အန္တရာယ်ရှိ ဖိုက်ဘာ
အစိတ်အပိုင်းများ ပါဝင်သည်ဟု သတင်းထွက်သော တရုတ်နိုင်ငံထုတ် ချယ်ရီ
ဝက်ဂွန် မီနီ စလွန်းကား အစီး ၂၀၀ ခန့်ကို စက်တင်ဘာလ မှ စတင်ကာ
ရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရသည်။ယင်းကဲ့သို့ အန္တရာယ်ရှိသော ဖိုက်ဘာ အစိတ်အပိုင်းများ ပါရှိသည်ဟု သတင်းထွက်နေသော ချယ်ရီ ဝက်ဂွန် မီနီ ဆလွန်ကား အစီး ၂၀၀ ခန့်ကို နေပြည်တော်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ဦးစားပေး ရောင်းချသွားမည် ဖြစ်သည်။
ချယ်ရီ ဝက်ဂွန် ကားများသည် ဆီစား သက်သာခြင်း၊ ပုံကဏ္ဍာန် လှပခြင်းနှင့် တစ်ပတ် ရစ်ကား မဟုတ်ခြင်း ကြောင့် တစ်နှစ် ဝန်းကျင်ခန့်က ကားဈေးကွက်တွင်း လူကြိုက်များပြီး ကျပ်သိန်း ၁၅၀ ထိ ဈေးမြင့် ခဲ့သော်လည်း နှစ်ရှည် အကြမ်းခံနိုင်မှု အားနည်းခြင်း၊ ပြည်တွင်း ကားဈေးနှုန်းများ ကျဆင်းလျက် ရှိခြင်းကြောင့် လက်ရှိတွင် ကျပ်သိန်း ၇၀ မှ ၈၀ အကြားတွင်သာ ရှိကြောင်း သိရသည်။
No comments:
Post a Comment