Monday, August 6, 2012

သင်္ကြန်ရုံးပိတ်ရက် လျှော့ရန်မေးခွန်းကို လက်ရှိအတိုင်း ၁၀ရက်သာ ပိတ်မည်ဟု တာဝန်ရှိသူဖြေကြား

  From -7DayNewsJournal

လသာ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က မဟာ သင်္ကြန်ရုံး ပိတ်ရက်ကို လေးရက် သို့မဟုတ် အကြတ်နှစ်ရက် ဖြစ်ပါက ၅ ရက်သာ ပြန်လည် သတ်မှတ် ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ယနေ့ (သြဂုတ်လ ၆ရက်) ကျင်းပသည့် ပြည်သူ့ လွှတ်တော် ၂၀ ရက် မြောက်နေ့ တွင် မေးမြန်း ခဲ့ရာ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်က လက်ရှိ ကောင်းမွန်တဲ့ အစဉ် အလာကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြန် လည်ဖြေကြား  ခဲ့သည်။ဦးကြီးမြင့်က မြန် မာနို င်ငံ သည် အစစ အရာရာ နိမ့်ကျ နေသေး သည့် နိုင်ငံဖြစ်သည့် အတွက် ကုန်ထုတ် စွမ်းအား များ ပိုမို တိုးတက်နိုင် ရန် အ တွက် အကြောင်းပြကာ အထက် ပါ မေးခွန်း ကို မေးမြန်းခြင်းဖြစ်သည်။

သင်္ကြန်တွင်း ၁၀ ရက် ရုံးပိတ်ရက်ဖြစ်သည့်အတွက် ဧပြီလအတွင်းတွင် လုပ်ကိုင်ရသည့် အလုပ်များ တွင်ကျယ်မှုမရှိကြောင်း နှင့် ဧပြီလအတွက်အလုပ်ကိုကြိုတင်ရှောင်ထားရကြောင်း ကျိုးကြောင်းပြ မေးမြန်းသွားသည်။

အလားတူ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း ရုံးပိတ်ရက် ၁၀ ရက်ဖြစ်သည့်အတွက် အကျိုးကျေးဇူး ထူးထူးခြားခြားမရဘဲ ရုံးစောင့်ရသည့် အလုပ်သာ တိုးလာခဲ့ကြောင်း ဦးကြီးမြင့်ကဆိုသည်။

သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ခြင်းအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက ၂၀၀၇ ခုနှစ် သြဂုတ် ၁၆ ရက်က ကြေငြာချက်အမှတ် ၁/၂၀၀၇ ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။


No comments:

Post a Comment