မေမေ့ရဲ့ ညည်းသံကြားတိုင်း ကျမ စိတ်ထဲကျဉ်းကြပ်ရသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။၂၀၁၂ ခုနှစ် ဖေေ ဖ်ာဝါရီလက စပြီး ကျမမေမေက ပါမောက္ခ၊ ဋ္ဌာနမှူး အငြိမ်းစားအနေနဲ့ ပင်စင်ယူသွားပါပြီ။ ပင်စင် ယူ ပြီးတဲ့နောက်မှာ မေမေက စာရေးခြင်းကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တယ်၊ ခရီးတွေ ထွက်တယ်၊ခရီး မှာ တွေ့ခဲ့မြင်ခဲ့ကြုံခဲ့ရတာတွေကို သတင်းဆောင်းပါးတွေ ပြန်ေ ရးခဲ့ပါတယ်။ပြီးတော့ မေေ မက စာကြည့်တိုက်မရှိတဲ့ဒေသတွေကိုရောက်ရင် စာကြည့်တိုက်ဖွင့်ပေးနိုင်ဖို့ ကြိုးစားပေးလေ့ရှိတယ်။ အဲဒီလို လုပ်ရင်း သူ့အနေနဲ့ပိုက် ဆံလိုတိုင်း သူ့ရဲ့ ပင်စင်ယူပြီးနောက် တလုံးတခဲတည်း ရတတ်တဲ့ လုပ်သက်ဆုကြေးကို မျှော်လင့်တတ်ပါတယ်။
ကျမတို့မောင်နှမတွေအနေနဲ့ ဖေဖေနဲ့မေမေကို လစဉ်ငွေကြေးနဲ့ကန်တော့ပေမဲ့ မေမေလုပ်ချင်တဲ့ပရဟိတလုပ်ငန်းတွေ လုပ်နိုင်လောက်အောင်တော့ ငွေကြေးမတတ်နိုင်ခဲ့ကြပါဘူး။
အမေက စာအုပ်ထုတ်ချင်တဲ့အခါ၊ ပြီးတော့စာကြည့်တိုက်ဖွင့်ပေးဖို့ ပိုက်ဆံလိုတဲ့အခါ၊ပြီးတော့ လှူချင်တဲကအခါမှာသူ့ရဲ့ လုပ်သက်ဆုကြေး(Gratuity)ကို မျှော်လင့်တတ်တာပါပဲ။
တနေ့ ဇူလိုင်လကုန်ပိုင်းမှာ ပင်စင်ဦးစီးဋ္ဌာနကနေ အမေ့ရဲ့ လုပ်သက်ဆုကြေးထုတ်လို့ရပြီဆိုတဲ့ စာရောက်လာခဲ့ပါတယ်။
အမေလည်း ၀မ်းသာအားရနဲ့ ဆုကြေးထုတ်ရမဲ့ ကမာရွတ်ဘဏ်ကို သွားရောက်ခဲ့တယ်။ အမေ့စိတ်ထဲမှာတော့ နှစ် ၄၀လောက် အလုပ်လုပ်လာလို့ရခဲ့တဲ့ လုပ်သက်ဆုကြေးကို ဘယ်လို သုံးမယ်ဆိုတာ စိတ်ကူးနဲ့အပြည့်ပါပဲ။
ဒါပေမဲ့ ခဏကြာတော့ လက်ချည်း ပြန်ရောက်လာခဲ့တယ်။ ဘဏ်က အမေ့ကို ပြောလိုက်တယ်တဲ့။ ပင်စင်ဦးစီးဋ္ဌာနက ထုတ်ပေးတဲ့ စာ ဘဏ်ကို မရောက်သေးပါဘူး။ နောက်တခေါက်လာပြန်စုံစမ်းပါလို့ ပြောတယ်။
ပင်စင်ဦးစီးဋ္ဌာနက ထုတ်ပေးလိုက်တဲ့ စာက ကမာရွတ်မှာ နေထိုင်တဲ့ အမေ့အိမ်ကိုတော့ စာတိုက်ကနေ ရောက်လာခဲ့ပြီး၊ ကမာရွတ်ဘဏ်ကိုတော့ မရောက်သေးဘူးဆိုလို့အမေက မျက်ခုံးကျုံ့သွားတယ်။
ဒါပေမဲ့ အစိုးရ၀န်ထမ်းတွေရဲ့ ခေါက်ရိုးကျိုးနေတတ်အကျင့်အတိုင်း ဖြည့်တွေးတွေးပေးရင်း ခပ်အေးအေးပဲ နောက်တပတ်မှ သွားစုံစမ်းတော့မယ်ဆိုပြီး အမေလည်း အိမ်ပြန်လာခဲ့တယ်။
