Thursday, August 30, 2012

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကရင်ပြည်နယ်သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် လယ်သမား များအားတွေ့ဆုံ၊ ပျက်စီးလယ်မြေ များအတွက် မျိုးစပါး ဝယ်ယူနိုင်ရန်နှင့် ရေဘေးကြုံ ဒေသခံပြည်သူ များအား ကူညီဖြည့်ဆည်းပေး၊ သဘာဝဘေး တားဆီးမရ နိုင်သော်လည်း ဘေးဒုက္ခ လျော့ပါးရေး ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားရန် မှာကြား


ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း သည် ယနေ့နံနက် ၁ဝ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည့် ကရင်ပြည် နယ် ရေဘေး ကယ်ဆယ်ေ ရး ထောက် ပံ့ငွေ ပေးအပ်ခြင်း နှင့် ရေနစ်မြုပ် ဆုံးရှုံးခဲ့သည့် လယ်မြေ များ အတွက် စိုက်ပျိုး စရိတ် ထုတ်ပေးခြင်း အခမ်း အနားသို့ တက်ေ ရာက်၍ အမှာ စကား ပြောကြားပြီး ထောက်ပံ့ငွေ များ ပေးအပ်သည်။
အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောအောင် ကျော် မင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးမန်းလှမြိုင်၊ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေ၊ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟန်စိန်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘရွှေ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ် နှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊  ရေဘေး သင့်ပြည်သူ များနှင့် တောင်သူ လယ်သမားများ တက်ရောက် ကြသည်။
ရှေးဦးစွာ  ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ကရင် ပြည်နယ်၏ အုပ် ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ နှင့် ရေဘေး သင့်ချိန်တွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် စောင့်ရှောက် ပေးမှု အခြေအနေများ၊ မြစ်ရေ ကြီးမှု ကြောင့်  ပျက်စီး ဆုံးရှုံး ခဲ့သည့် လယ်ယာ မြေများ ပြန်လည် စိုက်ပျိုးရန် စီမံ ထားရှိမှု အခြေအနေ များကို အကျယ် တဝင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက ကရင် ပြည်နယ်၏ စိုက်ပျိုးရေး အခြေအနေများ၊ ရေနစ်မြုပ် ပျက်စီးဆုံး ရှုံးခဲ့သည့် လယ်ယာ မြေများ ပြန်လည် အစားထိုး စိုက်ပျိုး နိုင်မည့် အခြေအနေ နှင့် နိုင်ငံတော် အစိုးရက စီမံ ဆောင်ရွက် လျက်ရှိသည့် လယ်ယာ မြေဆိုင်ရာ ဥပဒေ၊ မြေလွတ်၊ မြေလပ်ဆိုင်ရာ ဥပဒေများ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယ သမ္မတ ဦးဥာဏ် ထွန်းက အမှာစကား ပြောကြားရာ၌ ကရင်ပြည်နယ် အတွင်း ရေကြီးနစ်မြုပ် မှုကြောင့် အခိုက်အတန့် ဒုက္ခကြုံ နေကြ ရသည့် ဒေသခံ ပြည်သူ များအား အား ပေးကူညီ ပံ့ပိုးမှုများ ပြုလုပ် နိုင်ရန် မိမိတို့ အဖွဲ့ လာရောက် ခဲ့ခြင်းဖြစ် ကြောင်း၊ ရေကြီး နစ်မြုပ်မှု ကာလ တာရှည် လာသည် နှင့်အမျှ စိုက်ရေး ပျိုးရေး ပျက်စီး ဆုံးရှုံး မှုများ များပြား လာနိုင်သည့် အတွက် ရေကျ သွားသည်နှင့် အချိန်မီ ပြန်လည်စိုက် ပျိုးနိုင်အောင်  ကြိုးပမ်း သွားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု ခရီးစဉ် တွင် ဆုံးရှုံးပျက်စီး သွားသည့် လယ်ယာ မြေများ အတွက် မျိုးစပါးများ ပြန်လည် ဝယ်ယူနိုင်ရန် ငွေကြေး ထောက်ပံ့ပေးရန် နှင့် ရေဘေးကြောင့် အခိုက်အတန့် ဒုက္ခကြုံ ခဲ့ရသည့် ဒေသခံ ပြည်သူများ အတွက် နိုင်ငံတော် အပိုင်းက စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ လိုအပ်ချက်များ ပံ့ပိုး ကူညီဖြည့်ဆည်း ရန် အဓိက ရည်ရွယ် ပါကြောင်း။
သဘာဝဘေး ဆိုသည်မှာ တားဆီး ၍မရ နိုင်သော်လည်း ဘေးဒုက္ခ သက်သာ လျော့ပါးရေး အတွက်မူ တတ်စွမ်းသ၍ ကြိုတင်ပြင်ဆင် ကာကွယ်မှုများ လုပ်ထားကြ ရမည်ဖြစ်ပါကြောင်း၊  ဘေးဒုက္ခ အမှန်တကယ် ကြုံလာခဲ့ပြီ ဆိုလျှင်လည်း အကောင်းဆုံး ရင်ဆိုင် ကျော်လွှား နိုင်ရန် ကြိုးစား သွားကြ ရမည်ဖြစ်ကြောင်း။
ယခု ရေကြီးနစ်မြုပ် ပျက်စီးသွားသည့် လယ်ယာ မြေများ အမြန်ဆုံး အစားထိုး ပြန်လည် စိုက်ပျိုးနိုင်ရန် ကာယကံရှင် လယ်သမားကြီး များရော အစိုးရဌာန ဆိုင်ရာများ ကပါ အားလုံး တက်ညီလက် ညီဝိုင်းဝန်း ကြိုးပမ်းပြီး မိမိဒေသ နှင့် အသင့်လျော်ဆုံး နည်းလမ်းများ ရှာဖွေ ကြံဆ အကောင်းဆုံး လုပ်သွားကြရန် လို ကြောင်း၊ ယနေ့ အစိုးရ၏ ပြုပြင်ပြောင်း လဲရေး မဟာဗျူဟာ အကောင် အထည် ဖော်နေမှုကို အကျဉ်းချုပ် တင်ပြရပါက မိမိတို့ အစိုးရသည် ပြည်သူ လူထုက ရွေးချယ် ထားသည့် အစိုးရဖြစ်၍ ပြည်သူ့ အကျိုးစီးပွား၊ ပြည်သူ့ မျှော်မှန်းချက်၊ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ အိပ်မက်များကို အကောင် အထည်ဖော် ပေး ရန် အစဉ် တစိုက်ကြိုးပမ်း လျက်ရှိကြောင်း၊ ပြည်သူ ကရွေးသည့် ပြည်သူ အတွက် ပြည်သူ့ အစိုးရဖြစ်၍ ပြည်သူ များ၏ လိုအင်များ တစ်လုံး တစ်ဝ တည်းပြည့် စေရန် အစဉ် ရှေးရှု လျက် ရှိကြောင်း၊ ပြည်သူသန်း ၆ဝ သည် တစ်ဦးချင်း လိုအင် အမျိုးမျိုး ရှိကြ မည်ဖြစ်သော် လည်း အများစု၏ တူညီ သည့် ဆန္ဒမှာ တိုင်းပြည် အေးချမ်းတည် ငြိမ်ရေးနှင့်  တိုင်းရင်းသား အားလုံး လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ် ကြောင်း။ 
တိုင်းပြည် တည်ငြိမ် အေးချမ်းရေး နှင့် လူမှုစီးပွားဘဝ တိုးတက် ဖွံ့ဖြိုးရေးသည် တစ်ခုနှင့် တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်း မှီ အမှီသဟဲ ပြုနေကြ ကြောင်း၊ တည်ငြိမ် အေးချမ်းမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက် အောင် လုပ်နိုင်မည်ဖြစ် သကဲ့သို့ လူမှုစီး ပွားဘဝ ဖွံ့ဖြိုးတိုးတက် မှလည်း တည်ငြိမ် အေးချမ်းမှု ခိုင်မာ လာမည်ဖြစ်ကြောင်း။
