Wednesday, August 29, 2012

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၃၄)ရက်မြောက်နေ့ ဆက်လက် ကျင်းပ မေးခွန်းများကို ထိထိရောက်ရောက်မေးမြန်းရန်နှင့် ဖြေကြားသူများ ကလည်း တိကျ ရှင်းလင်းစွာဖြေကြားရန် လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၄) ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့ လွှတ်တော် ခန်းမ၌ ကျင်းပရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၁၅ ဦးတို့ တက်ရောက် ကြသည်။
အစည်းအဝေး၌ မေးခွန်း(၆)ခု မေးမြန်း ဖြေကြားခြင်း၊ လွှတ်တော် သို့ အသိပေး တင်ပြခြင်း နှင့် အဆို(၁)ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက် ကြသည်။
မေးခွန်း မေးမြန်း ဖြေကြားခြင်း ကဏ္ဍ၌ လွှတ်တော် ကိုယ်စားလှယ် (၂)ဦး၏ လယ်ယာ ကဏ္ဍ ဆိုင်ရာ မေးခွန်းများ နှင့် စပ်လျဉ်း၍ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်ဇော်က ပြန်လည် ဖြေကြားသည်။

No comments:

Post a Comment