Sunday, August 26, 2012

ကချင်ပြည်နယ်၊ KIA ထိမ်းချုပ်သော ဧရိယာမှ တရုတ် စီမံကိန်းများ

China_planတရုတ် လုပ်ငန်းရှင် ကြီးများနှင့် ယူနန်အစိုးရမှ ၂၀၀၆ ခုနှစ်တွင် တရုတ် အစိုးရ အကျိုးစီးပွါးအတွက် အထူးစီမံချက် အစီရင်ခံစာ တစ်စောင် ထွက်လာသည်။ ထိုအစီရင်ခံစာတွင် ယူနန်နယ်သည် တရုတ် ပြည်၏ တောင်အာရှ တံခါးဝ (ဂိတ်ဝ) ဖြစ်လာရန် စီမံချက် ဖြစ်သည်။

(၁) တောင်အာရှ ကိုထွက်သောလမ်းကြောင်းမှာ TengChong မှာ ဗဟိုပြုရန်။ အနောက်တံခါးများကို ငွေအား၊ နိုင်ငံရေး တွန်းအား၊ ရှိသမျှအင်အား အားလုံးနှင့် လုပ်သွားရန်အတွက် ပထမအဆင့် ဆက်သွယ်ရေး နယ်ချဲ့ရန်ဖြစ်သည်။ ၂၀၀၆ ခုနှစ် အကုန် မှ မြစ်ကြီးနား နှင့် ကချင်ပြည်နယ် အများပိုင်းတွင် တရုတ်ဖုန်းရလာသည်။)
(၂) လမ်းပန်းဆက်သွယ်ရေး စီမံချက်ပြုလုပ်ရန်။ ( Tengchong မြို့သို့ တရုတ်ပြည် အရပ် သုံးမျက်နှာမှ လမ်းမကြီး သုံးခု ရောက်အောင် ဆောက်သည်။ မြစ်ကြီးနား၊ ကန်ပိုင်တီလမ်းကို တရုတ် အစိုးရ ကုန်ကျခံပြီး ဆောက်ခဲ့သည်။ လိုင်ဇာ၊ မြစ်ကြီးနားလမ်း ကို KIA နှင့် Jadeland Company မှ ဆောက်ပြီး သားဖြစ်သောကြောင့်၊ တနိုင်းဖက်မှ India ထွက်ပေါက် သွားသောလမ်းကို တရုတ်အစိုးရမှ ကုန်ကျခံပြီး ကွန်ကရိတ်တံတားများ အပြီးဆောက်စေသည်။)
(၃) ဓါတ်အားအတွက် ရေအားလျှပ်စစ်များ ဆောက်ရန်။ ကုန်စည်စီးဆင်းမှု ကောင်းလာလျှင် ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသ တလျှောက် စက်ရုံများ တည်ဆောက်ရန်၊ လျှပ်စစ် ဓါတ်အား အများကြီးလိုအပ်ချက် အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ (အဲဒီ ကတည်းက ဧရာဝတီမြစ်ဆုံ နှင့် အထက် မေခ၊ မလိခ နှစ်ဖက်စလုံး ဆည် ၇ ခု တည်ဆောက်ရန် proposal ထွက်လာသည်။)
(၄) စက်ရုံများ တည်ဆောက်ရန်။ မြန်မာအစိုးရ မပါပဲ ကချင်ပြည်နယ်ထဲက ground plan များ ဆွဲထားပြီးသား ထွက်လာသည်။ ဒီအချက်ကို ကြိုမြင်သော ယုဇနကုမ္ပဏီဦးဌေးမြင့် (အခု ကြံ့ဖွတ် လွတ်တော် အမတ်) က ဟူးကောင်းဒေသ လမ်းဘေး၊ ၀ဲယာ သုံးမိုင် ၀န်းကျင်၊ မြေဧက သိန်းပေါင်း များစွာ အစိုးရနှင့် ပူပေါင်းပြီး သိမ်းထား ခဲ့သည်။ ရွာပေါင်း မြောက်များစွာ နှင့် ဘိုးဘွားပိုင်သစ်သီးခြံ မြောက်များစွာ အတင်း အဓမ္မ သိမ်းလိုက်သည်။ စိုက်ပျိုးရေး အတွက် ဆိုရင် လမ်းဘေးမျက်နှာစာ ယူစရာ မလိုပါ။ ဟူးကောင်းချိုင့်ဝှမ်းသည် အင်မတန်မှ ကျယ်ပြောသော ဒေသ ဖြစ်သည်။ လမ်းနှင့် ဝေးပြီး ရွာများကို မထိပဲ စိုက်ပျိုးနိုင်သည်။
(၅) ကုန်သွယ်ရေးလမ်းကြောင်း ဒေသလုံခြုံရေး အတွက် သက်ဆိုင်ရာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်။ (ဒီလမ်းကျော တ၀ိုက်က KIA ကို ပ ထုတ်ဖို့ တရုတ် အစိုးရ လုပ်ဆောင်မည့်အချက်ကို KIA ခေါင်းဆောင်များ စ ပြီး သတိထားခဲ့ခြင်းဖြစ်သည်။ ဒီလိုအကျိုးဆက်ရောက်လာမယ် ဆိုတာ ၂၀၀၆ ဒီအစီရင်ခံစာ ဖတ်မိ ကတည်းက KIA ပြင်ဆင်ပြီးသား ဖြစ်သည်။ တကယ်လည်း ဒီလို ဖြစ်လာသည်။

No comments:

Post a Comment