Thursday, August 9, 2012

အွန်လိုင်းငွေပေးချေမှုစနစ်ကို စတင်အသုံးပြုနိုင်တော့မည်

From - မြန်မာ့တိုင်း(မ်)

အွန်လိုင်းငွေပေးချေမှု စနစ်တစ်ခုဖြစ် သည့် MyanPay စနစ်အား Beta Version အဖြစ် လွှင့်တင်ထားရာမှ ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်ခါ  Full Version ကို အသုံးပြုနိုင်ေ တာ့မည်ဖြစ် ကြောင်း  သိရသည်။"ကျွန်ေ တာ် တို့ Myan Pay ကို အဆင့် သုံးဆင့်ခွဲပြီး လွှင့်တင်မှာပါ။ပထမ အဆင့်အနေနဲ့ အခုလက်ရှိ စမ်းသပ်သုံးစွဲ နေတဲ့သူတွေအတွက်ရော၊ Developer တွေအတွက်ပါ Virtual Money တွေနဲ့ ဆက်လက် သုံးစွဲနိုင်ဖို့အတွက်  MyanPay Virtual Box ကို ဩဂုတ်လ ၁ ရက်နေ့မှာ  လွှင့်တင်ပေးပ့ါမယ်။လိပ်စာ ကတော့ www.myanpay-virtualbox.com ပါ။အဲဒီ ၀က်ဘ် ဆိုက်မှာ Developer တွေအနေနဲ့ VirtualMoney  ကို
ဆက်လက် စမ်းသပ် သုံးစွဲနိုင်ပါတယ်။"ဒုတိယအဆင့်အနေနဲ့ MyanPay VirtualBox ထုတ်ပြီးတဲ့ ဩဂုတ်လ ၁ ရက်နေ့ကနေစပြီးတော့ www.myanpay.com.mm ကို ခေတ္တရပ်ဆိုင်း ထားပါမယ်။
အဲဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ရဲ့ MyanPay Server ကို Hardware ပိုင်းရော၊ Software ပိုင်းပါ အဆင့်မြှင့်တင်မှုလုပ်ပါမယ်။
အဲဒီရက်ပိုင်းမှာ စမ်းသပ်သုံးစွဲသူတွေ အနေနဲ့ www.myanpay-virtualbox.com မှာ သွားရောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
တတိယအဆင့်အနေနဲ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ ကျွန်တော်တို့ရဲ့ MyanPay ကို အမှန်တကယ် စတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
အဲဒီနောက် ပိုင်းမှာ ပြညေဏပေ ကို အသုံးပြုသူ တွေက MyanPay က သတ်မှတ်ထား တဲ့ နည်းလမ်းတွေအတိုင်း အွန်လိုင်းက နေ ငွေပေးချေမှု လုပ်ငန်းစဉ်တွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်"ဟု Myanmar Soft-Gate Technology မှ ကိုရန် နောင်စိုးက ပြောသည်။
MyanPay ကို မတ်လ ၁၂ ရက် နေ့မှစတင်၍ Beta Version အဖြစ် လွှင့်တင်ခဲ့ပြီး စမ်းသပ်ကာလ ငါးလ အပြီးတွင် Full Version သို့ ပြောင်းလဲ ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ စမ်းသပ် အသုံးပြုနေသူ ၂,၅၀၀ ကျော်ရှိကြောင်း သိရသည်။

No comments:

Post a Comment