Monday, August 6, 2012

ကိုယ်နှင့်ရင်းရသော စကာင်္ပူနိုင်ငံရဲ့ ပညာရေးစနစ်

from - http://amayeainn.blogspot.com/

မြန်မာ နိုင်ငံရဲ့ပညာရေး စနစ်ကို အမျိုးမျိုး ဝေဖန် ချက်ပေး နေပါတယ်။ကောင်းတာ ပြောသလို မကောင်းတာ ပြောတဲ့ သူတွေလဲ ရှိပါတယ်။ ဒါကြောင့်လဲ အစိုးရ အဆက်ဆက်က စနစ်တွေ၊ နည်းလမ်းတွေ တစ်မျိုးပြီး တစ်မျိုး ပြင်ဆင်ပြဋ္ဌာန်းနေ တာ နဲ့ကို  ပြင်ဆင် စမ်းသပ်လို့ မပြီးနိုင် တော့ဘူး။ချမ်းသာတဲ့ အသိုင်း အ၀ိုင်းနဲ့  နိုင်ငံ ရပ်ခြားကိုမှ အထင်ကြီးတဲ့ အသိုင်း အ၀ိုင်းက လူတွေဟာ မြန်မာ နိုင်ငံမှာ ပညာသင် ကြားရ ခြင်းထက် သူများ နိုင်ငံမှာ ပညာ သင်ကြား ရတာ ကို ဂုဏ်ယူလေ့ ရှိကြပါတယ်။ အထူး သဖြင့် အရှေ့တောင် အာရှမှာ ဆိုရင် စင်္ကာပူနိုင်ငံရဲ့ပညာရေး စနစ်ကို ပိုပြီး အထင် ကြီးလေ့ ရှိသလို အများဆုံး သွားရောက်နေတာ ကလဲ စင်္ကာပူနိုင်ငံ ဖြစ်နေပါတယ်။

စကာင်္ပူရဲ့ ပညာရေးစနစ်ကို ထင်ဟပ်စေတဲ့ ဖြစ်ရပ်တစ်ခု အခုဖြစ်နေပါတယ်။အဲဒါကတော့စင်္ကာပူအမျိုးသား တက္ကသိုလ်က တွဲဖက်ပါမောက္ခဖြစ်သူ Tey Tsun Hang ဟာ အသက် (၂၃)နှစ်အရွယ် ဥပဒေ ကျောင်းသူတစ်ဦးကို စာမေးပွဲအောင်မှတ်ကောင်း ရရှိစေရန်အတွက် လိင်ဆက်ဆံမှု ပြုခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ဆေး ခံနေရ ပါတယ်။
စာမေးပွဲ အောင်မှတ်ကောင်း ရရှိစေဖို့ ပါမောက္ခထံသို့ ကျောင်းသူတစ်ဦးမှ ချဉ်းကပ်ပြီး နှစ်ဦးသဘောတူညီမှုဖြင့် တကြိမ်ထက်မနည်း လိင်ဆက်ဆံမှု ပြုခဲ့ကြပါတယ်။ အဲဒီကျောင်းသူဟာ အမှတ်ကောင်းနဲ့ အောင်မြင်သွားပြီး ဥပဒေ အကျိုးဆောင်ကုမ္ပဏီမှာ အလုပ် ရသွားခဲ့ပါတယ်။ အဲဒီကျောင်းသူ အနေနဲ့ သူ့နည်းတူ သူ့ရဲ့သူငယ်ချင်းတွေ အမှတ် ကောင်းကောင်းနဲ့ အောင်မြင်ဖို့ပါမောက္ခ နှင့်လိင်ဆက်ဆံမှုအကြောင်းဖွင့်ပြောရာမှခုလိုမျိုးအမှု ပေါ်ပေါက်လာ
ရခြင်း ဖြစ်ပါတယ်။
ဒီလိုမျိုး ကျောင်းသူတွေနဲ့ ပါမောက္ခအကြား လိင်ဆက်ဆံမှု ဖြစ်စေတဲ့အကြောင်းတစ်ရပ်ကတော့  စင်္ကာပူမှာရှိနေတဲ့ ဥပဒေအကျိုးဆောင်ကုမ္ပဏီတွေဟာ ကျောင်းသားများရဲ့ စုစုပေါင်းရမှတ်ကို အခြေခံပြီး အလုပ်ခေါ်လေ့ရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ပါမောက္ခ Tey Tsun Hang သည် ပညာထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။ အောက်စဖိုဒ့် တက္ကသိုလ်ကျောင်း ထွက် ဖြစ်ကာ ကျောင်းသားများ ကြိုက်နှစ်သက်သော ဆရာတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်မှာ တာဝန်မထမ်းဆောင် မီ ခရိုင်တရားသူကြီးအဖြစ်လည်းကောင်း၊ ဥပဒေချုပ်ရဲ့အကြံပေးကောင်စီမှာအဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ခုခါမှာတော့ သူဟာကျောင်းသူတစ်ဦးနဲ့ မဖွယ်မရာလိင်ဆက်ဆံမှု ပြုခဲ့တဲ့အတွက် အမှုဖွင့် အရေး ယူခြင်းခံနေရသူဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဒီလိုဆိုးရွားတဲ့ ပညာရေးစနစ်မျိုး မရှိသေးပါဘူးလို့ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပြပါတယ်။
မင်းအောင်၊ ရန်ကုန်။

No comments:

Post a Comment