Saturday, August 18, 2012

စစ်တက္ကသိုလ်အမှိုက်ကျင်းစုမှ နေအိမ်(၂၇ဝ)ကျော်အား မီးရှို့မည်ဟု ပြောဆိုဖယ်ရှားခိုင်း

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်နယ်မြေအတွင်းရှိ နေအိမ်(၂၇၅)လုံးအား သြဂုတ်(၁၉)ရက်နေ့နောက် ဆုံး ထားပြောင်းေ ရွှ့ခိုင်းခြင်းကြောင့် ၄င်းမိသားစုဝင်း များအနေဖြ င့်အခက်ေ တွ့လျက် ရှိကြောင်း သိရသည်။
 စစ်တက္ကသိုလ်နယ်မြေအတွင်းရှိအမှိုက်ကျင်းစု ဟု ခေါ်ေ သာ နေရာ၌ တစ် အိမ်ေ ထာ င်လျှင် တစ်နှစ်စာ (၂၅ဝဝဝ )ကျပ် စစ်တပ် အား ပေးဆောင်ကာနေထိုင်သည့် နေအိမ်များအားဖယ်ရှားခိုင်းခြင်းဖြစ် သည် ဟုဒေသခံ များကဆိုသည်။


 ''ကျွန်တော်တို့ကို တစ်နေ့က လာပြောသွားတယ်။ တပ်ကြပ်သုံးယောက်နဲ့ရွာအုပ်ချုပ်ရေးမှူးရောက်လာပြီး တနင်္ဂနွေနေ့နောက် ဆုံးပြောင်းပေးရမယ်။ မပြောင်းရင်အိမ်ကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်သွားကြတယ်။''ဟု အမှိုက်ကျင်းစုနေဦးထွန်းမြင့်က ပြောသည်။

 ရွာသားများအနေဖြင့် ထိုနေရာမှပြောင်းရွှေ့ပေးမည်ဖြစ်သော်လည်းပြောင်းရွှေ့ပေးရမည့်အချိန်ကာလအား ထပ်တိုးပေးစေချင်ကြသည်။ စစ်တပ်မှ ပြီးခဲ့သည့် ဇွန်လပိုင်းတွင်ရွာသားများအား နေအိမ် ပြောင်းရွှေ့ရန် စတင်သတိပေးပြောဆိုခဲ့ပြီးဖြစ်သော်လည်း နေရာသစ်ကိုမူ မသတ်မှတ်ထားကြောင်းကိုလည်း သိရသည်။

 ''အခုလိုမျိုး သူတို့ကို ပြောင်းရွှေခိုင်းတာကတော့ ဟုတ်ပါပြီ။ကျွန်တော့်အမြင်ကတော့ သူတို့အတွက် တခြားနေရာမှာ ပြန်ပြီးနေရာချထားပေးသင့်တယ်လို့ထင်တယ်။''ဟု ‘ပြင်ဦးလွင်မြို့ဒီချုပ်ပါတီမှ မြို့နယ်စည်းရုံးရေးမှူး ကိုအောင်ကျော်ဆန်းက ပြောသည်။

လွန်ခဲ့သော၂ဝဝဝ ပြည့်နှစ်ဝန်းကျင်ခန့်တွင်လည်း စစ်တပ်ပိုင်နက်ဖြစ်သောကန်တော်မင် ရပ်ကွက်တွင် နေထိုင်ကြသူများအား
စစ်တပ်မှပြောင်းရွှေ့ခိုင်းခဲ့ပြီး အဆိုပါပြောင်းရွှေ့သူများအတွက် မိုးကြိုးကွက်သစ် ရပ်ကွက်တွင် နေရာများအား
ပြန်လည်ချထားပေးခဲ့ကြောင်း သိရှိရသည်။

 အမှိုက်ကျင်းစုတွင် နေထိုင်ကြသူများမှာ ၁၉၉၇ ခုနှစ်ခန့်မှစတင်နေထိုင်ခဲ့ကြခြင်းဖြစ်ပြီးရွာသား
အများစု လက်လုပ်လက်စားများဖြစ်ကာ လူဦးရေ ထောင်ချီရှိသည့်နေရာဖြစ်သည်။

From -မြစ်မခမီဒီယာ

No comments:

Post a Comment