Thursday, August 23, 2012

အခွေဆိုင်များဖမ်း၍ နိုင်ငံခြားရုပ်ရှင်ပရိသတ်များပါ အခက်တွေ့

ရန်ကုန်၊ သြဂုတ် - ၁၈ ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားဇာတ် လမ်းတွဲများ၊ ဇာတ်ကားများကို ကြည့်ရှုသူ အများစု အားထားနေ ရသော လက်လီရောင်းချသည့် လမ်းဘေးခွေဆိုင်များမှာ ခိုးကူး နှိမ်နင်းရေး စီမံချက်ကြောင့် ရောင်းချနိုင်ခြင်း မရှိသည့်အတွက် ပြည်ပ ဇာတ် ကားများ ၊ ဇာတ်လမ်းတွဲများ ကြည့်ရှုလိုသည့်ပရိသတ်များ အခက်ေ တွ့နေသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝ
န်ကြီး ဦးကျော်ဆန်းကမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်သစ်အဖွဲ့နှင့် ယခုနှစ် မေလဆန်းပိုင်းက တွေ့ဆုံပွဲတွင် တစ်ပိုင်တ စ်နိုင် ရောင်းချနေသည့် နိုင်ငံခြားခွေရောင်းချသူများကို ညစ်ညမ်းခွေများမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန် ပြောကြားထားခဲ့ သော်လည်း ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်များက ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ခိုးကူးနှိမ်နင်းရေးစီမံ ချက်များဖြင့် ဆက်တိုက်ဖမ်းဆီးနေမှုများကြောင့် လမ်းဘေးခွေရောင်းဆိုင် များမှာ ဇူလိုင်လမှစ၍ရောင်း ချခြင်းမရှိတော့ပေ။
''ကျွန်တော်တို့က အင်္ဂလိပ် ဇာတ်လမ်းတွဲခွေတွေ၊ အင်္ဂလိပ် ကားတွေကိုပဲ ၀ယ်ကြည့်တာ။ ဒီဆိုင်လေးတွေကို အားထားနေ ရတာ။ အင်္ဂလိပ်ကားသစ် သုံးခွေ တစ်ထောင်၊ ဇာတ်လမ်းတွဲဆို သုံး ချပ်တစ်ထောင်နဲ့ ပုံမှန် ၀ယ်ကြည့် နေကျပဲ။ အခု အဖမ်းအဆီးရှိတယ်ဆိုတော့ ဘယ်ဆိုင်မှ မရောင်းတော့ဘူး။ ခွေအဆက် ပြတ်လို့ ၀ယ်ချင်တာတောင် ဘယ်သွားဝယ်ရ မလဲမသိဘူး။ အရင်လို စီမံချက်ရှိတုန်း ခဏလည်း မဟုတ်ဘူး။ တောက်လျှောက်ကို မတွေ့ရတော့ ခွေ ကြည့်ချင်တာ ဘယ်ဝယ်ရမှန်းမသိဘူး"ဟု ရန်ကုန်မြို့နေ ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးကပြောသည်
အဆိုပါ လမ်းဘေးခွေဆိုင် များမှာ နိုင်ငံခြားဇာတ်လမ်းတွဲ များ၊ အင်္ဂလိပ်ဇာတ်ကားသစ်များ ကို အဓိကအားထားရောင်းချကြ ခြင်းဖြစ်ပြီး၊ ၀ယ်ယူကြည့်ရှုသူအ နည်းစုကသာ မြန်မာဗီဒီယိုဇာတ်ကားများကို ၀ယ်ယူသည်။ ထို့ကြောင့် နိုင်ငံခြားဇာတ်ကားများ ရောင်းချခြင်းကိုမူ ဖမ်းဆီးခြင်းမပြုသင့်ကြောင်း ဝေဖန်ပြောမှု များ ပေါ်ထွက်နေသည်။
''ကားသစ်တွေ ထွက်တာသိ ပြီး အရင်လို ချက်ချင်း မကြည့်ရ တော့ဘူး။ ခွေရှာရတာလည်း ရှား လာတယ်။ နီးစပ်ရာလေး ရှာဝယ် တော့လည်း ခွေအရည်အသွေး ကောင်း၊ မကောင်း အရင်လို စိတ် ကြိုက်မရွေးရဘူး။ ရတာယူပဲ။ အရင်ကဆို ခွေက မဲမှောင်နေ တာတို့၊ မကြည်တာတို့ ပြန်လဲလို့ ရသေးတယ်။ အခု ရတာယူရတဲ့ အပြင် ဈေးလည်း နည်းနည်း တက်တယ်။ အင်္ဂလိပ်ကားတွေ၊ ကိုရီးယားဇာတ်လမ်းတွဲတွေတော့ ပေးရောင်းသင့်ပါတယ်"ဟု နိုင်ငံ ခြားဇာတ်ကားများ ပုံမှန်ကြည့်ရှု သူ ပရိသတ်တစ်ဦးကပြောသည်။
လမ်းဘေး ပလက်ဖောင်း တွင် ဖွင့်လှစ်ရောင်းချသည့် ခွေ ဆိုင်အများစုမှာ နိုင်ငံခြားဇာတ် ကားများ၊ ဇာတ်လမ်းတွဲများ သီး သန့်ရောင်းချခြင်းများ ရှိသကဲ့သို့ မြန်မာသီချင်းခွေဗီစီဒီ၊ ဒီဗီဒီချပ် များကို ပူးတွဲရောင်းချသည့်ဆိုင် အချို့လည်း ရှိသည်။ ဖမ်းဆီးရာ တွင် မြန်မာဗီစီဒီခိုးကူးချပ်များ တွေ့ပါက တစ်ဆိုင်လုံးရှိ ခွေများ
ကိုသိမ်းဆည်း အရေးယူခြင်းတို့ ကြောင့် ခွေဆိုင် များဘက်မှလည်း စွန့်စားရောင်းချခြင်း မရှိတော့ ပေ။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး အမှုဆောင်သစ်လက်ထက် လေးလနီးပါးအတွင်း ခိုးကူးဖမ်း ဆီးမှုပေါင်း ၁၇၆ မှုရှိခဲ့ပြီး ယခု ကာလကဲ့သို့ လမ်းဘေးခွေဆိုင် များ ကာလရှည်ကြာစွာ မရောင်းချ ရခြင်းမျိုးမရှိခဲ့ပေ။ ''တကယ်ဖမ်းမယ်ဆိုလည်း လက်ကြီးသမား ကို ရအောင်ဖမ်းပေါ့။ ခုကျတော့ အလွယ်တွေ့ရတဲ့ လမ်းဘေးဆိုင် တွေကိုလိုက်ဖမ်းတယ်။ မြန်မာသီ ချင်းခိုးကူးတွေ တင်တဲ့ဆိုင်တွေလည်းရှိပါတယ်။ ဒါပေမဲ့ တကယ် ထိထိရောက်ရောက် နှိမ်နင်းမယ် ဆိုရင်တော့ တွေ့သမျှ လမ်းဘေး ဆိုင်ဖမ်းရုံနဲ့မရဘူး။ ဒိုင်တွေကိုပါ မိအောင်လုပ်ရမှာ}}ဟု ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ ခွေ ရောင်းချသူတစ်ဦးကပြောသည်။
နိုင်ငံခြားဇာတ်လမ်းတွဲများ၊ ဇာတ်ကားများကို အဓိကရောင်း ချသော လမ်းဘေးဆိုင်များကိုသာ ဦးတည်ဖမ်းဆီးနေခြင်းကြောင့် အင်္ဂလိပ်ဇာတ်ကားနှင့် အခြား နိုင်ငံခြားဇာတ်ကားများ၊ ဇာတ် လမ်းတွဲများ ကြည့်ရှုလိုသည့်ပရိ သတ်များ အခက်ကြုံနေရသည်။
ရုပ်ရှင်ကြည့်သည်ကို ၀ါသ နာပါသော လုပ်ငန်းရှင်တစ်ဦးက ၎င်းင်း၏သားသမီးများကို မြန်မာ ဇာတ်ကားနှင့်အငြိမ့်ခွေများ ကြည့်ရှုခွင့်မပြုကြောင်းပြောသည်။ အ ကြောင်းမှာ မြန်မာဇာတ်ကားများ မှာ အားထုတ်မှုနည်းပါးပြီး ပရိ သတ်အတွက် ယူစရာဘာမျှမရှိ သည့်အပြင် အချို့ဇာတ်လမ်းများ မှာ ကြည့်ရှုသူÓဏ်ရည်ကိုပါ နိမ့် စေနိုင်သည့်အတွက်ဟုဆိုသည်။ အငြိမ့်ခွေများမှာလည်း အောက်ပိုင်းပြက်လုံးများလွန်း၍ ကလေးငယ် များ အကျင့်မပျက်စေရန် ကြည့်ရှု ခွင့်မပြုခြင်းဟု ၎င်းင်းကရှင်းပြသည်။
''ခုဟာက အရင်လို ခွေပြန် ရောင်းချင်ရင် မြန်မာသီချင်းခွေ ကို လုံးဝ တင်မရောင်းရတော့ မလိုဖြစ်နေတယ်။ ၀န်ကြီးက လည်း နိုင်ငံခြားကားတော့ မဖမ်း ပါနဲ့လို့ ပြောထားတော့ စီးပွား မပျက်ချင်ရင် မြန်မာသီချင်းဗီစီဒီ တွေမရောင်းဘဲ နိုင်ငံခြားခွေလေးတွေတော့ ပြန်ရောင်းခွင့်ရချင်ပါတယ်"ဟု အခွေရောင်းချသူတစ်ဦးကပြောသည်။
From -7DayNewsJournal

No comments:

Post a Comment