Tuesday, August 28, 2012

၂၀၁၅ တွင် ရန်ကုန်မြို့၌ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ ၅ သန်းကျော်ရှိလာနိုင်သည်ဟုသိရ

ရန်ကုန်မြို့ ၂၀၁၅-၂၀၁၆ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေမှာ ၅   ဒသမ ၁ သန်းထိ တိုးမြှင့်လာနိုင်  မည်ဟု မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်း သင် တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးကျော်စိုးမှ ပြောကြားသည်။

မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ သည်လက်ရှိတွင် ရန်ကုန်မြို့၌ ၁ ဒသမ ၃၃ သန်းသာရှိသဖြင့် တိုး ချဲ့ရန် လိုအပ်နေမှုမှာ ၃ ဒသမ ၇ သန်းကျော်လိုအပ်လျက်ရှိသည်   ဟု သိရှိသည်။
“၂၀၁၅-၂၀၁၆ မှာ တယ်လီုဖုန်းသုံးစွဲမှုကို ၇၅ ရာခိုင်နှုန်း လောက်ရအောင်လုပ်မယ်၊ ရန်ကုန်  မှာ ပိုရအောင်လုပ်မယ်၊ မူဘောင် ထဲကနေ Tele Sector ကိုဖော်ထုတ်  ရမယ်၊ ပြည်သူလူထုက ဈေးနှုန်း  ချိုသာပြီး စိတ်ကြိုက်ဝယ်ယူလို့ရ ဖို့လိုအပ်တယ်၊ ဒါကို လိုက်နာ ဆောင်ရွက်ဖို့တာဝန်ရှိ တယ်” ဟု ကျောင်းအုပ်ကြီးဦးကျော်စိုးမှ ပြောသည်။
ဆက်သွယ်ရေးကဏ္ဍပိုမိုတိုး တက်စေရန် နိုင်ငံတကာဆက်သွယ်  ရေးကွန်ရက်တစ်ခုတည်ဆောက် ရန် လိုအပ်နေပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင်လည်း အခက် အခဲများရှိနိုင်ကြောင်း သိရသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီမှ အဖွဲ့ ၀င်ဦးသောင်းတင်က “ဖုန်းဈေးနှုန်း  တွေကို ငါးထောင်တို့ တစ်သောင်း  ဆိုသင့်တော်မယ်လို့ ပြောကြတယ်၊  အမှန်ကဘယ်ဈေးနှုန်းကမှ မသင့်  တော်ဘူး၊ ဆင်းမ်ကတ်လည်း အလကားဟန်းဆက်လည်းအလကား   ဖြစ်သင့်တယ် ဒါ national law ပဲ”ဟု သုံးသပ်သည်။

No comments:

Post a Comment