2012 ခုနှစ် အောက်တိုဘာလ (၂၂ . ၂၃ . ၂၄) ရက်နေ့များက ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ်တွင်
ဖြစ်ပွားသောအဓိက ရုဏ်းကြောင့် ဒဏ်ရာရရှိသူ (၃၈) ဦးရှိပြီး သေဆုံးသူ (၁၅)
ဦး ရှိခဲ့ရာ (၆) ဦးကိုသာ အောက်တိုဘာလ (၂၂ . ၂၄ . ၂၆) ရက်နေ့များက
အလောင်းများ ရရှိပြီး သင်္ဂြိုဟ်ပြီးဖြစ်သော်လည်း ကျဆုံးသွားသူ
ရခိုင် အမျိုးသား (၉) ဦး
မှာ အလောင်းမရရှိဘဲ (၁၁) ရက်အထိ ကြာမြင့်နေပြီး ယနေ့နိုဝင်ဘာလ (၃) ရက်နေ့တွင် ပုရိန်(ဘင်္ဂလီ) ကျေးရွာမှ လယ်ကွင်းများတွင် မြှုပ်နှံထားသည်ကို လုံခြုံရေးတပ်ဖွဲ့များနှင့် သွားရောက်ရှာဖွေခဲ့ရာ နံနက် (၁၀) နာရီခန့်အချိန်တွင် အလောင်း (၂) လောင်းနှင့် အ၀တ်အချို့ရရှိခဲ့ကြောင်းသိရသည်။ တစ်လောင်းမှာ ဦးလှထွန်းစိန် (၆၃) နှစ်၊ ရတနာပုံရွာ၊ ညောင်ပင်ဈေးရပ်ကွက်ဖြစ်ပြီး (၂၂ .၁၀.၂၀၁၂) နေ့တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ကျန်တစ်လောင်းမှာ ဦးမောင်ခင် (၄၉) နှစ် ဆင်ချဆိပ်ရပ်ကွက် ဖြစ်ပြီး (၂၄ . ၁၀ .၂၀၁၂)နေ့တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အ၀တ်အစားတစ်ခုဖြစ်သည့် ဘောင်းဘီတစ်လုံးမှာ ဦးမောင်ဘုချေ (၄၂) နှစ် မြင်းခုန်တန်းရပ်၊ လော်ကမူရပ်ကွက်၏ အ၀တ်အစားဖြစ်သည်ဟု သိရှိရသော်လည်း အလောင်းကို ရှာဖွေလို့ မရရှိခဲ့ပါ။ ၄င်းမှာ (၂၂ . ၁၀ . ၂၀၁၂) နေ့တွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ ကျန်ပျောက်ဆုံးနေသော အလောင်း (၇) လောင်းမှာ ယနေ့အချိန်အထိ ရှာဖွေရရှိခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
From -Rakhine Straight Views
No comments:
Post a Comment