Wednesday, July 11, 2012

ဒေါ်အောင်ဆန်းစုကြည် NLDလုံခြုံရေး အဖွဲ့ဝင်များကို ခြံထဲမှ နှင်ထုတ်လိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်   ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးခွန်သာမြင့် နှင့်  ခြံထဲရှိ လုံခြုံရေး အဖွဲ့တွေကို နှင်ထုတ်လိုက်ပြီလို့ ရန်ကုန်က လာတဲ့ သတင်းများ ဆိုပါတယ်။ ဦးခွန်သာမြင့်ဟာ  စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့သားသိန်းဖေမြင့် (၁၉၉၀  ရွေးကောက်ပွဲတွင်  ဘုတလင်မြို့မှ အနိုင်ရ ကိုယ်စားလှယ်) ရဲ့ သားဖြစ်ပါတယ်။ သူဟာ  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်း ခရီးစဉ်မှာထိုင်း နိုင်ငံ ကို ကြိုတင် သွားရောက်ပြီး ပြင်ဆင်ခဲ့သူဖြစ်ပါတယ်၊ သူဟာ အဆိုပါ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုချက်မရဘဲ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့  တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်၊ သူရဲ့  ကြိုတင်ပြင်စဉ်မှု့ ညံဖျင်းမှု့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ အဖွဲ့အစည်းများရဲ့ ဝေဖန် ပြစ်တင်မှု့ ကိုလည်း ခံခဲ့ရသူလည်းဖြစ်ပါတယ်။

 ဦးခွန်သာမြင့်ရဲ့သား မောင်မောင်သာမြင့်ကလည်း  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှာ ပြည်ပ ဆက်ဆံရေး တာဝန် ကို ဇာဂနာ နှင့် အတူ တာဝန်ယူထားသူဖြစ်ပါတယ်၊ ခု လို ခြံထဲက နှင်ထုတ်မှု့မှာ မောင်မောင်သာမြင့် ပါ မပါတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

တက္ကသိုလ် ရိပ်သာလမ်း ခြံထဲက လုံခြုံရေး အဖွဲ့ဝင်တချို့ဟာ  ဒေါ်အောင်ဆန်းစုကြည်   ခြံထဲနေရသူတွေ ဆိုပြီး  တခြား NLD အဖွဲ့ဝင်တွေ နဲ့ သတင်းထောက်တွေအပေါ်မှာ  ရိုင်းရိုင်းပြပြ ဆက်ဆံလေ့ရှိတယ် လူပြောများပါတယ်။  NLD ထဲမှာ အရင် လူဟောင်းတွေကို ပစ်ပယ်ခံနေရပြီး   နောက်မှပေါက်တဲ့ ရွှေကြာပင် ဆိုပြီး လွှတ်တော် အမတ် ဇေယျာသော် ကို ဝေဖန်လျှက်ရှိကြပါတယ်။

7 comments:

  1. ပမညတမျိုးဆက်တွေလုံးဝစောက်သုံးမကျပါ

    ReplyDelete
  2. ဘိန်းစားကိုနေရာပေးပြန်ပြီ တလုံးပိုရှူလိမ့်ဦးမယ်

    ReplyDelete
  3. ပမညတ = ပေါင်မုန့်ညာတုတ် မျိုးဆက်လား :D

    ReplyDelete
  4. NLD လဲ ပုဂ္ဂိုလ်စွဲ ပါတီ အဖြစ် မူဝါဒ၊ စည်းမဉ်းစည်းကမ်းတွေ နဲ့ နေတဲ့ ပါတီမျိုးဖ်ြစအောင် တည်ထောင်သင့်ပြီ

    ReplyDelete
  5. (ဦးခွန်သာမြင့်ဟာ စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့သားသိန်းဖေမြင့် (၁၉၉၀ ရွေးကောက်ပွဲတွင် ဘုတလင်မြို့မှ အနိုင်ရ ကိုယ်စားလှယ်) ရဲ့ သားဖြစ်ပါတယ်)။ ။ ။ကိုယ့်ဆရာ စာမရေးတတ်တာလား။မသိလို့မှားတာလား။ကိုယ်ရေးတာ ပြန်ဖတ်ကြည့်ပါဦး။

    ReplyDelete
    Replies
    1. annonymous Aungest 4,2012 10:08PM>> ဦးခွန်သာမြင့်က ဦးသိန်းဖေမြင့်ရဲ့ သားလို့ပြောချင်တာနေမှာပါ... သေချာလည်းဖတ်ပါဦး...

      Delete
    2. မသိနားမလည်သူတွေကိုပြောရတာတယ်ခက်ပါလား။သိန်းဖေမြင့်(၁၉၉၀ရွေးကောက်ပွဲတွင်ဘုတလင်မြို့မှ အနိုင်ရကိုယ်စားလှယ်) လို့ရေးထားတာမြင်ရဲ့လား။သဘောမပေါက်ဖူးထင်တယ်။သိန်းဖေမြင့်သည် (၁၉၉၀ရွေးကောက်ပွဲတွင်ဘုတလင်မြို့မှအနိုင်ရကိုယ်စားလှယ်)မဟုတ်ပါ။၁၉၉၀မှာ သိန်းဖေမြင့် ကွယ်လွန်တာကြာပေါ့။(သေချာလဲဖတ်ပါဦး.....တဲ့)။မောင်ရင့်ကို ပြောရမှာ၊

      Delete