Wednesday, August 29, 2012

အရက်နှင့်စီးကရက်ကို မြင့်မားသည့် နှုန်းဖြင့် အခွန်ကောက်ခံရန် ထိုင်းအစိုးရ သဘောတူ



ထိုင်းနိုင်ငံတွင်း အရက်နှင့် စီးကရက် စားသောက်ကုန် ပစ္စည်း နှစ်မျိုးအပေါ် အဆမတန်ကြီးမားသည့် အခွန်နှုန်းထားဖြင့် တိုးမြှင့် ကောက်ခံရန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အဆိုပြုချက်ကို ကက်ဘိနက် အဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့တွင် သဘောတူခွင့်ပြုလိုက်ကြောင်း The Nation သတင်းစာကရေးသားေ ဖ်ာပြသည်။

ယင်းသို့ အခွန်နှုန်းထားများ များစွာ တိုးမြှင့် ကောက်ခံခြင်းကြောင့် အစိုးရ အနေဖြင့်လည်း အခွန်ဘဏ္ဍာ ပိုမို ရရှိမည်ဖြစ်သလို ကျန်းမာရေးကို ထိခိုက်စေသည့် စားသောက်ကုန်များဖြစ်သည့် စီးကရက်နှင့် အရက် သောက်သုံးမှုနှုန်းလည်း နိုင်ငံတွင်း ကျဆင်းသွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်သွင်းသော အဆိုပြုချက်တွင် အကြောင်းပြချက် အဖြစ်ဖော်ပြထားသည်။ ကက်ဘိနက် သဘော တူညီလိုက်ပြီ ဖြစ်သဖြင့် လတ်တလော အခြေအနေတွင် စီးကရက် အမှတ်တံဆိပ် ၈ မျိုးအား တစ်ဗူးလျှင် ၆ ဘတ်မှ ၈ ဘတ်အထိ အခွန်ကောက်ခံမည်ဖြစ်သည်ဟု ဆိုသည်။
ယမကာ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ပြည်တွင်းထုတ် အရက် ၁ လီတာလျှင် ဘတ်ငွေ ၁၂၀ အထိ တိုးမြှင့် ကောက်ခံရန်နှင့် ပြည်ပမှ တင်သွင်းသော အရက် ၁ လီတာလျှင် ဘတ်ငွေ ၄၀၀ ကောက်ခံရန် စီစဉ်ထားသည်ဟု ဆိုသည်။

No comments:

Post a Comment