမီက ဂျကာတာ မြို့တွင်ပြောကြား ခဲ့သော်လည်း အတွင်းရေးမှူးချုပ် နေရာအား ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများအား ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။ Minh သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဂျဝါဟာလာ နေရူးတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ ၄င်းသည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ်တာဝန် ထမ်းဆောင်ခဲ့သော အတွေ့အကြုံအရ အာဆီယံအဖွဲ့အား ကောင်းမွန်စွာ ဦးဆောင်နိုင်ဖွယ် ရှိသည်ဟု ဆိုပါသည်။ Minh သည် ဗီယက်နမ် ဒုတိယနိုင်ငံ ခြားရေးဝန် ကြီးအဖြစ် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၄င်းအနေဖြင့် အာဆီယံ အတွင်းရေးမှူးချုပ် အဖြစ်ရွေး ချယ်ခံရလျှင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင် စတင်တာဝန် ထမ်းဆောင်သွား ရမည်ဖြစ်ကြောင်း သိရှိရပါသည်။။

No comments:

Post a Comment