Thursday, August 9, 2012

ကျည်ဆန်တစ်တောင့် ပစ်စရာ မလိုဘဲ နယ်မြေများ စွန့်လွှတ် ထားရ

From -The Voice Weekly
 
"'မြန်မာနိုင်ငံ တွင်း၌ တရားမဝင် ဝင်ရောက် နေထိုင်သည့် နိုင်ငံသားများ ရှိ သည့် အတွက် ယင်းတို့ကို နိုင်ငံသား ဥပဒေအတိုင်း ထိထိ ရောက်ရောက် ဆောင်ရွက်ရန် လိုကြောင်း၊ ယခု ပဋိပက္ခ ဖြစ်ပွားနေသော မောင်တော နယ်မြေတွင် တိုင်းရင်းသား အစစ်အမှန် ၃ ရာခိုင်နှုန်း လောက်သာ ရှိနေသည့်အတွက် ကျည်ဆန်တစ်တောင့် ပစ်စရာ မလိုဘဲနယ်မြေများ စွန့်လွှတ် ထားရသည့် သဘော ဖြစ်နေကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ အနေနှင့် စွန့်လွှတ်ရမည့် ယင်းနယ်မြေကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန် အတွက် သက်ဆိုင်ရာ လုပ်ရပ်များနှင့် အစီအမံများ လုပ်ပေးရန် လိုကြောင်း၊
ယင်းလုပ်ငန်း စဉ်များကို လုပ်ဆောင်ရာတွင် နိုင်ငံတော် အစိုးရမှသာ တာဝန် ရှိကြောင်း၊ ထို့ပြင် နိုင်ငံတော် အစိုးရ နှင့်အတူ နိုင်ငံရေး ပါတီ များ၊ တိုင်းရင်းသား ပါတီများ၊ ၈၈ ကဲ့သို့သော အဖွဲ့အစည်းများ အားလုံး စုပေါင်းပြီး ဆောင်ရွက်မည် ဆိုလျှင် ပိုမို အကျိုး သက်ရောက်မှုနှင့် ထိရောက်မှု ရှိမည်ဟု သုံးသပ်ကြောင်း ဦးအေးသာအောင်က ထပ်မံ ဖြည့်စွက် ပြောကြားသည်။"


ဇွန်လ ၂၀ ရက်နေ့ထုတ် မြန်မာပို့စ်သတင်းဂျာနယ်ပါ 'ဆောင်းပါးရှင် ဉာဏ်လင်းကို၏ ရခိုင်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု' ဆောင်းပါးမှ ကောက်နုတ်ချက်

No comments:

Post a Comment