နိုင်ငံရေး တည်ငြိမ်မှု ရရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်ခွင့် ရရှိအောင် ထိတွေ့ဆက်ဆံ ဆောင်ရွက် နေပြီဖြစ် ကြောင်း၊ အလားတူ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်လည်း ပြည်တွင်း လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်းပြီး နှစ်ဖက် တူညီသည့် နိုင်ငံ ချစ်စိတ် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ် တို့ကို အခြေခံ၍ လက်တွဲ ပူး ပေါင်းဆောင်ရွက် နေပြီဖြစ် ကြောင်း၊ လူထု၏ ဒုတိယ ဆန္ဒမှာ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ်ကြောင်း၊ လူမှု စီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး ဆိုသည်မှာ တစ်ဦးချင်း ဝင်ငွေ တိုးတက်ရုံဖြင့် မပြီးဘဲ ပညာရေး၊ ကျန်းမာရေး၊ ဘဝအရည် အသွေး မြင့်မားရေး၊ တရား ဥပဒေ အရိပ် အောက်၌ စိတ်ချ လုံခြုံစွာ နေထိုင်နိုင်ရေး တို့ပင်ဖြစ်ကြောင်း၊ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့်  စက်မှု နိုင်ငံထူ ထောင်ရေး ရည်မှန်းကြိုးပမ်း အကောင် အထည်ဖော် နေကြောင်း၊  လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်ရှိ ကျင့်သုံး နေကြသည့် သမားရိုးကျစိုက် ပျိုးရေးနည်း စနစ်များဖြင့် မည်သို့မျှ မဖြစ် နိုင်ကြောင်း  လယ်ယာ ကဏ္ဍပြုပြင် ပြောင်းလဲရေးကို စနစ်တကျ လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း။
နိုင်ငံတော် သမ္မတကြီးက (၁) စိတ် ဓာတ်၊ (၂) လယ်ကွင်းများ၏ ပုံသဏ္ဌာန်၊ (၃) မျိုးစပါး၊ (၄) စိုက်နည်းစနစ်၊ (၅) စက်မှုလယ်ယာစနစ် ဆိုသည့် အချက် (၅)ချက်ကို အခြေခံမှ စ၍ ပြောင်းလဲရန် လမ်းညွှန် ထားကြောင်း၊ ဤသည်ကို မိမိဒေသ အခြေအနေ နှင့်ကိုက်ညီစွာ လိုက်နာ ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်း။
ဤ အချက်များကို တောင်သူလယ် သမားများ အနေဖြင့် ယုံယုံ ကြည်ကြည် လိုက် နာဆောင်ရွက် နိုင်ရန် သက်ဆိုင် ရာဌာန များက အသိပညာ ပေးခြင်း၊ လက်တွေ့ စိုက်ပျိုးပြခြင်း၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ ထုတ် လုပ်ပေးခြင်း၊  ငွေကြေး အရင်းအနှီး လိုအပ်ချက် ဖြည့်ဆည်း ပေးခြင်း၊ ထွက် လာသည့်    လယ်ယာ ထွက်ကုန်များ အတွက် အကျိုးဖြစ်ထွန်း သည့် ဈေး ကွက် စီမံပေးခြင်း များကို  မဖြစ်မနေ လုပ်ပေး သွားကြရန် လိုအပ် ပါကြောင်း။
စက်မှုနိုင်ငံ လုပ်ငန်းများ ထူထောင်ရာ တွင်လည်း   ပြည်သူ လူထုအနေဖြင့် အကျိုး ကျေးဇူးခံစား ရစေရန် အတွက်(၁) ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း များများ ရရှိစေမည့်လုပ်ငန်းများ၊ (၂) ပြည်တွင်း ထွက်ကုန်နှင့် ကုန်ကြမ်း များကို တန်ဖိုးမြှင့် ကုန်ချော ထုတ်လုပ် တင်ပို့ ရောင်းချ နိုင်မည့် လုပ်ငန်းများ၊ (၃) ပြည်တွင်း ထွက်သတ္တု ကုန်ကြမ်း များကိုအခြေ ခံသည့် အကြီးစား စက်မှုလုပ်ငန်းများ၊ (၄) သတင်း အချက်အလက် နည်းပညာ နှင့် ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းများ ဆိုပြီး အဆင့်(၄) ဆင့်ဖြင့် ရင်းနှီးမြှုပ်နှံ မှု တိုးတက် လာအောင် ကြိုးပမ်း လျက်ရှိ နေကြောင်း။