ကျမကတော့ တွေးကြည့်မိတယ်၊ ကမာရွတ်ပြည်ရိတ်မွန်မှာနေတဲ့ အမေ့ရဲ့ အိမ်နဲ့ ကမာရွတ်စီးပွားရေးဘဏ်က ဘယ်လောက်ဝေးလို့လဲ ပြီးတော့ မြို့နယ်တခုတည်းကို စာဝေတဲ့အခါ တရက်တည်းနဲ့ မပြီးပြတ်ရင်တောင် အလွန်ဆုံးကြာရင် ၂ ရက်ပေါ့၊ ဒီထက်တော့ပိုမကြာသင့်ဘူးလို့လည်း တွေးပါတယ်။
အမေနောက်တခေါက်ထပ်ပြီး ဘဏ်ကိုသွားစုံစမ်းပါတယ်။ သြဂုတ်လဆန်းပိုင်းပါ၊ ပထမအကြိမ်သွားစုံစမ်းတာနဲ့ ၂ပတ်လောက်ခြားပါတယ်။
ဘဏ်ကလည်း စာမရောက်သေးဘူးဆိုပြီး အမေ့ကို ပြန်လွှတ်လိုက်တယ်။ ဒီတခါမှာတော့ အမေက ပြောတယ်။
`သားထောက်သမီးခံမရှိတဲ့ ပင်စင်စားတွေဆိုရင် ဘယ်နှဲ့လုပ်မလဲ၊ ပင်စင်သွားရပြီ၊ ပင်စင်လစာကလည်း မရသေးဘူး၊ လုပ်သက်ဆုကြေးကလည်း မရသေးနဲ့ တော်တော်ကို ဒုက္ခများမယ်။ အမေကတော့ သားသမီးရှိလို့ ထမင်းမငတ်ဘူး၊ နို့မို့ရင်တော့ ငတ်ကြတော့မှာပဲ` လို့ အမေက သုံးသပ်တယ်။
ဒီကြားထဲမှာ ပင်စင်လစာကလည်း ထုတ်လို့မရသေးပါဘူး။ပင်စင်ယူပြီးပြီးခြင်း ပင်စင်လစာလည်း မရတဲ့အတွက် ပင်စင်လစာရဖို့ ၃ လလောက်စောင့်ရတယ်လို့သိရပါတယ်။
အမေပြောသလိုပဲ ပင်စင်ယူပြီး သားထောက်သမီးခံမရှိတဲ့သူတွေ ပင်စင်လစာလည်း ထုတ်လို့မရခင်မှာ ဘယ်လိုများ စားသောက်နေထိုင်ကြမလဲ ဆိုတာကိုလည်း စဉ်းစားမိတော့ သက်ပြင်းချမိပါတယ်။
ဒီကြားထဲ ပင်စင်လစာက မစားလောက်တဲ့ လစာဖြစ်တဲ့အပြင် ဒီလောက်ရဖို့တောင် တော်တော်စောင့်ရတဲ့ သာမာန်ဝန်ထမ်းပင်စင်စားတွေရဲ့ ဆက်တွေးကြည့်ပြီး ဘ၀ကို စာနာမိရင်း စိတ်မကောင်းဖြစ်ရပြန်တယ်။
သြဂုတ်လ ဒုတိယပတ်ထဲမှာပဲ နောက်တကြိမ် အမေထပ်သွားတော့လည်း မရောက်သေးဘူးတဲ့။
ဒီတကြိမ်မှာတော့ အမေက စိတ်တိုစပြုလာပြီ။ တမြို့နည်တည်းအတူတူ အမေ့ဆီကိုတော့ ဇူလိုင်လ ကုန်ပိုင်းမှာ စာရောက်ပြီး၊ ဘဏ်ကိုတော့ သြဂုတ်လ ဒုတိယပတ်အထိ စာမရောက်သေးဘူးတဲ့။
သြဂုတ်လ ၁၃ရက်နေ့မှာတော့အမေက စတ္ထုထအကြိမ်မြောက် ဘဏ်ကိုသွားပါတယ်။
အမေက ဘဏ်က ငွေထုတ်ပေးတဲ့ စာရေးအမျိုးသမီး၊(စာရေးမ)ကို မေးတော့ ထုံးစံအတိုင်း စာ မရောက်သေးဘူးလို့ ပြောသတဲ့။ ဒီအကြိမ်မှာတော့ အမေက အရင်တုန်းကလို ကုပ်ကုပ်ကလေး နောက်ပြန်လှည့်မလာတော့ဘူး၊ ဘဏ်က တာဝန်ရှိသူနဲ့ တွေ့ပြီးမှ ပြန်တော့မယ်ဆိုပြီး ဘဏ်မန်နေဂျာ ရုံးခန်းကို မေးပြီး တန်းသွားပါတယ်။
ဘဏ်မန်နေဂျာက အမျိုးသမီးပါ၊ ကျမတို့အရွယ်ပဲလို့ အမေက ပြောတယ်။ အမေက ၀င်ပြောတော့ ဘဏ်မန်နေဂျာအမျိုးသမီးက သေချာနားထောင်ပေးတယ်လို့လည်း ပြောတယ်။
နောက်တော့ ဘဏ်နေဂျာအမျိုးသမီးက ငွေထုတ်ပေးတဲ့တာဝန်ရှိတဲ့သူတွေကိုခေါ်ပြီး ပြောတော့ ပင်စင်ဦးစီးကပေးတဲ့ စာမရောက်သေးဘူးလို့ ထပ်ပြောတယ်၊ အမေ့လက်ထဲကို စာတိုက်က တဆင့်ပို့ပေးလို့ရောက်လာတဲ့ စာရဲ့ ရက်စွဲက ဇူလိုင်လတတိယပတ်ကတည်းက ရက်စွဲဆိုတော့ သြဂုတ် ၁၃ ရက်နေ့နဲ့ဆိုရင် တလနီးပါးလောက် ကွာနေပြီ။အဲဒါကြောင့် စာအ၀င်တွေကို သေချာပြန်ရှာဖို့ ပြောလိုက်ပါတယ်။
စာရှာနေရင်းပဲ စာရေးမတယောက်က ပြူးပြူးပျာပျာနဲ့ ရောက်လာပြီး ပြောပါတယ်။
`ဲ စာက ရောက်ပါပြီ အံဆွဲထောင့်မှာ ကပ်နေလို့ မတွေ့မိတာပါ`လို့ ဖြေရှင်းချက်ပေးတယ်။
အမေကတော့ ဘယ်လို ခံစားသွားရသလဲ မသိဘူး။ ကျမကတော့စာတစောင်တောင် တွေ့အောင်မရှာနိုင်တဲ့ သူတွေအကြောင်းကို ကျမဘယ်လို ပြောပြရတော့မလဲဆိုပြီး စိတ်အပျက်ကြီး ပျက်မိတော့တာပါပဲ။
ပင်စင်ဦးစီးကပို့ပေးတဲ့ စာကိုသေချာမရှာဘဲနဲ့ အသက် ၆၀ အရွယ်တွေကို သူတို့မျှော်လင့်တဲ့လုပ်သက် ဆုကြေးထုတ်ဖို့ ဘဏ်ကို အခေါက်ပေါင်းများစွာ လာခိုင်းလိုက်ခဲ့တာပဲ။ ဒီလိုမျိုး အဖြစ်အပျက်က ကျမ မေမေတယောက်တည်း ကြုံရတာတော့ ဟုတ်ဟန်မတူပါဘူး။
မြန်မာ့စီးပွားရေးဘဏ်တွေကို သွားတိုင်း ရှေ့က ဘေးက သစ်သားခုံတန်းတွေမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတတ်တဲ့ အဖိုးအိုအဖွားအိုတွေနဲ့သူတို့ရဲ့ မျက်ဝန်းတွေကို ပြန်မြင်ယောင်လာမိတယ်။
ပင်စင်ယူပြီးချိန်မှာ ပင်စင်နာဖြစ်တဲ့ အားငယ်စိတ်နဲ့အတူ ခုလိုမျိုးအဖြစ်အပျက်တွေနဲ့အဆင်မပြေခြင်းတွေကို ကြုံတွေ့ရချိန်မှာ ဘယ်လောက်ထိ စိတ်ထိခိုက်မလဲ။ အကြိမ်ပေါင်းများစွာ ဘဏ်ကိုသွားချည်လာချည် လုပ်ရအောင်လည်း ခွန်အားချိနဲ့ချိန်ဖြစ်ပါတယ်။
စိတ်ရောလူကိုပါ ထိခိုက်စေသလဲ ဆိုတာ တွေးကြည့်မိတိုင်း စိတ်မကောင်းဖြစ်ရတော့တယ်။
မြန်မာ့စီးပွားရေးဘဏ်က ၀န်ထမ်းတွေအနေနဲ့ ပင်စင်စားတွေနဲ့ ဆက်ဆံတဲ့အခါမှာပိုပြီး ဂရုစိုက်သင့်ပါတယ်။ သူတို့တွေကို စာနာပြီး သူတို့ရဲ့ မေးမြန်းချက်တွေကို အလေးထားလုပ်ကိုင်ပေးသင့်တယ်။
ခုလို အဖြစ်အပျက်တွေကလည်း ကျမအမြင်မှာတော့ အလုပ်သေချာမလုပ်ကြခြင်းနဲ့ အလုပ်လုပ်ရာမှာစိတ်စေတနာ မထားကြခြင်းလို့ မြင်မိပါတယ်။
အစိုးရ၀န်ထမ်းဖြစ်တဲ့အတွက် လစာဝင်ငွေဟာ အခြားပုဂ္ဂိုလ်ကလုပ်ငန်းတွေမှာ အလုပ်လုပ်ရတာထက်ငွေဝင်ပိုနည်းတဲ့အတွက် အလုပ်တာဝန်ကျေပွန်ဖို့နဲ့အလုပ်အပေါ် စေတနာနည်းသွားတာမျိုးကတော့ မဖြစ်သင့်ပါဘူး။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment