ပူတာအိုဆိုတာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့နေရာ တခုလည်းဖြစ်ပြီး
လတ်တလောအခြေ အနေမှာ ဆန် ပြတ်လတ်မှု နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
မိုးတွင်းကာလ ကားလမ်းတွေလည်း မကောင်းဖြစ်နေတာကြောင့် ပူတာအို ဒေသကို ဆန်သယ်ယူပို့ ဆောင်မှု ဟာ အလွန် ခက်ခဲ နေတာ လည်းဖြစ်ပါတယ်။ လေကြောင်းတခုပဲ ဆန်တင်ပို့မှု အဆင်ပြေ တဲ့ ဒေသဖြစ်တာကြောင့် ဆန်အခက်အခဲ ဆိုတာ အမြဲ ရင်ဆိုင်နေကြရတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဆန်ကိုလည်း အဆမတန် ဈေးပေးစားကြရတယ်လို့ သိရပါ တယ်။
လွန်ခဲ့တဲ့ မကြာသေးမီကဆိုရင် ပိုက်ဆံ ရှိတာတောင် ဆန်ဝယ်လို့ မရတဲ့အခြေအနေ ဆိုက်ရောက်ခဲ့တာ လည်းဖြစ် ပါတယ်။
ပူတာအို ဒေသခံတွေဟာ ဆန်ရှားပါးမှုတွေကြောင့် တချို့ဆို သစ်ဥ သစ်ဖုတွေကို စားသုံးနေခဲ့ရပါတယ်။ အခုလို ဆန် တင်ပို့နေတဲ့သတင်းတွေဟာ ဒေသခံတွေအတွက် ၀မ်းမြောက်ဖွယ် သတင်းတပုဒ်လည်းဖြစ်ပါ လိမ့်မယ်။

No comments:
Post a Comment