Wednesday, August 29, 2012

ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ အမှုဆာင် ဒါရိုက်တာ Dr. Babatunde Osotimehin ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲ တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ ၌ လက်ခံ တွေ့ ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မျိုးဆက်ပွား နှင့် သားဆက်ခြား ပညာ ပေးလုပ်ငန်းများ၊ မိခင်နှင့် ကလေး စောင့်ရှောက် ရေး လုပ်ငန်းများ၊ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အတူ ပြည်သူ့ လွှတ်တော် ကော်မတီ များမှ ကော်မတီ ဥက္ကဋ္ဌများ နှင့် လွှတ်တော်ရုံး မှ တာဝန် ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment