အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ နိုင်ငံတကာ
လေ့လာရေးဌာနက ကမကထ ပြုလုပ်တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးဆောင်မှု အစီအစဉ် အရ
ဆွေးနွေးဟောပြောပွဲ တခုကို ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ
ကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု အစီအစဉ်နဲ့ ပတ်သက်ပြီး ပါမောက္ခ ဖရန်စစ် ဖူကူးယားမားက နိုင်ငံတကာက နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေကို မြန်မာနို င်ငံနဲ့ နှိုင်းယှဉ်ပြီး ဆွေးနွေး ဟောပြောခဲ့ပါတယ်။
သုံးနာရီကြာ ပြုလုပ်တဲ့ ဒီကနေ့ ဟောပြောပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ လူမှုရေး အဖွဲ့အစည်း တချို့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
ဒီ အစီအစဉ်ကို ပါမောက္ခ Dr. Roger Leeds ၊ ပါမောက္ခ Dr. Karl Jackson ၊ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာဆက်အောင်နဲ့ မင်္ဂလာမြန်မာ လူမှုရေး အဖွဲ့က ဒေါ်ယူဇာမော်ထွန်းတို့က စီစဉ်ခဲ့တာ
ဖြစ်ပါတယ်။
အသံ ဖိုင် နားထောင်ရန် http://soundcloud.com/burmeserfa/fransci-fukuyama
From -RFA
No comments:
Post a Comment