From- မြန်မာ့တိုင်း(မ်)
မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်
ကြီး၊ တပ်မတော်ဖခင်ကြီး၊ စစ်သေနာ
ပတိ၊ စစ်ဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားကြီး
ရိုက်ကူးဖို့ အတွက် မကြာခင်က သရုပ်ဆောင်တွေ ကိုနောက်ဆုံးရွေးချယ်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေရာအတွက် နှစ်ယောက် ၊
ဒေါ်ခင်ကြည်နေရာအတွက် နှစ်ယောက်၊ နောက်ဆုံး ဆန်ခါတင် ရွေးချယ်ခဲ့ကြပါတယ်။၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်
နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မှာမို့ သုံးနှစ်အတွင်း
အချိန်မီ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့
အကြံဉာဏ်တွေ၊ အကူ
အညီတွေယူပြီးရိုက်ကူးမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လာရင် လူတွေရဲ့စိတ်ထဲမှာ တအုံနွေးနွေး
တော့ ရှိနေကြတယ်ဗျ။ အခွင့်မသာလို့
သာ ရှိချင်ရှိမယ်၊ အခွင့်သာတာနဲ့ ပြောကြ
မယ်ဆိုတာ ကျုပ်ထင်ထားတယ်။
ထင်တဲ့
အတိုင်းပဲ ဖြစ်လာကြတော့ ကျုပ်ဝမ်း သာတာပေါ့ဗျာ။ ကျုပ်က ဗိုလ်ချုပ်အောင်ဆန်းကို မူလတန်းကျောင်းသား ဘ၀ကတည်း က လေးစားလာတာလေ။
ဪ ကျောင်းပြေးရင်တောင် အာဇာနည်ကုန်း၊ ဗိုလ်ချုပ်အုတ်ဂူနံဘေးမှာ သွားသွားထိုင်တာ။ ဗိုလ်ချုပ် အကြောင်း၊
မိသားစုအကြောင်း အမြဲလေ့လာတယ်။
ကျန်ရစ်သူမိသားစုတွေက ဘယ်မှာနေတယ်၊ သားသမီးတွေက ဘယ်ရောက်နေ
တယ်ကအစ ကျုပ်က မှတ်သားလေ့လာတယ်။
တက္ကသိုလ်ရိပ်သာလမ်း အမှတ်
(၅၄-၅၆) ခြံကြီးထဲမှာ ဗိုလ်ချုပ်ကတော်
ဒေါ်ခင်ကြည်နေတာ သိထားတော့ အဲဒီခြံရှေ့ဖြတ်သွားတိုင်း ဦးညွှတ်ပြီး
အလေးပြုလေ့ရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀
ကျော်လောက်ကတည်းက ဆိုပါတော့ဗျာ။ တစ်နှစ် တစ်ခါ အာဇာနည်နေ့ ရောက်တိုင်း
ဒေါ်ခင်ကြည် လွမ်းသူ့ ပန်းခွေချနေတဲ့ပုံ၊ မြို့တော်ခန်းမမှာ
ရေစက်ချနေတဲ့ပုံ၊ အုတ်ဂူပေါ်မှာ သမီးအောင်ဆန်းစုကြည် ရဲ့
လွမ်းသူ့ပန်းခြင်းပုံ တွေဆို သတင်းစာထဲကဖြတ်ပြီး သိမ်းထားတတ်တာ
ကျုပ်အကျင့်။
တစ်ခါ တစ်လေ သမီး အောင်ဆန်းစုကြည် ကိုယ်တိုင်လာပြီး
လွမ်းသူ့ပန်းခြင်းချတာ ရှိခဲ့ပါတယ်။ အဲဒီနှစ်ဆို အထူးခြားဆုံး ပေါ့ဗျာ။
ကျုပ်က ဗိုလ်ချုပ်မိသားစုကို အဲဒီအချိန်ကတည်းက လေးစား
ကြည်ညိုသူတစ်ယောက်ပေါ့။
၁၉၆၉-၇၀ လောက်က သတင်းစာထဲမှာ ပုံလေးတစ်ပုံပါလာတယ်။ နယူးယော့ခ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
ဦးသန့်ရဲ့နေအိမ် မှာ ဦးသန့်မြေးမကလေး ခင်လေးမြင့်ဦး မွေးနေ့မှာ ဗိုလ်ချုပ်
အောင်ဆန်းသမီး အစ်မ ဒေါ်အောင်ဆန်းစုကြည်က ခင်လေးမြင့်ဦးကို ချီပိုးနေတဲ့ပုံ။ ဘေးမှာက ဦးသန့်ရဲ့သမီး
ဒေါ်အေးအေးသန့်ရယ်၊ အဆိုတော်ကြီး ဘိလပ်ပြန်သန်းရယ် ရှိနေတဲ့ပုံ။ အဲဒီပုံကို သတင်းစာ ထဲကဖြတ်ပြီး ကျုပ်က သိမ်းထားတာပေါ့။
၂၅ နှစ်ကြာ ၁၉၉၅ မှာ အစ်မ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ကျုပ်က
ထမင်းဟင်းချက်ရတော့ အစ်မကို ပြမိတယ်။ အစ်မက အံ့ဩ သွားတယ်။ အစ်မက "နေဦး၊
အစ်မမှာ မူရင်းရှိတယ်" ဆိုပြီး အပေါ်ထပ်တက်သွားတယ်။ မူရင်းပုံအရွယ်အစားက
ရှစ်လက်မ x ခြောက်လက်မလောက် ရှိတယ်။ ဒီပုံကို
အစ်မက ကျုပ်ကို အမှတ်တရပေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မကောင်းပြောတဲ့ သူ၊ ဗိုလ်ချုပ်အောင်ဆန်း
မိသားစုအကြောင်း မကောင်းပြော
တဲ့သူဆို အပေါင်းအသင်း မလုပ်ဘူး။ ကောင်းကြောင်း ပြောတဲ့သူတွေဆို ကျုပ်က
ပေါင်းတယ်၊ ခင်တယ်။ အဲဒါ ကျုပ် စိတ်ဓာတ်။ ပဋ္ဌာန်းဆက် တွေများ ပါလားတော့
မသိဘူး၊ အဖမ်းခံရတော့လည်း ဗိုလ်ချုပ်အောင်ဆန်း မိသားစုအိမ်မှာ အဖမ်းခံရတယ်။
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ
၂၀ ရက်၊ အစ်မက ၁၀(ခ) နေအိမ် အကျယ်ချုပ်၊ ကျုပ်တို့က ၁၀(က) အင်းစိန်မှာ
သုံးနှစ်အထိနေရမယ့် ပုဒ်မ၊ ခြောက်လတစ်ကြိမ် ရမန်ယူတယ်။ (နောက်တော့
ငါးနှစ်ဆိုပြီး ပြောင်းသွားတယ်)။ အစ်မကတော့ ခြောက်နှစ်ပြည့်
ဖို့ ၁၀ ရက်အလို ၁၉၉၅ ဇူလိုင်လ ၁၀ ရက်နေ့မှာ အကျယ်ချုပ်က လွတ်မြောက်
