Monday, August 20, 2012

ဦးကျော်ငြိမ်း နှင့် ဦးနုတို့၏ ၁၉၅၆ ခုနှစ် ဇူလိုင်လအတွင်းက ပေးစာ နှင့် ပြန်စာ ၂ စောင်။

ဦးကျော်ငြိမ်း နှင့် ဦးနုတို့၏ ၁၉၅၆ ခုနှစ် ဇူလိုင်လအတွင်းက ပေးစာ နှင့် ပြန်စာ ၂ စောင်ကို ဆရာစိန်ဝင်းစိန် ဘာသာပြန်ဆိုသည့် ဦးနု (U Nu of Burma By Richard Butwell) စာအုပ်၏ စာမျက်နှာ ၂၉၅ - ၃၃၄ မှ ကူးတင် ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ စာအုပ်ကို လောကသစ်စာပေမှ ၂၀၁၂ မတ်လက ပထမအကြိမ် ထုတ်ဝေခဲ့သည်။ စာအုပ်တွင် နောက်ဆက်တွဲ (က) အနေဖြင့် ၃-၇-၁၉၅၆ နေ့စွဲဖြင့် ဦးကျော်ငြိမ်းမှ ဦးနုထံ ပေးစာ ၊ နောက်ဆက်တွဲ (ခ) အဖြစ် ၆-၇-၁၉၅၆ နေ့စွဲဖြင့် ဦးနုမှ ဦးကျော်ငြိမ်းသို့ ပြန်စာ ၊ နောက်ဆက်တွဲ (ဂ) အဖြစ် ဦးနုမှ ဗိုလ်ချုပ်နေ၀င်းသို့ ပေးစာ
၊ နောက်ဆက်တွဲ (ဃ) အဖြစ် ဗိုလ်ချုပ်နေ၀င်းမှ ဦးနုသို့ ပြန်စာ၊ စသည်ဖြင့် စာ ၄ စောင်ကို ဖော်ပြပေးထားပါသည်။
စာများသည် စိတ်ဝင်စားဖို့ ကောင်းသည်။  ပေးစာများမှ ထိုခေတ် ထိုကာလက နိုင်ငံတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ စိတ်တွင်း ခံစားချက်များ၊ သူတို့၏ ပတ်ဝန်းကျင် အခြေအနေများကို ဖတ်ရှုနိုင်သည်ဟု ထင်ပါသည်။ ထိုစာများအနက်မှ နောက်ဆက်တွဲ (က နှင့် ခ) ကို ရပ်ဝေး မိတ်ဆွေများအတွက် ယခုနေရာတွင် ဖော်ပြခွင့်ပြုပါရန် ဆရာစိန်ဝင်းစိန် ၊ လောကသစ်စာပေနှင့် အခြား စာအုပ်နှင့် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။ ပေးစာ ၂ စောင်နှင့် တွဲဖက်ဖတ်ရှုသင့်သည့် စာအုပ်များ နှင့် ဆောင်းပါးများလည်း များစွာ ရှိပါလိမ့်မည်။ လတ်တလော ညွန်းရ အဆင်ပြေသည့် သိန်းဖေမြင့် ၏ ကျော်ငြိမ်း စာအုပ်လင့် နှင့် ဘိုဘိုကျော်ငြိမ်း ၏ ဦးကျော်ငြိမ်းနဲ့ ၀န်ကြီးချုပ် ဦးနု ဆောင်းပါးလင့်များကို ဖော်ပြလိုက်ပါသည်။
 
သိန်းဖေမြင့် ၏ ကျော်ငြိမ်း   http://www.myanmarebooks.net/archives/2660

http://www.myanmarebooks.net/wp-content/uploads/2010/07/%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%BB%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%96%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%B7.pdf
ဦးကျော်ငြိမ်းနဲ့ ၀န်ကြီးချုပ် ဦးနု ၊ ဘိုဘိုကျော်ငြိမ်း
http://bokyawnyein.blogspot.sg/2007/11/blog-post_2600.html 

































From -မင်္ဂလာပါ ၀ဘ်ဆိုက်




No comments:

Post a Comment