Sunday, August 5, 2012

လူ့အခွင့်အရေးထိုးဖောက်မှုစွပ်စွဲချက်များကို သုံးသပ်စစ်ဆေးပေးရန် မစ္စတာကွင်တားနားတောင်းဆို




သြဂုတ် ၅
ကချင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဖြစ်ပွား နေသည့် လူ့အခွင့်အရေးချိုးဖောက် မှုစွပ်စွဲချက်များကို သက်ဆိုင်ရာက  သုံးသပ်စစ်ဆေးပေးရန် ကုလ သမ ဂ္ဂြ မန် မာနို င်ငံလူ့အခွင့် အရေး အခြေ အ နေဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူ မစ္စတာကွင်တားနားက သြဂုတ် ၄ ရက်တွင် တောင်းဆိုလိုက် သည်။

မစ္စတာကွင်တားနားသည် ယင်း၏မြန်မာနိုင်ငံခရီးစဉ်ပြီးဆုံး သည့် သြဂုတ် ၄ ရက် ညနေတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပသည့်သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့တောင်းဆို ခဲ့ခြင်းဖြစ်သည်။
“အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ မကြာသေးမီက က ချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်  တွေအပါအ၀င် လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာစွပ်စွဲချက်တွေနဲ့ Complaints တွေကို ပြန်လည်သုံး သပ်စစ်ဆေးပေးခြင်းစတဲ့ အရေး ကြီးတဲ့လုပ်ရပ်တွေကို ဆက်လက် ဆောင်ရွက်ခဲ့ပြီးပါပြီ။ အဆိုပါကော် မရှင်အနေနဲ့ Paris Principles  နဲ့ အပြည့်အ၀ကိုက်ညီမှုရှိပြီး လွတ် လပ်မှုရှိဖို့ လျှောက်လှမ်းရမယ့်ခရီး  မိုင်များစွာရှိနေပါတယ်။ ဒါပေမဲ့ လူ့ အခွင့်အရေးကော်မရှင်ဟာ လူ့အ ခွင့်အရေးကိုကာကွယ်ဖို့ အရေးပါ တဲ့အခန်းကဏ္ဍ၌ ရပ်တည်နေပြီး ထိ ရောက်စွာဆောင်ရွက်နိုင်မှုကိုမြှင့် တင်ဖို့ ယင်းရဲ့အားနည်းချက်တွေကို  ကုစားနိုင်ဖို့ကြိုးစားနေပါတယ်”ဟု မစ္စတာကွင်တားနားကပြောကြား သည်။
“လူ့အခွင့်အရေးချိုးဖောက်မှု ဆိုင်ရာ စွပ်စွဲချက်တွေကိုအရေး ပေါ်ကိစ္စရပ်အဖြစ် လွတ်လပ်ပွင့် လင်းစွာစုံ စမ်းစစ်ဆေးနိုင်ဖို့ အခြား သူတွေတောင်းဆိုသလို ကျွန်တော် လည်းတောင်းဆိုပါတယ်။ ကျွန် တော့်အနေနဲ့ ဒီကိစ္စကို အကူအညီ ပေးဖို့ကမ်းလှမ်းပါတယ်”ဟု မစ္စတာ ကွင်တားနားကပြောကြားပါတယ်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့ သည်များကို ရှင်းလင်းပြတ်သားစွာ ဖော်ပြပြီး တာဝန်ယူမှုရှိရန်အရေး ကြီးကြောင်း၊ ထိုကဲ့သို့ဆောင်ရွက် ခြင်းမရှိဘဲ အမျိုးသားပြန်လည်သင့် မြတ်ရေးမဖြစ်နိုင်ကြောင်း၊ လူသား ချင်းစာနာအကူအညီပေးရေး၌ အ စိုးရအာဏာပိုင်များနှင့်ပူးပေါင်း ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကိုအားပေးကြောင်း ကွင်တားနားကဆက်လက်ပြော ကြားသည်။
မစ္စတာကွင်တားနားသည် ယင်း၏ခရီးစဉ်အတွင်း အင်းစိန် ထောင်နှင့် ဘူးသီးတောင်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံရသည့် ကုလသ မဂ္ဂ၀န်ထမ်းခြောက်ဦးနှင့်တွေ့ဆုံခဲ့ ပြီး X2Oသင်္ကြန်မဏ္ဍပ်ရှေ့ဗုံးပေါက် ကွဲမှုကြောင့် သေဒဏ်ချခံခဲ့ရသည့်  ကိုဖြိုးဝေအောင်နှင့် အင်းစိန်ထောင် ရှိ ယုံကြည်ချက်အကျဉ်းသားအချို့ နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
“အင်းစိန်ထောင်မှာသာမက အခြားအကျဉ်းထောင်တွေမှာပါ အ ကျဉ်းကျခံနေရတဲ့ ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်အကျဉ်းသားတွေအ တွက်ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ ယုံကြည်ချက်အကျဉ်းသားအားလုံး ကို ချွင်းချက်မရှိ၊ နှောင့်နှေးကြန့် ကြာမှုမရှိ လွှတ်ပေးဖို့ ထပ်မံတောင်း ဆိုပါတယ်။ ဒီလိုမဟုတ်ရင် အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုက ရေစီအသွင်ကူးပြောင်းရေးဟာ ရှေ့ ဆက်နိုင်မှာမဟုတ်ပါဘူး။ အပြည် ပြည်ဆိုင်ရာအသိုက်အ၀န်းကလည်း ဒီကိစ္စမှာဆက်လက်ပါဝင်ဖို့ လိုအပ် ပါတယ်”ဟု ယင်းကဆက်ပြော သည်။
ဇူလိုင် ၃ ရက်တွင် ကိုဖြိုးဝေ အောင်အား လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွှတ်ပေးခဲ့သည်ကိုကြားသိရ ခြင်းကိုလည်း မစ္စတာကွင်တားနား ကကြိုဆိုခဲ့သည်။
၂၀၁၃ ခုနှစ်တွင် လူ့အခွင့်အ ရေးကောင်စီသို့ နောက်ထပ်အစီရင် ခံစာမတင်သွင်းမီ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ရန်မျှော်လင့် ကြောင်း မစ်္စတာကွင်တားနားက ပြောကြားသည်။ ယင်းသည် ၂၀၀၈ ခုနှစ်၊ မတ်တွင် မြန်မာနိုင်ငံလူ့အ ခွင့်အရေးအခြေအနေဆိုင်ရာ ကုလ သမဂ္ဂအထူးအစီရင်ခံစာတင် သွင်းသူအဖြစ်  ခန့်အပ်တာဝန်ပေး ခြင်းခံခဲ့ရကြောင်းသိရသည်။
ခိုင်လင်းကျော်

No comments:

Post a Comment