လာတယ်။
ကျုပ်တို့ အစ်မဆီ ပြန်သွားတယ်။
ကျုပ်တို့အုပ်စုဆိုတာက အယောက် ၃၀ လောက်ရှိတယ်။ အစ်မဆီ ပြန်သွားတာက
အစ်မနဲ့ အမျိုး တော်တဲ့ ကိုအောင်ကျော်ဦးရယ်၊ ကိုမော်မင်းလွင်ရယ်၊
ကိုအောင်ကြီးလွင်ရယ်၊ ကျုပ်ရယ် ပြန်သွားကြတယ်။ မာရီယာလေးက
ခြောက်နှစ်လုံးလုံး ပင်ပန်းနေတော့ သူ့ကို အစ်မက အနားပေးချင်တယ်။
ကျုပ်ကို မီးဖိုချောင်ကို တာဝန်ယူဖို့ ပြောတယ်။ မီးဖိုချောင်မှာ
အစ်မအတွက် တာဝန်ယူရတယ်။ ပဋ္ဌာန်းဆက်တွေပေါ့ဗျာ။ ကျုပ်က
လည်း အချက်အပြုတ် ၀ါသနာပါတော့ အံကိုက်ပဲ။ အစ်မက မစားတဲ့အသားက
လွဲလို့ ဘာချက်ကျွေးကျွေး အကုန်စားတယ်။ အစ်မက အစားအသောက်ကို
ဆင်ခြင်စားတယ်။ အသီးအရွက်ဓာတ်က ဘယ်လောက်၊ အသားဓာတ်က ဘယ်လောက်၊ ကစီဓာတ်က ဘယ်
လောက်ဆိုပြီး ကယ်လိုရီဓာတ်ပါအောင်
စားတာ။
ကျုပ်တို့လို တ၀တပြဲစားတာ မဟုတ်ဘူး။ ကျန်းမာရေးနဲ့ညီညွတ်
အောင် စားသုံးတာဗျ။ အဲဒီတော့ ဘာရောဂါမှ မရှိဘူး၊ မဖြစ်ဘူး။ တကယ် စံနမူနာယူသင့်တယ်။ ဆီများများ မစားတတ်ဘူး။ အငန်ဓာတ် လျှော့စားတယ်။
အချိုမှုန့် မစားတတ်ဘူး။ ကျုပ်တို့ကို အချို
မှုန့်မစားဖို့ အမြဲပြောတယ်။ စည်းကမ်း လုပ်ထားတယ်။ ဆီစားတာဆိုလို့ ငါးရဲ့ အဆီတော့ စားတယ်ဗျ။ အိုမီဂါသရီး ပေါ့ဗျာ။
ငါးမြင်းဗိုက်သားက အဆီများတော့၊ အဲဒါတော့ အမြဲချက်တမ်း ချက်ချက်ပေးတယ်။ ငါးမြင်းဗိုက်သားက
လည်း ဈေးကြီးသလား မမေးနဲ့၊ ရှားလည်း
ရှားတယ်လေ။ လေးလက်မပတ်လည် အသားတုံးတစ်တုံးဆို အစ်မအတွက်
အနေတော်ပဲ။
ငါးမြင်းဗိုက်သားကလည်း ငါးကျပ်သား၊ တစ်ဆယ်သား ၀ယ်လို့မရ
ဘူးဗျ။ အနည်းဆုံး အစိတ်သား၊ သုံးဆယ်သားလောက် ၀ယ်မှ ရောင်းချင်ကြတာ။
ဒါတောင် ကျုပ်ဆို မျက်မှန်းတန်းမိနေလို့ ရောင်းတာ။ တစ်ခါတလေ သူတို့ခုတ်ပြီးသား အရှိအတိုင်း ရောင်းချင် ကြတာ။
ကျုပ်ကလည်း အစ်မစားနေကျ အနေတော် ဘယ်နှတုံးရမလဲ တွက်ပြီး ၀ယ်တာ။ အဆစ်ပေးတာ၊ ပိုပေးတာ လက်မခံဘူး။ အစ်မ အတွက် အတိအကျပဲ။ တစ်ခါ
စားဖို့အတွက်ကတော့ ၀ယ်လို့မရဘူး။
