Tuesday, August 28, 2012

တောင်ကိုရီးယား နိုင်ငံတောင်ပိုင်း မြေအောက် မီးရထားရုံတွင် မီးလောင်ကျွမ်း မှုဖြစ်ပွား


တောင် ကိုရီးယား နိုင်ငံ တောင်ပိုင်း  ဘူဆန်မြို့ရှိ မြေအောက် မီးရထား ဘူတာရုံ တစ်ခုတွင် မီး လောင် ကျွမ်း မှု ဖြစ်ပွားရာ လူ ၃ဝဦး ဒဏ်ရာ ရရှိကြောင်း YTN ရုပ်မြင်သံကြား သတင်းဌာနက သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်း မှုသည် ဒေတီ ဘူတာရုံ၌ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ၎င်းမီးကို မိနစ် ၂ဝ ကြာ ငြှိမ်းသတ် ခဲ့ရ ကြောင်း၊ မီးရထားဝန် ပြေးဆွဲမှု ခရီးစဉ်များကို ရပ်ဆိုင်းထား ခဲ့ရကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှု နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment