Thursday, August 23, 2012

ကချင် စစ်ပြေးဒုက္ခသည် စခန်း ၂ခု က ဒုက္ခသည်တွေကို တရုတ်အစိုးရက ဆက်လက် နေထိုင်ခွင့် မပေးတော့တဲ့အတွက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ဘက်ကို ပြန်လာေ

တရုတ်နိုင်ငံ နောင်တောင်းမြို့နယ်မှာ ရှိတဲ့ ကချင် စစ်ပြေးဒုက္ခသည် စခန်း ၂ခု က ဒုက္ခသည်တွေကို တရုတ်အစိုးရက ဆက်လက် နေထိုင်ခွင့် မပေးတော့တဲ့အတွက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ဘက်ကို ပြန်လာနေ ကြပါတယ်။ ဒီနေ့မနက်က စပြီး ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ကချင်ပြည်နယ် မန်စီမြို့နယ် အင်ပါဘာ ဒေသ၊ KIO ထိန်းချုပ်နယ်မြေ အတွင်းက “လနသဂျာ” စခန်းနေရာကို ကားေ တွနဲ့ ရွြှေေ ပာင်း နေကြရပြီလို့ ဒုက္ခ သည်ေ တွကို အကူအညီပေးနေတဲ့ ကချင်အမျိုးသမီး တဦးက ပြောပါတယ်။



မြန်မာ နိုင်ငံဘက်မှာ ဒုက္ခသည်တွေရဲ့ လတ်တလော စားဝတ်နေရေး အတွက် WPN ကချင်အမျိုးသမီး အဖွဲ့နဲ့ KMSS ကရုဏာ ဖောင်ဒေးရှင်း အဖွဲ့က အကူအညီပေးဖို့ ပြင်ဆင်နေပါတယ်။

မိုးတွင်းကာလမှာ နေရာ ရွှေပြောင်းရတာကြောင့် ဖျားနာတဲ့သူ များနေပြီး သူတို့အတွက် ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ် လို့လည်း ပြောပါတယ်။

ဒီကနေ့ ပြန်လာကြတဲ့ ဒုက္ခသည်အများစုဟာ ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း ကျေးရွာတွေက ဖြစ်ကြပါတယ်။

KIO နဲ့ အစိုးရတပ်တွေ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် တွေအတွက် တရုတ်နိုင်ငံ ဘက်ခြမ်းမှာ ဒုက္ခသည်စခန်း ၆ ခု ရှိနေပါတယ်။

ဒီကနေ့ စခန်း၂ခုက ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်သွားတာကြောင့် နောက်ထပ် စခန်း ၄ ခု မှာ ဒုက္ခသည် ၃ ထောင်ကျော် ကျန်ရှိနေသေး တယ်လို့လည်း သိရပါတယ်။
 
From -RFA

No comments:

Post a Comment