Wednesday, August 22, 2012

အလုပ်လုပ်သည့်မိခင်များ အိမ်တွင်သာနေထိုင်သည့် မိခင်များထက် ပို၍ကျန်းမာရေးကောင်းကြောင်း သုတေသီများတွေ့ရှိ

ဝါရှင်တန် သြဂုတ် ၂၁ http://www.mwdmedia.net/2012/08/blog-post_2686.html အချိန်ပြည့်အလုပ် လုပ်နေသူ မိခင်များသည် အချိန်ပိုင်းသာ အလုပ်လုပ်သည့် မိခင်များ သို့မဟုတ် အကြောင်းကိစ္စ တစ်ခုခုကြောင့် အလုပ်မလုပ်သည့် မိခင်များထက် ပို၍ကျန်းမာမှုရှိကြောင်း သုတေသီ အဖွဲ့တစ်ဖွဲ့က သြဂုတ် ၂ဝ ရက်တွင် ပြောကြားသည်။

ပင်ဆယ်ဗေးနီး ယားပြည်နယ် တက္ကသိုလ်နှင့် အာရွန်တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့သည် ၁၉၇၈ ခုနှစ် မှ ၁၉၉၅ ခုနှစ်အတွင်း မိခင်ဘဝရောက် လာကြသူ အမျိုးသမီးပေါင်း ၂၅၄ဝ ဦး၏ အလုပ်လုပ်ဆောင်မှု သမိုင်းကို လေ့လာခဲ့ကြသည်။ ထိုသို့ လေ့လာခဲ့ကြရာတွင် ၎င်းအမျိုးသမီးများ၏ ကိုယ်ဝန်မဆောင်ခင် အလုပ်တာဝန် ထမ်းဆောင်ခြင်းနှင့် ကျန်းမာရေး အခြေအနေများ၊ ပထမ သားဦးမွေးဖွားသည့် အသက် အရွယ်ကဲ့ သို့သော အချက်များကို လေ့လာခဲ့ကြသည်ဟုသိရသည်။

လေ့လာတွေ့ရှိခဲ့သည့် အဖြေများအရ ကလေးမီးဖွားပြီး မကြာမီအချိန်အတွင်း ပြန်လည်၍ အချိန်ပြည့် အလုပ်လုပ်ခဲ့သူ မိခင်များသည် ခန္ဓာပိုင်းနှင့်စိတ်ပိုင်း ဆိုင်ရာတွင် ပို၍ကျန်းမာမှုရှိသကဲ့သို့ အသက် ၄ဝ အရွယ်တွင် ဖြစ်ပေါ်တတ်သည့် စိတ်ဓာတ်ကျဆင်းမှု မှာလည်း လျော့နည်းမှု ရှိကြောင်းကို တွေ့ရှိခဲ့ကြသည်။

အဆိုပါ တွေ့ရှိချက်များကြောင့် အလုပ်လုပ်ခြင်းသည် အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ မိမိ၏စွမ်းရည်နှင့် မိမိ၏လုပ်ပိုင်ခွင့်စသည့် အရာများ အားလုံးအတွက် ကောင်းမွန်ကြောင်း အာရွန်တက္ကသိုလ်မှ လူမှုဗေဒပညာရပ်ဆိုင်ရာ လက်ထောက် ပါမောက္ဓ အက်ဒရိန်း ဖရက်ခ်ျက ပြောကြားသည်။

No comments:

Post a Comment