Sunday, August 26, 2012

ကမ္ဘာ့ အမှတ်အများဆုံး ဆုရှင်များနှင့် တွေ့ဆုံခြင်း

ABE( The Association of Business Executive ) ၏ ဘာသာရပ်များအနက် ဘာသာရပ်လေးခု၏ Diploma Level နှင့် Graduate Level အသီးသီးတွင် မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူ ငါးဦး၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ တစ်ကမ္ဘာလုံးတွင် အမှတ်အများဆုံး ( World First ) ဆုများချိတ်ခဲ့ရာ ဆုရရှိခဲ့သည့် ဘာသာရပ်များမှာ People Planning & Resourcing ၊ Integrated Marketing Communication ၊ International Business Financial and Planning ၊ International Travel, Tourism and Hospitality၊ Introduction to Management တို့ဖြစ်သည်။
ယင်းသို့ဆုရရှိခဲ့သူ ကျောင်းသားများအနက် လေးဦးနှင့် ၎င်းင်းတို့ပညာသင်ယူရာ MHR သင်တန်းကျောင်းတွင် စကားဝိုင်း အဖြစ် တွေ့ဆုံ၍ လူငယ်များကို သတင်း အချက်အလက် မျှဝေနိုင်ရန် မေးမြန်း ဖော်ပြ လိုက်ပါသည်။
မြန်မာ ကျောင်းသားတွေ အတွက် abe ရဲ့ ဘာသာရပ်တွေက ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိနိုင်လဲ။ သက်ဝင်းနိုင်းး International Finance and Planning နဲ့ World First ရခဲ့တာပါ။ ဒီဘာသာရပ်က နိုင်ငံတကာ ငွေကြေး စီမံခန့်ခွဲမှုဘက်ကို သွားတယ်။သူ့ရဲ့အဓိက အားသာ ချက်က နိုင်ငံခြားငွေကြေးလဲလှယ်မှု၊ အတိုးနှုန်းတွေ၊ ဒီမှာအသုံးမပြုသေးပေမယ့် နောင်မှာ သုံးလာရမယ့် Risk Management ဘက်ပိုင်း တွေကို ဒီဘာသာက ကူးလို့ရတယ်။နောက်ထပ် banking ၊ investement ၊Corporate finance management တွေ သွားလို့ရသလို Fund Management ပိုင်းသွားချင် လည်းရတယ်။
အေးကျော့မွန်းးး အားနည်းချက်၊ အားသာချက်ကတော့ နေရာတိုင်းမှာ ရှိတယ်။ ဒါပေမဲ့ HR ယူတဲ့သူကိုမေး ရင် HR က ကောင်းတယ်လို့ပဲ မြင်မှာပဲ။ Tourism ကို ယူတဲ့သူမေးရင် Tourism ကကောင်းတယ်လို့ပဲ မြင်မှာ။ World First ကို 2010 မှာ Travel,Tourism and Hospitality နဲ့တစ်ခါ၊ 2011 မှာ International Travel, Tourism and Hospitality နဲ့တစ်ခါ ရခဲ့တယ်။ နောက်ပိုင်း မှာ Tourism ပိုင်းကဆိုရင် လူတွေ စိတ်ဝင်စားမှု ပိုလာကြမှာပဲ။ အဲဒီမှာ အားသာချက်၊ အားနည်းချက် တွေရှိလာ တယ်။ နိုင်ငံတွင်းကို ဒီလို Tourist တွေ အ၀င် များလာတာ ကောင်းပေမယ့် ကိုယ့်နိုင်ငံမှာ Management ပိုင်းကိုသေချာ မလုပ်ထားရင် ကိုယ့်အတွက်က အားနည်းချက်တွေရှိနိုင်တယ်။ ဒီဘာသာကိုသာ သင်ပြီးရင်ကိုယ်ကိုယ်တိုင်က Tour ကုမ္ပဏီတစ်ခုလုပ်ချင်လား၊ ခရီးစဉ်တွေ ကို ရေးဆွဲပေးတဲ့သူ လုပ်ချင်လား ကိုယ်အားသန်တဲ့ ဘက်ကို သွားလို့ ရတယ်။
ဝင်းမို့မို့ကို : World First ကို People Planning & Resourcing နဲ့ ရခဲ့ ပါတယ်။ ခုနက မအေးကျော့မွန် ပြောသလို တကယ်လည်း HR ပိုင်း အနေနဲ့ အားနည်းချက် အားသာချက်ဆိုတာ မရှိသလောက် နည်းပါတယ်။ သူက နဂိုကတည်းက သီးသန့် ဆန်တယ်ပေါ့။ ၀န်ထမ်းတစ်ယောက် ၀င်ချိန်ကနေ နောက်ဆုံး အလုပ်ထွက်သွားတဲ့ အချိန်ထိ အဲဒီဝန်ထမ်းကို ဘယ်လို အသုံးချနိုင်မလဲ၊ နောက်ပြီး Skillful ဖြစ်တဲ့ဝန်ထမ်း တွေဖြစ်လာအောင် ဘယ်လို Management လုပ်မလဲဆိုတာတွေပါတယ်။

No comments:

Post a Comment