Wednesday, August 22, 2012

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ခန်းမ၌ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံ အမတ်ကြီး H.E. Mr. Derek Mitchellအား လက်ခံ တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ
ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ စစ်ဦးစီး အရာရှိချုပ် (ရေ)ဗိုလ်ချုပ် သူရ သက်ဆွေတို့ တက်ရောက် ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ကြီးနှင့် အတူ စစ်သံမှူး Col-Williom Dickayနှင့် တာဝန် ရှိသူတို့ တက်ရောက် ကြသည်။ တွေ့ဆုံ ပွဲတွင် နှစ်နိုင်ငံ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ ယုံကြည်မှုများ ပြုလုပ် ခဲ့ပြီးဖြစ်၍  နှစ်နိုင်ငံ ဆက်ဆံရေးတွင် မြန်မာ့ တပ်မတော်၏ အရေး ပါမှုများ၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက် နိုင်ရန် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ မြန်မာ နိုင်ငံ၏ ကမ္ဘာ့ နိုင်ငံများနှင့် ဆက်ဆံရေး ကိစ္စရပ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက် နေမှုကိစ္စ ရပ်များ၊ လူ့အခွင့်အရေး ဆိုင်ရာကိစ္စ ရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြ ကြောင်း သတင်း ရရှိသည်
From -မြ၀တီ

No comments:

Post a Comment