Thursday, August 9, 2012

ဗြိတိန်နိုင်ငံ၏နိုင်ငံတော်သီချင်းသည်ပြဿနာရှိကြောင်း

From -မြ၀တီ Facebook
ဗြိတိန်နိုင်ငံ၏ နိုင်ငံတော် သီချင်းသည် ဒီမိုကရေစီ မဆန်ကြောင်း၊ ဘုရင်စနစ်ကို လက်ခံ သူတို့၏ နိုင်ငံတော် သီချင်းဖြစ်သဖြင့် ပြဿနာ ရှိကြောင်း၊ ဗြိတိန်နိုင်ငံသားတို့က ဘုရင်စနစ် ကိုလက်မခံ လိုတော့ကြောင်း ဝါရင့် သတင်း စာဆရာ Mehdi Hasan ကပြောကြား ခဲ့ပါသည်။ Mehdi Hasan သည် ဗြိတိန်နှင့် စကော့ သတင်းစာ များတွင် ပုံမှန်သတင်း ရေးသားသူ တစ်ယောက် ဖြစ်ပြီး Gardian ၏ Twitter Post တစ်ခုတွင် ၄င်းအနေဖြင့် တိုင်းပြည်ကို ချစ်သော်လည်း နိုင်ငံတော် သီချင်းမှာ သက်ဦး ဆံပိုင်စနစ် ဆန်သော လက္ခဏာ ပါသည့် သီချင်းဖြစ် ၍ ဘဝင်မ ကျသဖြင့် သီဆိုခြင်း မပြုကြောင်း ရေးသား ဖော်ပြခဲ့ပါသည်။
၎င်းက မိမိတို့တွင် ဒီမိုကရေစီ မဆန်သည့် ပဒေသရာဇ် ဆန်သည့်နိုင်ငံတော် သီချင်းတစ်ပုဒ် ရှိကြောင်း၊ ၄င်းမှာ ပြဿနာ ဖြစ်ကြောင်း ရေးသားဖော် ပြခဲ့ပါသည်။ ကျွန်တော် နိုင်ငံတော် သီချင်းကို မဆိုပါဘူး။ ဒီနိုင်ငံကို တော့ ချစ်ပါတယ်။ ဒါပေမယ့် ပဒေသရာဇ် ဆန်တဲ့သီချင်း ဆိုမယ့်အစား ဓမ္မသီချင်း ဆိုတာပိုကောင်း လိမ့်မယ် ဟု ၄င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။
၎င်း၏ ဖော်ပြခဲ့ မှုကြောင့် ပြီးခဲ့ သည့်အပတ် အိုလံပစ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားတွင် ဗြိတိန် အသင်းမှ စကော့တလန်နှင့် ဝေလနယ်သား အားကစား သမားများမှာ နိုင်ငံတော် သီချင်း သီဆိုမှုနှင့် ပတ်သက်၍ အငြင်းပွား မှုစတင်ခဲ့ပြီး သီချင်း သီဆိုရန် ငြင်းဆိုခဲ့ပါသည်။ လွန်ခဲ့သော နှစ်က ၂ဝ၁၂ ခုနှစ်အတွက် ဥရောပ- အင်္ဂလန် ခြေစမ်းပွဲ မစတင်မီ ဝေလနယ် Cardiff အားကစား ကွင်းတွင် ၄င်းတို့၏ ကိုယ်ပိုင်နိုင်ငံတော် သီချင်းများ အစား ဗြိတိန် နို

No comments:

Post a Comment