ဤကဲ့သို့ ကြိုးပမ်းရာတွင် နည်းပညာ၊ ငွေကြေး အရင်းအနှီး၊ လူ့စွမ်းအား အရင်း အမြစ် စသည့် အချက်များမှာ မိမိတို့နိုင်ငံ အနေဖြင့် လိုအပ်ချက် များရှိနေကြောင်း၊ ဤသည်ကို ကျော်လွှား နိုင်ရန် ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း။
ဤသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြု ဆောင်ရွက်ရာ၌ တိုင်းရင်းသား များ၏ အကျိုးစီးပွားကို မထိခိုက် စေရေး၊ နိုင်ငံ၏ ဂုဏ်သိက္ခာ မထိခိုက် စေရေး၊ နိုင်ငံ၏ အချုပ်အခြာ အာဏာကို မထိခိုက် စေရေး နှင့် မိမိတို့၏ သဘာဝ ပတ်ဝန်းကျင် မထိ ခိုက်စေရေး ဟူသည့် မူဝါဒ (၄)ရပ် ချမှတ် ပြီး စိစစ် ဆောင်ရွက် လျက်ရှိကြောင်း။
မိမိတင်ပြ ခဲ့သည့် လူထုအများ စုကြီး ၏ တူညီသော ဆန္ဒဖြစ်သည့် နိုင်ငံတည် ငြိမ်အေးချမ်းရေး နှင့် လူမှုစီးပွားရေး ဘဝ ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက် ပန်းတိုင် ကို မိမိတို့ တစ်တွေ အားလုံး တက်ညီ လက် ညီကြိုးပမ်း လျှောက်လှမ်း သွားကြပါစို့ဟု တိုက်တွန်း ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက ကရင်ပြည်နယ် အတွင်းရေကြီး နစ်မြုပ်ပျက်စီး ခဲ့ရသည့် လယ်ယာမြေ များ ပြန်လည် စိုက်ပျိုးရန် မျိုးစပါး ၅၁၇ဝ တင်းအတွက်   ထောက်ပံ့ငွေကျပ်   ၂၅၈၅ဝဝဝဝ ကို ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းထံ ပေးအပ်သည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ က ကရင်ပြည်နယ် ရေဘေး ကယ်ဆယ် ရေးအတွက် ရန်ပုံငွေကျပ် သိန်း ၁ဝဝ နှင့် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း များကို ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်သည်။
ထို့နောက်  ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘရွှေက ကျောင်းသုံး စာအုပ်များ ကိုလည်းကောင်း၊ ကျန်းမာ ရေးဝန်ကြီးဌာန ဆေးသိပ္ပံ ပညာဦးစီး ဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သန်းဇော်မြင့်က အရေးပေါ်သုံး ဆေးဝါး များကို လည်းကောင်း ပြည်နယ် လူမှုရေး ဝန်ကြီး ဦးချစ်လှိုင်ထံ ပေးအပ်ကြသည်။