နှစ်ခါစားဝယ်မှ သူတို့အတွက် အဆင်ပြေတယ်။ ရောင်းသူ ကျေနပ်မှု ရှိအောင်လည်း ၀ယ်ရတာပေါ့ဗျာ။
အသီးအရွက်
တစ်မျိုးမျိုးကတော့ မပါမဖြစ် ၀ယ်ရတယ်။ ပြုတ်ပေးရတဲ့အခါရှိသလို
သုပ်ပေးရတာလည်း ရှိတာပေါ့။ ဆဲလက်ဒ် သဘောပေါ့ဗျာ။ ဒါကြောင့် အစ်မကို
ကြည့်လိုက်ရင် ပိန်လည်းမပိန်ဘူး၊ ၀လည်း မ၀ဘူး။ ဒီအတိုင်းက ဒီအတိုင်းပဲ။
တချို့တွေပြောတာ ကျုပ်ကြားပါ တယ်။ ဒေါ်စုက ပိန်တယ်၊ အန်တီစုက ပိန်သွားတယ်နဲ့ ပြောကြတာလေ။ ကျုပ် ပြုံးမိတယ်၊ အမျိုးသမီးတွေ အဆီချရတဲ့
အလုပ်၊ ကိုယ်ကာယသင်တန်း သွားရတဲ့
အလုပ်၊ မနက်စောစော လမ်းလျှောက်
ရတဲ့အလုပ်တွေ မလုပ်ချင်ဘူးဆိုရင် ဒေါ်စု စားပုံစားနည်းအတိုင်း၊ ပြုမူပုံအတိုင်း နေကြည့်ပါလားလို့ အကြံပေး
ပါရစေ။
တကယ်ပြောတာပါ။ ဒေါ်စုက
ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်တာဗျ။ ဘာရောဂါမှ မရှိဘူး။
ကျုပ်ဆို ဘယ်တော့မှ ပြောစကား နားထောင်တဲ့လူမဟုတ်ဘူး။ အစားအသောက်၊ အနေအထိုင် မဆင်ခြင်ဘူး။
ဟော အခု အစားအသောက် ဆင်ခြင် လာတယ်။ အဆီလျှော့စားတယ်။ အငန်
လျှော့စားတယ်။ (သွေးတိုးလာလို့)။ ငါး အစား များလာတယ်။ ငါးဗိုက်သား အဆီတွေ
မကြိုက်ပေမယ့် ဆေးအမှတ်
နဲ့ မျိုချပြီးစားတယ်။ အသီးအရွက် တစ်ခုခုပါအောင် နေ့တိုင်း စားတယ်။
အစ်မစကားနားထောင်ပြီး၊ အတုခိုးပြီး လိုက်စားတော့ ကျန်းမာရေးနဲ့ညီညွတ်
လာတယ်လို့ ထင်ရတာပဲ။
သားကြီးတွေ စားချင်စိတ် မရှိတော့ဘူး။ အဲဒါ အစ်မပြောတဲ့ ကျေးဇူးတွေပါပဲ။ (ဒါပဲ နား ထောင်တာပါ။ ကျန်တာက နေချင်သလို
နေပါတယ်)။
အစ်မဖေဖေ အတ္ထုပ္ပတ္တိအကြောင်း ဇာတ်ကားရိုက်ကူးတဲ့အကြောင်း ပြောမလို့ဟာ စကားတွေက ဆက်သွားတယ်။
ဆောရီးဗျာ။
အဲဒီဇာတ်ကားရိုက်ဖြစ်ဖို့ အဓိကပုဂ္ဂိုလ်က ဘယ်သူလဲသိလား။
ခေါင်းတုံးကြီးဗျ။ ဘယ်တုန်းကတည်းက
စီစဉ်နေလည်းတော့ မသိဘူး၊ ကျုပ်နဲ့ တွေ့ချိန် ၂၀၀၆ လောက်လို့ထင်တယ်။
ကျုပ်မိတ်ဆွေ ဦးမြင့်သိန်းအိမ်မှာ (သူက
မွန်ပြည်နယ်က ၁၉၉၀ ပြည့်နှစ် လွှတ်တော်
ကိုယ်စားလှယ်တစ်ဦး၊ အစ်မရဲ့မိတ်ဆွေလည်း ဖြစ်ပါတယ်)
