Tuesday, August 28, 2012

ပူတာအိုမြို့ တွင်သံဃာတော် များဆန်မရောင်းပါနိုင်ငံပိုင် မီဒီယာဖြစ်သောကြေးမုံ သတင်းစာတွင်လွဲမှားစွာ ဖော်ပြ

ဖားကန့်မြို့နယ်သံဃာတော်များ၏ မဟာတဏ္ဌုလဒါန အလှူတော် အဖြစ် ဖားကန့်မြို့နယ်သံဃနာယကအဖွဲ့၏ စီမံမှုဖြင့်ဆန်းကြွယ် ဆရာတော်ဦးက၀ိသာရ(မဟာသဒ္ဓမ္မဇောတိကဓဇ) ဦးဆောင်သော သံဃာတော်များသည်
ဆန်ပြတ်လပ်မှုပြဿနာနှင့်ကြုံတွေ့နေရသော ကချင်ပြည်နယ် ပူတာအိုမြို့သို့သြဂုတ်လ (၂၄)မှ(၂၇)ရက်နေ့ ထိလေ ယာဉ်နှစ်စီးဖြင့်ဆန်အိတ်(၂၂၀)အိတ်၊သင်္ကန်းအစုံ(၉၀)၊ ငါးပိ၊ ငါးခြောက် ၊ဆေးဝါးစသည့်စားသောက်ဖွယ်ရာမျိုးစုံကို ကိုယ်တိုင် သွားရောက်လှူဒါန်း ဝေငှပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။
ထိုသို့လှူဒါန်းရာတွင်ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာပေါင်း(၂၅)ရွာ၊ဘုန်းတော်ကြီးကျောင်း(၃၂)ကျောင်း၊
သီလရှင်ကျောင်း(၁)ကျောင်း၊ဘကကျောင်း(၁)ကျောင်းရှိလူဦးရေစုစုပေါင်း (၆၃၂၇)ဦးထံသို့ကိုယ်တိုင် အခမဲ့ပေးဝေခဲ့ကြောင်း သိရှိရပါသည်။ လှူဒါန်းခဲ့သော ပစ္စည်းများ၏ ကာလတန်ဘိုးမှာ (၁၆၅)သိန်းဖြစ်ပါသည်၊လူတစ်ဦးလျှင်နို့ဆီဗူး(၅)ဗူး၊အချို့ခက်ခဲသောဒေသများတွင်နို့ဆီဗူး(၈)ဗူးပေးဝေ
ခဲ့ကြောင်းသိရှိရပါသည်။ယခုဆန်လှူဒါန်းမှုမှာယာယီဖြေရှင်းနိုင်သော်လည်းခက်ခဲနေဦးမှာဖြစ်ကြောင်း
ဆရာတော်မှရှင်းပြပါသည်။ထိုသို့ပေးလှူခဲ့ခြင်းအပေါ်နိုင်ငံပိုင်မီဒီယာဖြစ်သော၂၆.၈.၂၀၁၂ရက်နေ့ထုတ်ေ
ဝသောကြေးမုံသတင်းစာတွင်ဆန်အိတ်များကိုဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေပေးသွားမည်ဟု ရေးသားေ
ဖ်ာပြခဲ့ပါသည်။ထိုသို့ရောင်းချခြင်းသည် ပြည်နယ်အစိုးရနှင့်ဌာနဆိုင်ရာမှသာဖြစ်ပြီး သံဃာတော် များမှာအခမဲ့ ပေးဝေခဲ့ခြင်းဖြစ်ကြောင်းဆရာတော်မှ ပြောကြားခဲ့ပါသည်။ အလှူရှင်များသာဓုေ ခ်ါနိုင်ကြ ပါစေ..

No comments:

Post a Comment