Thursday, April 3, 2014

မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်း သား ကျေးရွာများ၌သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၀၀၀ ကျော် စာရင်းကောက်ယူပြီးဖြစ်

မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်း သား ကျေးရွာများ၌သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၀၀၀ ကျော် စာရင်းကောက်ယူပြီးဖြစ်
Thursday, April 3, 2014

မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားကျေးရွာများတွင်သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၅၈၃ ဦး စာရင်းကောက်ယူပြီးဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီမှ သတင်းရရှိသည်။

မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းအား မတ် ၃၀ ရက် မွန်းလွဲပိုင်းက စတင်ကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး အုပ်စုဖွဲ့ကာ လုံခြုံရေး အပြည့်အ၀ဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ကျေးရွာများတွင် အခက်အခဲမရှိ ကောက်ယူ၍ရသော်လည်း ဘင်္ဂါလီကျေးရွာများတွင် ၎င်းတို့ထည့်လိုသည့် လူမျိုးအမည်အား ကောက်ယူခြင်း မရှိသဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးအား ငြင်းဆိုနေကြောင်းလည်း သိရသည်။

မောင်တောခရိုင်အတွင်း မတ် ၃၀ ရက်မှ ဧပြီ ၁ ရက်အထိ သုံးရက်ကောက်ယူပြီးစီးမှုမှာ မောင်တော၊ တောင်ပြိုတွင် အိမ်ထောင်စုပေါင်း ၂၈၆၆ စု၊ လူဦးရေပေါင်း ၁၃၄၅၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၂၄၂၂ စု၊ လူဦးရေပေါင်း ၁၀၁၂၉ ဦး ကောက်ယူပြီးဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးများက စာရင်းကောက်ခွင့်မပေးဘဲ အိမ်တံခါးများ ပိတ်ထားကြောင်းနှင့် မြို့ပေါ်တွင်လည်း ဈေးဆိုင်များပါ ပိတ်ထားကြကြောင်း သိရသည်။

“သန်းခေါင်စာရင်း စကောက်တဲ့နေ့ ကတည်းက ဘင်္ဂါလီတွေ ဆိုင်သိမ်းပြီး အိမ်ပြန်ကြတယ်။ မြို့ပေါ်မှာ သွားသွားလာလာတောင် မရှိကြဘူး။ ဒီနေ့တော့ ဆိုင်တချို့ ဖွင့်လာကြတယ်။ ဒါပေမဲ့ အကုန်လုံး မဟုတ်ဘူး။ သန်းခေါင်စာရင်းမှာတော့ သူတို့ထည့်လိုတဲ့နာမည် မထည့်လို့ အကောက်မခံကြဘူး။ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းမှာဆိုလည်း ဈေးဆိုင်တွေ ပိတ်ထားကြပြီး ညအချိန် သူတို့ရွာတွေထဲက ဆူညံသံတွေ ထွက်နေတော့ တိုင်းရင်းသားတွေ မအိပ်နိုင်ဘဲ ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေကြရတယ်” ဟု မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာသား ဦးမင်းဦးက ပြောသည်။

လက်ရှိတွင် လေးရက်မြောက်နေ့အထိ ဗမာတိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူများနေထိုင်သော အိမ်ထောင်စုများတွင်သာ သန်းခေါင်စာရင်း ကောက်ယူနေကြကြောင်း သန်းခေါင်စာရင်း ကောက်ယူနေသည့် ဆရာဆရာမများ၏ ပြောပြချက်အရ သိရသည်။

မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် မောင်တောမြို့နယ်နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတို့တွင် ကောက်ကွက်ပေါင်း ၆၄၀ ဖွဲ့စည်းထားပြီး အိမ်ထောင်စုပေါင်း ၅၈၅၇၀ နှင့် ဘူးသီးတောင်မြို့နယ်တွင် ကောက်ကွက် ၃၅၉ ခု၊ အိမ်ထောင်စုပေါင်း ၃၉၆၂၉ တို့ကို လူဦးရေစာရင်းနှင့် အိမ်အကြောင်းအရာ အချက်အလက်များ ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မောင်တောင်ခရိုင်အတွင်း ကျေးရွာတစ်ရွာတွင် တိုင်းရင်းသားမိသားစု တစ်စုကို ဧပြီ ၁ ရက်က သန်းခေါင်စာရင်း ကောက်ယူနေစဉ်
မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားကျေးရွာများ တွင်သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၅၈၃ ဦး စာရင်းကောက်ယူပြီးဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီမှ သတင်းရရှိသည်။
မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းအား မတ် ၃၀ ရက် မွန်းလွဲပိုင်းက စတင်ကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး အုပ်စုဖွဲ့ကာ လုံခြုံရေး အပြည့်အ၀ဖြင့် ကောက် ယူနေခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ကျေးရွာများတွင် အခက်အခဲမရှိ ကောက်ယူ၍ ရသော်လည်း ဘင်္ဂါလီကျေးရွာများတွင် ၎င်းတို့ထည့်လိုသည့် လူမျိုးအမည်အား ကောက်ယူခြင်း မရှိသဖြင့် သန်းခေါင် စာရင်း ကောက်ယူရေးအား ငြင်း ဆိုနေကြောင်းလည်း သိရသည်။
မောင်တောခရိုင်အတွင်း မတ် ၃၀ ရက်မှ ဧပြီ ၁ ရက်အထိ သုံးရက်ကောက်ယူပြီးစီး မှုမှာ မောင်တော၊ တောင်ပြိုတွင် အိမ်ထောင်စုပေါင်း ၂၈၆၆ စု၊ လူဦးရေပေါင်း ၁၃၄၅၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၂၄၂၂ စု၊ လူဦးရေပေါင်း ၁၀၁၂၉ ဦး ကောက်ယူ ပြီးဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးများက စာရင်းကောက်ခွင့်မပေးဘဲ အိမ်တံခါးများ ပိတ်ထားကြောင်းနှင့် မြို့ပေါ်တွင်လည်း ဈေးဆိုင်များပါ ပိတ်ထားကြကြောင်း သိရသည်။
“သန်းခေါင်စာရင်း စကောက်တဲ့နေ့ ကတည်းက ဘင်္ဂါလီတွေ ဆိုင်သိမ်းပြီး အိမ်ပြန်ကြတယ်။ မြို့ပေါ်မှာ သွားသွားလာလာတောင် မရှိကြဘူး။ ဒီနေ့တော့ ဆိုင်တချို့ ဖွင့်လာကြတယ်။ ဒါပေမဲ့ အကုန်လုံး မဟုတ်ဘူး။ သန်းခေါင်စာရင်းမှာတော့ သူတို့ထည့်လိုတဲ့နာမည် မထည့်လို့ အကောက်မခံကြဘူး။ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းမှာဆိုလည်း ဈေးဆိုင်တွေ ပိတ်ထားကြပြီး ညအချိန် သူတို့ရွာတွေထဲက ဆူညံသံတွေ ထွက်နေတော့ တိုင်းရင်းသားတွေ မအိပ်နိုင်ဘဲ ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေကြရတယ်” ဟု မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာသား ဦးမင်းဦးက ပြောသည်။
လက်ရှိတွင် လေးရက်မြောက်နေ့အထိ ဗမာတိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူများနေထိုင်သော အိမ်ထောင်စုများတွင်သာ သန်းခေါင်စာရင်း ကောက်ယူနေကြကြောင်း သန်းခေါင်စာရင်း ကောက်ယူနေသည့် ဆရာဆရာမများ၏ ပြောပြချက်အရ သိရသည်။
မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် မောင်တောမြို့နယ်နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတို့တွင် ကောက်ကွက်ပေါင်း ၆၄၀ ဖွဲ့စည်းထားပြီး အိမ်ထောင်စုပေါင်း ၅၈၅၇၀ နှင့် ဘူးသီးတောင်မြို့နယ်တွင် ကောက်ကွက် ၃၅၉ ခု၊ အိမ်ထောင်စုပေါင်း ၃၉၆၂၉ တို့ကို လူဦးရေစာရင်းနှင့် အိမ်အကြောင်းအရာ အချက်အလက်များ ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group
မောင်တောင်ခရိုင်အတွင်း ကျေးရွာတစ်ရွာတွင် တိုင်းရင်းသားမိသားစု တစ်စုကို ဧပြီ ၁ ရက်က သန်းခေါင်စာရင်း ကောက်ယူနေစဉ်

No comments:

Post a Comment