Sunday, August 5, 2012

အစိုးရကရဲဝံ့ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက ရခိုင်ပြည်နယ်အခြေအနေကိုပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူသုံးသပ်

From - MyanmarPost ဂျာနယ်
သြဂုတ် ၅
ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ မြန်မာအစိုးရက ရဲဝံ့ ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက အခြေအနေပိုမိုဆိုးရွား သွားစေနိုင်ကြောင်း မြန်မာအစိုးရ၏ ဖိတ်ကြား ချက် အရ  မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်လေ့ လာခဲ့သည့်  မြန်မာနိုင်ငံလူ့အခွင့်
အရေးအခြေအနေဆိုင်ရာ ကုလသ မဂ္ဂအ ထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ်အိုဂျေးကွင်တားနားက သြဂုတ် ၄ ရက် ည ၆ နာရီ ၄၅ မိ နစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲတွင်ပြောကြားသည်။
“ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းနှစ်ခုကြားမှာ နက်ရှိုင်း စွာအမြစ်တွယ်နေတဲ့ မယုံကြည်မှု တွေရှိနေတာကို ကျွန်တော်အလွန် စိုးရိမ်ပူပန်မိပါတယ်။ အစိုးရက ရဲဝံ့ တဲ့ခြေလှမ်းတွေ ချမှတ်ဆောင်ရွက် နိုင်ခြင်းမရှိရင် အခြေအနေကို ပို မိုဆိုးရွားသွားစေနိုင်ပါတယ်”ဟု မစ္စတာကွင်တားနားကသုံးသပ်သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် မစ္စတာကွင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်၊ တရားဥပဒေ စိုးမိုးရေး၊ ရိုဟင်ဂျာအရေး၊ အကျဉ်း သားကိစ္စ၊ ကချင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ ဝေဖန်သုံးသပ် မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ရခိုင်ပြည်နယ်ခရီးစဉ်နှင့်စပ်လျဉ်း၍ “ကျွန်တော်ဟာ မြန်မာအစိုးရရဲ့ အစီအစဉ်နဲ့ ကုလသမဂ္ဂ Country Team  နဲ့အတူ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပါတယ်။ မောင်တော မြို့မှာ ရခိုင်ပြည်နယ်အစိုးရနဲ့ ဒေသ ခံအာဏာပိုင်တွေနဲ့  တွေ့ဆုံခဲ့ပြီး အစ္စလာမ်အသိုက်အ၀န်းမှ ပုဂိ္ဂုလ် တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မီး လောင်ပျက်စီးခဲ့တဲ့ ရခိုင်ကျေးရွာ တွေကို သွားရောက်ပြီး အိမ်ရာအ သစ်တွေတည်ဆောက်ပေးမှုကို လည်း လေ့လာခဲ့ပါတယ်။ ဒါ့အပြင် စစ်တွေနဲ့ မောင်တောမြို့များရှိ ရ ခိုင်နဲ့အစ်္စလာမ်အသိုက်အ၀န်း နှစ် ခုစလုံးရှိ နေအိမ်ရွှေ့ပြောင်းနေထိုင် ရသူများကိုထားရှိတဲ့ ကယ်ဆယ် ရေးစခန်းတွေကိုလည်း သွားရောက် ခဲ့ပါတယ်”ဟု ရခိုင်ပြည်နယ်ခရီးစဉ် နှင့်ပတ်သက်၍ မစ္စတာကွင် တား နားက အကျဉ်းချုံးပြောကြားသည်။
မြန်မာနိုင်ငံ၏ လတ်တလော တိုးတက်မှုများကို ကြိုဆိုကြောင်း၊ ၂၀၁၅ ခုနှစ်မတိုင်မီ အဓမ္မစေခိုင်းမှု လုံးဝပပျောက်ရေးအတွက် အပြည် ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အ စည်း(ILO)နှင့် ပူးပေါင်းဆောင်ရွက် မည့် မဟာဗျူဟာစီမံကိန်းနှင့် က လေးစစ်သားအသုံးပြုမှုပပျောက် ရေးအတွက် ကုလသမဂ္ဂနှင့်ပူးပေါင်း ဆောင်ရွက်ရန် သဘောတူလက် မှတ်ရေးထိုးခဲ့ခြင်းတို့ကိုလည်း ကြို ဆိုကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် အခြား stake holder များ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာသည်ကို မြင်တွေ့ရ သည့်အတွက် အားတက်မိကြောင်း၊ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့် အရေးကိစ္စရပ်များ ဆွေးနွေးမှုတွင်  ပိုမိုပွင့်လင်းမြင်သာမှုရှိလာပြီး စိန် ခေါ်မှုနှင့် စွန့်စားမှုများနှင့်ပတ်သက် ၍ ယထာဘူတကျကျ ဝေဖန်မှု ပိုမို များပြားသည့် ငြင်းခုံမှုနှင့် အကဲဖြတ် ဆန်းစစ်မှုများလည်း ပိုမိုပေါ်ထွန်း လာကြောင်း၊ လူ့အခွင့်အရေးကို လေးစား၍ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကိုဆက်လက်ဆောင်ရွက် ရာတွင် လွှတ်တော်နှင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်စသည်တို့ ဆက်လက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် ကချင်ပြည်နယ်အပါအ ၀င် နိုင်ငံတစ်ဝန်းရှိ လူ့အခွင့်အရေး ချိုး ဖောက်မှုများကို စုံစမ်းစစ်ဆေး ခြင်းစသည့် အရေးပါသော ကိစ္စရပ် များကို ဆက်လက်ဆောင် ရွက်နေ ပြီဖြစ်ကြောင်း၊ အဆိုပါကော်မရှင် သည် လူ့အခွင့်အရေးကို ပိုမိုကာ ကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး အ ကျိုးသက်ရောက်မှုမြှင့်တင်နိုင်ရေး အတွက်အားနည်းချက်များကို ကု စားရန်ကြိုးပမ်းလျက်ရှိကြောင်း မစ္စတာကွင်တားနားက သုံးသပ် သည်။
မစ္စတာကွင်တားနားသည် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ သည်။ “တရားဥပဒေစိုးမိုးရေးကို အ ခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ် မှုတွေကိုလည်း ကျွန်တော်အသိအ မှတ်ပြုပါတယ်။  ဥပဒေရေးရာ ပြန် လည်သုံးသပ်မှုတွေနဲ့ ပြုပြင်ပြောင်း လဲမှုတွေ ဆက်လက်ဆောင်ရွက် ရမှာဖြစ်ပြီး ဥပဒေသစ်တွေ ထပ်မံ ထွက်ပေါ်လာဖို့က ဒီနေရာမှာ အဓိ ကကျပါတယ်။ ကျွန်တော့်အနေနဲ့ လူမှုအဖွဲ့အစည်းနဲ့ အပြည်ပြည်ဆိုင် ရာ အဖွဲ့အစည်းတွေအပါအ၀င် သက်ဆိုင်တဲ့ stake holder အား လုံး ဥပဒေသစ်တွေ မူကြမ်းရေးဆွဲ ရာမှာ ၀ိုင်းဝန်းတိုင်ပင်နေတယ်ဆို တာ သိရတဲ့အတွက် အားတက်နေ ပါတယ်။ ဥပဒေကြမ်းတွေကို သင့် လျော်စွာ စဉ်းစားသုံးသပ်ဖို့နဲ့ ပိုမို ကျယ်ပြန့်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အချိန်ပိုပေးသင့်ပါ တယ်”ဟု မစ္စတာကွင်တားနားက သုံးသပ်သည်။
ရခိုင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ “အပြု သဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဆက်လက်ဖြစ်ပေါ် နေတာကို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေက သက် သေပြနေပါတယ်။ ဒီမိုကရေစီအ သွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးတို့ကို ဟန်ချက် ညီစွာဆောင်ရွက်နိုင်ဖို့ လိုအပ်ပါ တယ်”ဟု သုံးသပ်ခဲ့သည်။
“ရခိုင်ပြည်နယ်အတွက် လူ့အ ခွင့်အရေးအခြေအနေဟာ ဆိုးရွား ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် နေအိမ်နဲ့ မိသားစုဘ၀တွေ ပျက်စီး ဆုံးရှုံးမှုကို လူပေါင်းများစွာ ခံစားခဲ့ ရတာကို ကျွန်တော်မျက်မြင်တွေ့ရှိ ခဲ့ပါတယ်။ အသိုက်အ၀န်းနှစ်ခုစလုံး မှ ဘေးဒုက္ခရောက်ခဲ့ရသူတွေအ တွက် ကိုယ်ချင်းစာမိပါတယ်။ မြန် မာအစိုးရအနေနဲ့ တရားဥပဒေစိုးမိုး ရေးကို ပြန်လည်ထိန်းသိမ်းပြီး အဆို ပါဒေသမှာ နောက်ထပ်လုံခြုံရေး အင်အား တိုးမြှင့်ချထားမှု၊ အကြမ်း ဖက်လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့မှု စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ကို ကျွန်တော်သတိထားမိပါတယ်။ ဒါပေမဲ့ တရားဥပဒေ ပြန်လည်စိုးမိုး ရေးရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ လူ့ အခွင့်အရေးကိစ်္စရပ်တွေမှာ ကြီးမား တဲ့ ချိုးဖောက်မှုတွေရှိနေတာကို ကျွန်တော်သိရှိခဲ့ပါတယ်”ဟု ဆက် လက်ပြောကြားသည်။
သို့ရာတွင် မစ္စတာကွင်တားနား သည် ရခိုင်ပြည်နယ်ရှိ နေအိမ်ရွှေ့ ပြောင်းခဲ့ရသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုမျာ ပြုလုပ်ခဲ့သည့် မြန်မာအစိုးရနှင့် အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းများ၏ လုပ်ဆောင် မှုများကို ကြိုဆိုခဲ့သည်။
“ဒါပေမဲ့ လက်ရှိအခြေအနေ မှာ ကယ်ဆယ်စောင့်ရှောက်ရေး စခန်းများ၌ အစားအသောက်၊ ရေ နှင့်သန့်ရှင်းမှု၊ ကျန်းမာရေးစောင့် ရှောက် မှုစသည်တို့လိုအပ်နေဆဲဖြစ် ပါတယ်။ ဘာ့ကြောင့် မြန်မာအာ ဏာပိုင်တွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီ တိုးမြှင့်ပေးအပ်ဖို့က တောင်းဆိုမှုအပေါ် အပြည်ပြည် ဆိုင်ရာကတုံ့ ပြန်ဖို့ ကျွန်တော်တိုက် တွန်းပါတယ်” ဟု ယင်းက ဆက် လက်ပြောကြားသည်။
မစ္စတာကွင်တားနားသည် အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာများနှင့်ပတ်သက်၍လည်း ထည့်သွင်းပြောကြားခဲ့သည်။ ရိုဟင် ဂျာများသည် မြန်မာနိုင်ငံသားဟုတ် မဟုတ်ကို အလေးမထားဘဲ အ ပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံ သတ်မှတ်ချက်များနှင့်အညီ မကူ ညီပေးရန်လိုအပ်ကြောင်း၊ မြန်မာ နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများကို မစ္စတာကွင်း တားနားက တိုက်တွန်းခဲ့သည်။
မစ္စတာကွင်တားနားသည် ယင်း၏ ခြောက်ကြိမ်မြောက် မြန်မာ နိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်များနှင့်ဆက်နွှယ်မှုရှိသည် ဟုဆိုကာ ထိန်းသိမ်းခဲ့ရသည့် ကုလ သမဂ္ဂ၀န်ထမ်းခြောက်ဦးအား အင်း စိန်နှင့်ဘူးသီးတောင်ဒေသများတွင် တွေ့ဆုံနေထိုင်ခဲ့သည်။
““အစိုးရမဟုတ်တဲ့ အပြည်ပြည် ဆိုင်ရာ(NGO) အဖွဲ့အစည်းများမှ ၀န်ထမ်းများစွာလည်း အလားတူ ထိန်းသိမ်းခံနေရတယ်လို့ ကျွန်တော် သတင်းရရှိထားပါတယ်””ဟု ယင်းက  ပြောကြားသည်။ မစ္စတာကွင်တား နားသည် ယုံကြည်ချက်အကျဉ်းသား များအနေနဲ့လခည်း တွေ့ဆုံဆွေး နွေးခဲ့ပြီး နောက်ဆုံးလာရောက် သည့် ခရီးစဉ်နှစ်ခုတွင် တွေ့ဆုံခဲ့ သည့် ကိုဖြိုးဝေအောင်လင်းနှင့် လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
“ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး ထောင်မှလွှတ် လိုက်ပြီလို့ ကျွန်တော်က မနေ့ကမှ အကြောင်းကြားရပါတယ်။ ဒီသ တင်းကို ကျွန်တော် ကြိုဆိုပါ တယ်။ ဒီလိုအပြုသဘောဆောင်တဲ့ခြေ လှမ်းကို လုပ်ဆောင်တဲ့အတွက် သမ္မတနဲ့အစိုးရကိုချီးကျူးပါတယ်” ဟု မစ္စတာကွင်တားနားက ဆိုသည်။
ကချင်ပြည်နယ်အရေးနှင့်ပတ် သက်၍ စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။“တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ခု နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ရလာဖို့ကို ကျွန်တော်ကြိုဆို ပါတယ်။ ဒါပေမဲ့ အထူးသဖြင့် က ချင်ပြည်နယ်မှာ ပဋိပက္ခတွေ ဆက် လက်ဖြစ်ပွားနေတာကြောင့် လူ့အ ခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲ ချက်တွေကို ကျွန်တော်ဆက်လက် ကြားသိနေပါတယ်”ဟု ကွင် တား နားကဆိုသည်။
မိမိကိုဖိတ်ကြားခြင်းနှင့် ပူး ပေါင်းဆောင်ရွက်မှုများအတွက် မြန် မာအစိုးရကို ကျေးဇူးတင်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂလူ့အ ခွင့်အရေးကောင်စီသို့ နောက်ထပ် အစီရင်ခံစာမတင်သွင်းမီ မြန်မာ နိုင်ငံသို့ ထပ်မံလာရောက်ရန်မျှော် လင့်ကြောင်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအခြေအနေမြှင့်တင် ရေးအတွက် အစိုးရနှင့် အပြုသ ဘောပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း မစ္စတာကွင်တားနားက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ မောင် တောနှင့် ဘူးသီးတောင်မြို့များတွင်  ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ကြောင့် နှစ်ဖက်စလုံးမှ ၇၇ ဦးသေ ဆုံးပြီး ၁၀၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊  စုစုပေါင်းလူနေအိမ် ၄၈၂၂ လုံး၊ ဗ လီ ၁၇ လုံး၊ ဗုဒ်္ဓဘာသာဘုန်းတော် ကြီးကျောင်း ၁၅ လုံးနှင့် စားသင် ကျောင်း ၃ ကျောင်းမီးလောင်ပျက် စီးခဲ့ကြောင်းတရားဝင်သတင်းထုတ် ပြန်ထားသည်။
မစ္စတာကွင်တားနား၏ခြောက် ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် သည် ဇူလိုင် ၃၀ ရက်တွင် စတင်ခဲ့ ပြီး သြဂုတ် ၄ ရက် ညနေတွင် ပြီး ဆုံးခဲ့ကြောင်း၊ အဆိုပါခရီးစဉ်တွင်  မစ္စတာကွင်တားနားသည် နေပြည် တော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် အလုပ်သ မားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး၊ ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ရှေ့နေ ချူပ်  Chief Justic of the supreme Court ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ရေးရာ ကော်မတီများမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်မြို့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာနှင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ အမျိုးသားလူ့အ ခွင့်အရေးအဖွဲ့ဝင်များ၊ ၈၈ မျိုး ဆက်ကျောင်းသားများနှင့် လူမှုအ ဖွဲ့အစည်းအသီးသီးတို့မှ ကိုယ်စား လှယ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း သူမ၏နေအိမ်တွင်သီးခြား တွေ့ဆုံခဲ့ကြောင်းသိရသည်။
ခိုင်လင်းကျော်၊ ထွန်းလင်း

No comments:

Post a Comment