ခေါင်းတုံးကြီးနဲ့တွေ့တယ်။ ခေါင်းတုံးကြီးက တစ်ချိန်ကျရင် ဗိုလ်ချုပ်
အတ္ထုပ္ပတ္တိ ဇာတ်ကားရိုက်မယ်။
ဒီမှာမရရင် နိုင်ငံခြားမှာရိုက်မယ်။ သူ ဇာတ်ညွှန်းတွေခွဲထားတယ်လို့
ပြောတယ်။ အစ်မဖေဖေနဲ့ ပတ်သက်ပြီး
လေးစားလွန်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲ ဆိုတာသိတော့
ဦးမြင့်သိန်းကိုကျွေးဖို့ ယူလာတဲ့မုန့်ကို ဦးမြင့်သိန်းတစ်ဝက်၊ သူ့တစ်ဝက်
ကျွေးလိုက်တယ်။
ဦးမြင့်သိန်းက "ခေါင်းတုံးကြီး၊ ဒီမုန့် က နှယ်နှယ်ရရမုန့်မဟုတ်ဘူး။
အန်တီစု
လုပ်တဲ့မုန့်ဗျ " လို့ ပြောတော့ အံ့ဩသွားတယ်။
ဘယ်လိုလဲ မေးတော့ ကျုပ်က ရှင်းပြရတယ်။ အစ်မက မုန့်လုပ်စားတတ်တယ်။
ကျုပ်ကို အမြဲပေးတယ်။ ကျုပ်က
အားနာတယ်၊ အစ်မပဲ စားစေချင်တယ်၊
မယူပါရစေနဲ့ပြောတာ မရဘူး။ သူ့ လက်ရာကို စားစေချင်တယ်။ ပေးပြီးတာကို
မယူရင် ပေးချင်တဲ့သူ ပေးနိုင်တယ်လို့ အမြဲပြောတော့ ကျုပ်နည်းနည်းပဲ
မြည်းပြီး ရင်းနှီးတဲ့သူတွေကို ပေးတတ်တယ်။
ဦးမြင့်သိန်းကို လာကျွေးတော့ ခေါင်းတုံးကြီးလည်း ကြုံကြိုက်
သွားတာပေါ့ဗျာ။ ခေါင်းတုံးကြီး အစ်မလက်ရာမုန့် စားဖူးသွားတာ ပေါ့ဗျာ။
ကျုပ်ကတော့ အမှတ်တမဲ့ပါပဲ။ ဒါပေမယ့် ဒါကို
ခေါင်းတုံးကြီးက မှတ်ထားတယ်ဗျ။
သူ မြစ်ကြီးနားက ပြန်လာတော့ လူတွေက ၀ိုင်းမေးကြတာပေါ့။ ဘာဆန္ဒအရှိဆုံးလည်း မေးတော့ ခေါင်းတုံးကြီး ပြန်ပြောလိုက်တာ က
" အန်တီ့လက်ရာ ပီဇာမုန့်စားချင်တယ်" တဲ့။ ကျုပ် အံ့ဩသွားတယ်။ ခေါင်းတုံးကြီးက မှတ်ထားတာပဲ။ (အဲဒီ
အဓိပ္ပာယ်ကို ကျုပ်က လွဲလို့ ဘယ်သူမှ မသိနိုင်ဘူး။ ဦးမြင့်သိန်းကလည်း ကွယ်လွန်သွားပြီ။
ဂျာနယ်ဖတ်ရင်းနဲ့ ကျုပ် ပြုံးမိတယ်။ ခေါင်းတုံးကြီးဟာ ကျုပ် အစ်မအပေါ်မှာ
ကျုပ်လိုပဲ လေးစားတဲ့
သူတစ်ယောက်လို့ သိထား မိပါတယ်)။
သူ့လိုပဲ လေးစားဖို့ကောင်းတဲ့သူ တစ်ယောက် ရှိသေးတယ်။ ကိုမောင် ပေါ့ဗျာ။
ခေါင်းတုံးကြီးအမေ ဆုံးတုန်း ကရယ်၊ ခေါင်းတုံးကြီးအဖေ ဆုံးတုန်း ကရယ်၊
အစ်မက ပန်းခြင်းပို့ခိုင်းတယ်ဗျ။ ဆရာတင်မျိုးဝင်းက စီစဉ်ပေးတယ်။ ကျုပ်က