ယင်းနောက် ရေဘေး သင့်ပြည်သူ များကိုယ်စား ဦးမိုးကျော်သူ နှင့် ရေဘေး သင့် တောင်သူများ ကိုယ်စား ဦးသန်းငြိမ်း တို့က ရေဘေး သင့်စဉ် ကူညီစောင့် ရှောက်မှုများ အတွက် ကျေးဇူးတင် စကား ပြောကြား ကြပြီး အခမ်းအနား ကို ရုပ်သိမ်း လိုက်သည်။ ထို့နောက် ဒုတိယ သမ္မတသည်  အခမ်းအနား သို့ တက် ရောက်လာကြသူ များအား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ဒုတိယ သမ္မတ နှင့်အဖွဲ့ဝင် များသည် မွန်းလွဲ ၁ နာရီခွဲတွင် ဘားအံမြို့နယ် တရုတ်လှ ကျေးရွာ အနီး၌ ကောက်စိုက် သမများအား နှုတ်ဆက် အားပေးပြီး ရေ ကြီးနစ်မြုပ် ခဲ့သည့် လယ်ယာ မြေများ၌ လက်တွန်း ထွန်စက်များဖြင့် ပြန်လည် ထွန်ယက် နေမှုများ၊ စပါးပြန်လည် စိုက်ပျိုးနေမှု များကို ကြည့်ရှုကာ ကောက် စိုက် သမများအား ထောက်ပံ့ငွေ များ ပေးအပ်သည်။
ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် နံနက် ၈ နာရီက လည်း  ဘားအံမြို့မှ (၇)မိုင်အကွာ ဘားအံ- လှိုင်းဘွဲ့ ကားလမ်း ဘေးရှိ ဘားအံ စက်မှုဇုန် သို့ သွားရောက် ကြည့်ရှု စစ် ဆေးရာ ရှေးဦးစွာ ရှင်းလင်း ဆောင်၌ ဘားအံ စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ကရင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင် နှင့် စက်မှုဇုန် ဖော်ထုတ်ရေး တာဝန်ခံ သံလွင် ဧရာကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းထွန်း တို့က ဘားအံစက်မှုဇုန် တည်ဆောက်ရန် လျာထားမှု၊ ရေမီး အပါအဝင် လမ်းနှင့် အခြေခံအဆောက် အအုံများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်မင်းက ဖွံ့ဖြိုး တိုးတက်ရန် အခြေအနေ ကောင်း၊ အလားအလာ  ကောင်းများ ရှိသည့် ဘားအံ စက်မှုဇုန်နှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်း တင်ပြ သည်။
ရှင်းလင်း တင်ပြချက် များနှင့်စပ်လျဉ်း ၍ ဒုတိယ သမ္မတက ရင်းနှီး မြှုပ်နှံသူများ လာရောက် ရင်းနှီးမြှုပ်နှံ ချင်အောင် ဆွဲဆောင် စီစဉ် ဆောင်ရွက်ရေး၊  တည်ဆောက်ရေး လုပ်ငန်းများကို  အချိန် ဇယား ရေးဆွဲပြီး  အချိန် ကိုက်ပြီးစီး အောင်ဆောင် ရွက်ရေး  အပါအဝင် ဘားအံ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည် ဖော်ဆောင် ရွက်သွားသင့် သည်များကို  ဆွေးနွေး မှာကြားသည်။
ယင်းနောက် ဒုတိယ သမ္မတသည် ဘားအံစက်မှုဇုန် တည်ဆောက် ပြီးစီးမှု နှင့် ဖွံ့ဖြိုး တိုးတက်မှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ဘားအံ စက်မှုဇုန်မှာ ၉၆၉ ဧက ကျယ်ဝန်းပြီး စုစုပေါင်း မြေကွက် ၆၄၃ ကွက်တွင် ၅၉၁ ကွက်ကို မြေနေ ရာချ ထား ပေးပြီးဖြစ်သည်။ ယခုအခါ အထည်ချုပ် စက်ရုံများ၊ သစ်အချော ထည် စက်ရုံ များ၊ စက်ဘီး ပြုပြင်တပ်ဆင် အလုပ်ရုံများ အပါအဝင် စက်ရုံ၊ အလုပ် ရုံများ တည်ဆောက် လျက်ရှိပြီး အချို့ စက်ရုံ၊ အလုပ်ရုံ များမှာ လာမည့်ပွင့် လင်းရာသီတွင် လုပ်ငန်းများ စတင်ရန် ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင် များသည် ဘားအံမြို့ ရွှေယဉ်မျှော် ပြည်တော်ဧ စေတီတော် ရင်ပြင်မှ သံလွင် မြစ်ရေ အခြေအနေကို  ကြည့်ရှု ခဲ့ကြ  ကြောင်း သတင်း ရရှိသည်။  

No comments:

Post a Comment