ကိုယ်တိုင် ပို့ပေး ရတာပေါ့။
ပန်းခြင်းရယ်၊ ပန်းခြင်းမှာရေးတဲ့စာသား
ရယ်က ကျုပ်စီစဉ်ရတာ။ ခေါင်းတုံးကြီးက မရှိတော့ ကိုမောင်က
အသုဘရှင်ပေါ့ဗျာ။ (ကိုမောင်က တကယ်ပဲ ခေါင်းတုံး
ကြီးအတွက် တာဝန်ကျေပွန်ခဲ့ရှာပါတယ်။) ကျုပ်ကလည်း ကိုမောင့်လက်ထဲပဲ
အပ်ရတာပေါ့။ ကိုမောင်ကလည်း ဂရုတစိုက်နဲ့ တာဝန်ကျေပွန်ရှာပါတယ်။
ခေါင်းတုံးကြီးကတော့ ဒါတွေဘယ်သိရှာ
ပါ့မလဲ။ (ကျုပ်ကလည်း လုပ်စရာရှိရင် သိုသိုသိပ်သိပ်နဲ့ လူမသိ သူမသိလုပ်
တတ်တယ်) ခေါင်းတုံးကြီးကလည်း သူသိတာ ပီဇာမုန့်စားချင်တာပဲ ပြောနေတယ်။
သွေ့ခြောက်နေတဲ့ ပန်းခြင်းလေးကို သိမ်းထားတာ သူ မသိဘူး။ ကိုမောင်
ကလည်း အမှတ်တရကို သိမ်းထားပြီး အမှတ်တရကို ဖြစ်စေချင်တာ။ ဒါနဲ့
မအောင့်နိုင်တော့ (ပန်းခြင်းလေးကို ကာယကံရှင် လာယူပါဆိုပြီး
ဆောင်းပါးရေးတယ်။ ခေါင်းတုံးကြီး သိလား တော့ မသိဘူး) ဆောင်းပါးဖတ်မိတော့
ကျုပ်က
ရိပ်မိတယ်။ (တန်ဖိုးတစ်ခုကို တန်ဖိုးထား
တတ်သူတွေပဲ နားလည်တယ် ဆိုတာ ကျုပ် သိသွားမိတယ်။ ကိုမောင့်ကိုလည်း
လေးစားမိတယ်ဗျာ) ပဋ္ဌာန်းဆက်တွေပဲ
ပေါ့ဗျာ။
ဒီလိုနဲ့ အစ်မနဲ့ ခေါင်းတုံးကြီးတွေ့တော့ ခေါင်းတုံးကြီးက
ပြောပြမှာပေါ့။ သူ့စိတ်ကူးတွေ၊ အစ်မစိတ်ကူးတွေနဲ့ လည်း တူသွားမှာပါ။
မကြာခင်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ
ရုပ်ရှင်ရိုက်ကူးဖို့အကြောင်းတွေ မီဒီယာမှာ ပါလာတယ်။ ကျုပ်
ဝမ်းသာလိုက်တာဗျာ။ ဦးမြင့်သိန်းသာရှိရင် ဘယ်လောက် ကောင်းမလဲလို့
သတိရမိပါတယ်။ (ဒါ လည်း ပဋ္ဌာန်းဆက်တွေပဲနေမှာပါ
နော့)။
နောက်ပိုင်း ခေါင်းတုံးကြီးနဲ့အဖွဲ့တွေ
အစ်မနဲ့တွေ့ဆုံပြီး ကော်မတီတွေဖွဲ့၊ အစည်းအဝေးတွေထိုင်၊ ရုံးခန်းတွေဖွင့်နဲ့ အကောင်အထည် ပေါ်လာကြတာ ၀မ်းသာစရာပါပဲ။ အစ်မဖေဖေဇာတ်ရုပ်
နေရာအတွက် သရုပ်ဆောင်တွေခေါ်၊ ပဏာမ ရွေးချယ်မှု တွေ လုပ်နေစဉ်မှာ ဧပြီလလယ်လောက်ထင်တယ်၊ ရွှေဂုံ
တိုင် ၉၇ ဘီရှေ့မှာ ရှေးခေတ်က ကျုပ်တို့
အမေတွေ ၀တ်တဲ့ အင်္ကျီပုံစံ အတိုင်း ၀တ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို
တွေ့တယ်။
အစ်မမေမေမျက်နှာကျပုံစံ
အတိုင်း အစ်မမေမေနဲ့ အရမ်းတူတဲ့ မိန်းကလေးပါပဲ။ ဒါနဲ့ ကျုပ်လည်းမနေ
နိုင်ဘူး။ သူနဲ့ပါလာတဲ့ လူတစ်ယောက်ကို မိတ်ဖွဲ့ပြီး အဲဒီမိန်းကလေးဟာ
ဒေါ်ခင်ကြည်နဲ့ တစ်ပုံစံတည်းပဲ။ ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်ရွေးပွဲ
ဝင်လျှောက် ပါလားလို့ ပြောမိတယ်။ သူက ကျွန်တော်လည်း ဒါရိုက်တာ သင်တန်းဆင်း
တစ်ယောက်ပါ။ ဒီ
မိန်းကလေးကလည်း ၀ါသနာပါနေတယ်။ ဒါကြောင့် ဒီကိုလာတာပါ ပြောတယ်။
ဒါနဲ့ အဲဒီမိန်းကလေးပါခေါ်ပြီး ကျုပ်တို့သုံးယောက် စကားပြောကြတယ်။
ဒေါ်ခင်ကြည်နေရာအတွက် လျှောက်လွှာတင်ပါ။ ၀ိဇယ မီးပွိုင့်နားမှာ
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီရုံးခန်း ရှိပါတယ်။
သွားလျှောက်ပါ ပြောမိတယ်။ နာမည်မေးတော့ အမှတ်(၂)၊ ကိုးဆူကျောင်းလမ်း၊
ပုသိမ်မှာ နေပါတယ်။ အသက်က ၂၉ နှစ်၊ ဆရာမလုပ်ပါတယ်။ လောလောဆယ် ကန်တော်လေး
ဦးဖိုးကျားလမ်းမှာ
တည်းပါတယ်လို့ ပြောပြတယ်။
ကျုပ် ကလည်း စာရွက်နဲ့ လိုက်ရေးမှတ်ထား လိုက်တယ်။
အဲဒီအချိန်က ခေါင်းတုံးကြီး နိုင်ငံခြား
သွားနေတယ်။ ကျုပ်နဲ့လည်းခင်တဲ့ ညီငယ် အောင်ထွန်းကို "အောင်ထွန်းရေ၊ မဇာခြည်လင်းဆိုတာ လာလိမ့်မယ်။
မင်းတို့နေရာ ငါ ညွှန်ပြထားတယ်။ ဒေါ်ခင်ကြည်နဲ့ အရမ်းတူတယ်" လို့ ပြောပြထားတယ်။
နောက်တစ်ခါ အောင်ထွန်း
နဲ့တွေ့တော့ အစ်ကိုပြောတဲ့ မဇာခြည်လင်း လာလျှောက်တယ်။ တော်တော်တူ
တယ်ဗျာ။ သူပဲ ရလိမ့်မယ် လို့ ထင်တယ်လို့ ကျုပ်ကိုပြောသွားတယ်။
၂၀-၇-၂၀၁၂ နေ့မှာ အစ်မရှေ့မှာ အစစ်ခံနေတာတွေ၊ ကော်မတီလူကြီး တွေကလည်း
အံ့ဩ ရယ်မောနေတာတွေ တွေ့ရတော့ သူပဲရမှာပဲလို့ ထင်မိ တယ်။
၂၅-၇-၂၀၁၂ နေ့ သတင်းစာထဲမှာ ကြေညာတော့ သူက နံပါတ်(၁)ဖြစ်နေ တယ်။
ကျုပ်ထင်တဲ့အတိုင်း ကွက်တိကို ဖြစ်နေတာပဲ။ ဒါလည်း ပဋ္ဌာန်းဆက် ပါတယ်ဆို့
ပြောနိုင်ပါတယ်နော့။
No comments:
Post a Comment